မီးဘေးသင့်ပြည်သူများအား အလှူငွေနှင့် ပစ္စည်းများ ဆက်လက်ထောက်ပံ့

Views


မနေ့က အခင်းဖြစ်ပွားမှုကြောင့် ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာရှိ မီးဘေးသင့် နေအိမ်(၂၈)အိမ်မှ လူဦးရေ (၉၈) ဦးတို့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများသည် ဇန် ၂၂ ရက်(ယနေ့)နံနက် ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည် -


(ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ)

(၁) ခြုံစောင်- ၅၆ ထည်

(၂) အိပ်ယာခင်း - ၅၆ ထည်

(၃) ခေါင်းအုံး - ၅၆ လုံး

(၄) အနွေးထည် - ၉၈ ထည်

(၅) ရှပ်အင်္ကျီ - ၉၈ ထည်

(၆) သွပ်ပြား - ၂၅၂၀ ချပ်

(၇) သံ - ၈၄ ပိဿာ

(၈) ထောက်ပံ့ငွေကျပ် - ၈၄ သိန်း


(ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ)

- ပစ္စည်း ၂၂ မျိုးပါပုံး - ၂၈ ပုံး


(ကြက်ခြေနီအဖွဲ့မှ)

(၁) ခြုံစောင် - ၆၀ ထည်

(၂) မိုးကာတဲ - ၆၀ လုံး

(၃) မီးဖိုချောင်သုံးပစ္စည်းမျိုးစုံ - ၃၀ ပုံး

(၄) တစ်ကိုယ်ရေသုံးပစ္စည်းမျိုးစုံ - ၃၀ ပုံး

(၅) ခြင်ထောင် - ၃၀ လုံး

တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


-

ပြည်သူများကိုယ်စား တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ။။။




KT

Post a Comment

Previous Post Next Post