သံဖြူဇရပ်မြို့နယ်တွင် ခိုးဝင်ဘင်္ဂါလီ ၁၁၇ ဉီး ဖမ်းဆီးရမိ

Views


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် မနက် ၈ နာရီကျော်တွင် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ၌ တရားမဝင် ခိုးဝင်ဘင်္ဂါလီများ ရောက်ရှိနေကြောင်းသတင်းအရ ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေခဲ့ရာ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာအနီးရှိ ရာဘာခြံတွင် ဘင်္ဂါလီ လူမျိုး ကျား (၅၉)ဦး၊ မ(၅၈)ဦး၊ ပေါင်း (၁၁၇) ဦးတို့အား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့။
-
အဆိုပါသူများအား သံဖြူဇရပ်မြို့ စက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမသို့ ခေါ်ဆောင်ထိန်းသိမ်း ထားရှိပြီး လိုအပ်သည့်စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Saw Ba Maung

Post a Comment

Previous Post Next Post