၂၆ / ၁ / ၂၀၂၄ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသတင်း

Views


ဘူးသီးတောင်မြို့
ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ရွာအနီး လုံခြုံရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား AA အကြမ်းဖက်အဖွဲ့ဝင်များမှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး AA အကြမ်းဖက်အဖွဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၁ ဦးသေဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
-
မြေပုံမြို့
ယနေ့နံနက် ၁၁ နာရီခွဲခန့်က မြေပုံမြို့၊ ယောချောင်းတံတားအနီး တပ်မတော်ကမ်းထိုး ရေယာဉ်အား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
-
မင်းပြားမြို့


ယနေ့နံနက်အစောပိုင်းက နယ်မြေခံတပ်ရင်းများဖြစ်သည့် ၃၈၀ နှင့် ၅၄၁ တပ်တို့အား AA အကြမ်းဖက်အဖွဲ့မှလာရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သားများနှင့် မှီခိုရဲမေများမှ မိမိတို့၏ တပ်ဌာနချုပ် ရန်သူ့လက်အောက်သို့ မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ခြင်း၊ လေကြောင်းပစ်ကူ/ လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူပေးချေမှုန်းချင်းတို့ကြောင့် ရန်သူအား ဆက်လက်ဟန့်တားထားနိုင်ခဲ့ပြီး ရန်သူရှိရာနေရာများသို့ အကြိမ်ပေါင်းများစွာ လေယာဉ်ဖြင့် မျက်မြင်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
-
ရမ်းဗြဲမြို့
ယနေ့ညပိုင်းက ရမ်းဗြဲမြို့ဆေရုံအတွင်း AA အကြမ်းဖက်အဖွဲ့ဝင်များ ဆေးကုခြင်း၊ ပုန်းအောင်နေခြင်းများပြုလုပ်နေကြောင်း သတင်းအရ တပ်မှဝင်ရောက်ရှင်းလင်းရာ နှစ်ဖက်တိုက်ပွဲခဏတာဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
-
ကျောက်တော်မြို့
တပ်မဌာနချုပ်နှင့် နယ်မြေခံတပ်ရင်းများအား AA အကြမ်းဖက်အဖွဲ့မှ ယမန်နေ့များအတိုင်း လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်ခြင်း၊ Drop Bomb များဖြင့် တိုက်ခိုက်ခြင်း၊ အဝေးမှ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများရှိခဲ့ကြောင်းနှင့် တပ်မှ တစ်နေကုန် လက်နက်ကြီး/လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ ပစ်ကူပေးချေမှုန်းခဲ့ရကြောင်း သိရှိရသည်။
-
နှစ်ဖက်တိုက်ပွဲများအတွင်း တပ်မတော်သားအချို့ နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးဆပ်ခဲ့ရပြီး ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း၊ အဆိုပါနေရာများမှလွဲ၍ ကျန်မြို့များတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့ စခန်းရှိရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နိမ်နင်းခြင်း လေကြောင်းမှ ဗုံးကြဲခြင်းများရှိခဲ့ကြောင်း သိရှိရသည်။
-
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူနေထိုင်ရနေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့်အပြင် နယ်မြေခံ တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြို့များအား တိုက်ခိုက်နေသည့်အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ အရေးကြီးနေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိနေသည်။

#MinChitOo

2 Comments

  1. မြန်မာ့တပ်မတော်သားများဘေးအန္တရာယ်ကင်းရှင်း၍အောင်ပွဲများရယူနိုင်ကြပါစေ

    ReplyDelete
  2. အကြမ်းဖက်သမားများကျရှုံး၍ တရားသောစစ်ဆင်နွှဲနေသည့် မြန်မာ့တပ်မတော်သားများ အောင်မြင်ပါစေ။

    ReplyDelete
Previous Post Next Post