သရက်စေ့ထက်ခြမ်းခွဲအမျိုး

Views


ကြားဖူးထားတာ တစ်ခုရှိတယ်၊
-
မောဟများလွန်းကြတဲ့ မောင်နှမနှစ်ယောက် မိဘအမွေခွဲကြတာ လူကြီးတွေက ဘယ်လိုပဲအညီအမျှခွဲပေးပေး သူသာတယ် ငါနာတယ်လုပ်နေကြလို့ နောက်ဆုံးတော့ ရှိသမျှပစ္စည်း အားလုံးထက်ခြမ်းခွဲ၊ ဗီရိုလည်း နှစ်ခြမ်း၊ စားပွဲလည်း နှစ်ခြမ်း၊ ရေအိုးလည်း နှစ်ခြမ်း၊ အားလုံးပစ်ရကုန်ရော.. အေးရော ..
-
ပစ်ရရင်ပစ်ရပါစေ၊ တစ်ယောက်ပိုရသွားမှာတော့ မလိုလားဘူးတဲ့၊ အဲဒီအမျိုးကို သရက်စေ့ထက်ခြမ်းခွဲအမျိုး ဆိုပြီး ရွာကခေါ်ကြရောတဲ့..၊
-
အခု ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ကြီး၊ မြန်မာနိုင်ငံကြီးကို စည်းလုံးညီညွတ်တိုးတက်အောင် ဆောင်ကြဉ်း ပေးမည့် မီးရှူးတန်ဆောင်ကြီး၊ ကမ္ဘာပေါ်မှာ နှစ်ဦးတည်းသာကျန်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မျိုးဆက်၊ တအူတုံဆင်း မောင်နှမအရင်း နှစ်ယောက် အမွေဆိုင် အမွေလုကြရာကနေ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ပြီး ရုံးရောက် ဂတ်ရောက်၊
-
ဒီဒေါ်လာသန်း ၉၀ ဆိုတာကိုလည်း ဘယ်သူက လာဝယ်နိုင်မလဲ၊ စိတ်ဝင်စားစရာပဲ၊
-
ပြောချင်တာက ဒီလိုမောဟများလွန်းတဲ့ သရက်စေ့ထက်ခြမ်းခွဲအမျိုးကို မြန်မာ့အမျိုးသားမိခင်ကြီးသဖွယ် တ,တ နေကြတဲ့ နီပိတ်တွေကိုပဲ အံ့ဩတာ အခါခါ..။


တိုက်မောင်း

Post a Comment

Previous Post Next Post