ချောင်းနှစ်ခွက သတင်းအမှား

Views


ချောင်းနှစ်ခွကို တပ်ကပြန်သိမ်းပိုက်ပြီးတဲ့အချိန် ကရင်မီဒီညာက တပ်လုံခြုံရေးအဖွဲ့ဝင်တွေကို မဟုတ်မမှန် သတင်းတွေနဲ့ အပုပ်ချပြောဆိုနေတာတွေ့ရတယ်..



ချောင်းနှစ်ခွမှာ တပ်လုံခြုံရေးအဖွဲ့က နေအိမ်တွေဖောက်ပြီး ပစ္စည်းတွေခိုးယူ၊ မီးရှို့အစဖျောက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ချောင်းနှစ်ခွမှာ တပ်ကအထိုင်ချထားတဲ့အတွက် ဒေသခံတွေ နေရပ်မပြန်ရဲသလို စပါးမရိတ် ကြရဘူးဆိုတဲ့ သတင်းတွေကို လွှင့်လာပါတယ်..



ပထမသတင်းကတော့ ရှင်းပါတယ်..

အကြမ်းဖက် KNU/PDF တွေ ချောင်းနှစ်ခွမှာ ရှိနေတဲ့အချိန်၊ သိမ်းထားတယ်ဆိုတဲ့အချိန် နေအိမ်ကပစ္စည်းတွေ ခိုးယူတာကို ဖုံးချင်လို့ အပုပ်ချ ပြောတာပဲ ဖြစ်ပါတယ်..



ဒေသခံတွေ နေရပ်မပြန်ရဲလို့ စပါးမရိတ်ရဘူးဆိုတာကတော့..

နေရပ်မပြန်ရင် စပါးက ဘယ်လိုမှ ရိတ်လို့ရမှာ မဟုတ်ပါဘူး.. တပ်လုံခြုံရေးအဖွဲ့များကလည်း ရိတ်ပေးမှာ မဟုတ်ပါဘူး.. ကိုယ့်ဖာသာ ပြန်ရိတ်ရမှာ.. စပါးရိတ်ချင်ရင် နေရပ်ပြန်ပါ.. သတင်းပို့ပါ.. အစစ်ဆေးခံပါ.. ကိုယ့်လုပ်ငန်း ကိုယ်ပြန်လုပ်ပါ..တပ်ကို သတင်းပို့လို့ အကြမ်းဖက်သမားတွေနဲ့ ထိပ်တိုက်တွေ့နိုင်ပါတယ်..

သတိထားပါ..



Saw Ba Maung

Post a Comment

Previous Post Next Post