ကလေးမိဘများ..သတိထားသိစေရန်

Views



ဓာတ်ပုံပါ PDF အလင်းဝင်လင်မယားနှင့် အဖော်မိန်းကလေး ၃ ဦးတို့သည် ဂ/ရက်ကွပ်၊ ဠ ၈ လမ်း၊ ပြည်ကြီးတံခွန်မြို့နယ်နေ ကလေးမိဘအိမ်၌ အိမ်ငှားနေရင်း ၂ လပြည့်သောအခါ အိမ်ပိုင်ရှင်မှ ဆက်လက်နေထိုင်ခွင့်မပြုတော့ဘဲ အခြားနေရာသို့ ပြောင်းရွေ့ရန် အချိန်သတ်မှတ်ပေးခဲ့သည်။


-

ဒီနေ့မနက်ပိုင်းအချိန်တွင် အဆိုပါ ၃ ဦးသည် အိမ်ရှင်၏ကလေးကို ခိုးယူထွက်ပြေးပြီးနောက် သိန်း ၅၀၀ ဖြင့် လာရွေးရန် အမရပူရမြို့နယ်၊ ဆောက်လုပ်ဆဲ ကျောက်စိမ်းဥယျာဉ်တိုက်တန်းသို့ ချိန်းဆိုခဲ့သည်။ လာရောက် မရွေးပါက ကလေးကို သ-တ်ပစ်မည်ဟု ဖုန်း Message ပို့ခဲ့သည်။

-

ဇန် ၂၂ ရက်(ယနေ့) မွန်းလွဲ ၂ နာရီခွဲချိန်ခန့်တွင် ကလေးမိဘများက ချိန်းဆိုနေရာအရောက် ဆောက်လုပ်ရေးဝင်းရှိ လုံခြုံရေးဝန်ထမ်းများ၊ ပတ်ဝန်းကျင်မှ ပြည်သူများက ကလေးသူခိုး ၃ ယောက်အား ဝိုင်းဖမ်းပြီး ရဲလက်သို့ အပ်ခဲ့သည်။ ဝိုင်းဝန်းဖမ်းဆီးပေးသူများ အား ကလေးမိဘများက ကျေးဇူးတင်စကားပြောပြီး ရဲစခန်းသို့ သွားရောက်အမှုဖွင့်ခဲ့ရပါသည်။

-

ထို့ကြောင့် အဝေးမှလာရောက်အိမ်ငှားသူများအပေါ် ယုံကြည်မှုမလွန်ကဲစေရန်နှင့် ၄ နှစ်အရွယ်သာရှိသေးသည့် ဒီကလေးငယ်ဖြစ်ရပ်မျိုး မဖြစ်စေရန် အသိ/သတိများရှိစေရန် တင်ပြလိုက်ပါသည်။




CKK

Post a Comment

Previous Post Next Post