စုန်းပြူး မဖြစ်စေနဲ့

Views

 

ဒီအကြောင်း လူပြောများလာလို့ ရေးပါတယ်။

-

မြို့ပြ/တောရွာတွေမှာ အကြမ်းဖက်မှုတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လိမ့်မယ်လို့ သတင်းတွေ ခပ်စိပ်စိပ်တွေ့လာရတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဖို့ဆိုတာ လက်နက်/ခဲယမ်းတွေ ရှိဖို့လိုပါတယ်။ ဒါဆို မြို့ကြီးအချို့မှာ အကြမ်းဖက်လုပ်ရပ်တွေ ရှိနေတာဟာ အကြမ်းဖက်သမားတွေမှာ လက်နက်/ခဲယမ်းတွေ ရှိနေလို့ပါ။ ဘယ်သူမှ ဓားမတစ်ချောင်းနဲ့ မမိုက်ရဲပါဘူး။ အကြမ်းဖက်မှုတွေကြည့် လိုက်ရင်လည်း အပြစ်မဲ့ပြည်သူတွေ အများဆုံး ခံစားနေရတာ မျက်မြင်ပဲ ဖြစ်တယ်။

-

ကောင်းပါပြီ .. ဒါဆို အကြမ်းဖက်သမားတွေ လက်ထဲကို လက်နက်/ခဲယမ်းတွေ ဘယ်ကရောက်လာသလဲ? အချို့ကပြောကြတယ် .. EAOs အချို့ဆီက ရတယ်။ ၃၀ % လောက်ပဲ မှန်တယ်။ EAOs အချို့က လက်နက်တွေ အလကားနီးပါး ထောက်ပံ့ပေးချင်တယ်ပဲထားပါ .. ကိုယ့်တာ ကိုယ်လုံရင် သူတို့တွေ ဘာမှ မတတ်နိုင်ပါဘူး။ လက်နက်/ခဲယမ်းတွေဆိုတာက ဉမင်တူးပြီး ပို့လိုက်တာ မဟုတ်ပါဘူး၊ ကုန်းလမ်းက အများဆုံး သယ်ဆောင်တာဖြစ်ပြီး ရေလမ်းကတော့ တစ်ခါတစ်ရံမှသာပါ။

-

ကုန်းလမ်းက သယ်လာတာ ဘယ်ကိုဖြတ်သလဲဆိုတော့ .. စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပါတယ်။ ဒါဆို စစ်ဆေးရေးဂိတ်တွေက မစစ်ကြဘူးလားဆိုတော့ .. စစ်ဆေးပါတယ်။ သို့သော် ပိုက်ဆံပေးလို့ကတော့ အပေါ်ယံသာ စစ်ဆေးတာ။ ဘယ်သူမှ နှိုက်နှိုက်ချွတ်ချွတ် မစစ်ဆေးကြဘူး။ အဲလိုဖြစ်ရပ်တွေကနေ အတွင်း ပိုင်းထဲကို လက်နက်/ခဲယမ်းတွေ၊ မူးယစ်ဆေးဝါးတွေက ရောက်လာခဲ့တာ .. မြေလျှိုးမိုးပျံပြီး ရောက်လာတာ အပ်တို ၁ ချောင်းတောင် မရှိပါဘူး။

-

ယခင်ကတော့ ဂိတ်တွေက သေသေချာချာစစ်ပါတယ်။ အဲလိုစစ်လို့ ဂိတ်တွေမှာဆို ယာဉ်တန်းကြီးတွေ အရှည်ကြီးဖြစ်ပြီး ခရီးသွားပြည်သူတွေ စိတ်ညစ်ရတယ်။ စေ့စပ်သေချာပြီး ရှာဖွေရာမှာ လျင်မြန်နိုင်တဲ့ နည်းလမ်းကို ကြံဆရမယ်။ (ဒါက .. တာဝန်ရှိသူတွေအပိုင်းပါ)။ ဒါကြောင့်မို့ စိတ်မရှည်တဲ့ကား (Express)တွေက ပိုက်ဆံလေး နှစ်ပဲ  တစ်ပြားပေးပြီး စောင့်ဆိုင်းရမယ့် အခက်အခဲကို ဖြေရှင်းကြတယ်။ ဒီအချက်ကို “အချိုရှာ .. သကာတွေ့” ဆိုတဲ့အတိုင်း ဂိတ်တာဝန်ရှိသူတွေကလည်း သာယာယစ်မူးသလို မသမာသူတွေကလည်း ငွေပစ်ပေးပြီး လက်နက်/ခဲယမ်း/မူးယစ်ဆေးတွေကို သွင်းကြတယ်။ ပြဿနာ ဇာစ်မြစ်က အဲဒါပါပဲ။

-

ကွမ်းဖိုး/ဆေးလိပ်ဖိုး ၅၀၀၊ ၁၀၀၀ လောက်နဲ့ ကိုယ့်ရဲဘော်ရဲဘက်တွေနဲ့ ကိုယ့်ကိုအားကိုးနေတဲ့ ပြည်သူ တွေကို မစတေးပါနဲ့။ အဲလိုပြောရင် .. သူပုန်တောင် ဆက်ကြေး ၅ သောင်း၊ ၁ သိန်း ကောက်တာပဲ .. ငါတို့က ၅၀၀၊ ၁၀၀၀ လောက် ယူတာ ဘာဖြစ်လဲဆိုပြီး မတွေးပါနဲ့။ သူပုန်ဆိုတာ ဥပဒေမရှိဘူး၊ မပေးရင် .. tတ်မှာ မို့လို့ ပေးတာ .. ဘယ်သူမှ အာမချောင်ရဲဘူး။ ကိုယ်တွေသာဆို ၅၀၀၊ ၁၀၀၀ နဲ့လည်း လိုင်းပေါ်ရောက်တယ်။ ဆဲကြလိမ့်မယ်။ အချို့ပြည်သူတွေ၊ ကားသမားတွေက မရိုင်းပါဘူး၊ စစ်ဆေးတာကို ကြည်ဖြူစွာ လက်ခံကြမှာပါ။ (စေတနာရှိလို့ ပေးရင် ယူပေါ့၊ ဒါပေမယ့် သေချာစွာ စစ်ဆေးရမယ်။)

-

ဆိုချင်တာကတော့ ရှေ့တန်းစစ်မြေပြင်မှာ အသက်နဲ့ရင်းပြီး တိုက်နေရတဲ့ ကိုယ့်ရဲဘော်ရဲဘက်တွေက သစ္စာ မဖောက်မိစေနဲ့။ ကိုယ့်တပ်မတော်ကို ပြည်သူတွေ မငြိုငြင်ပါစေနဲ့။ ကိုယ့်ကြောင့် တပ်မတော်ဂုဏ်သိက္ခာ မထိခိုက်ပါစေနဲ့။ ကိုယ့်ကို အားကိုးမှ ပူပင်ကြောင့်ကြမှု ကင်းရတဲ့ ပြည်သူတွေရဲ့မျက်နှာကို ထောက်ကြပါ ဗျာ။

-

တာဝန်ရှိသူများလည်း စိစစ်ပေးကြပါခင်ဗျာ။

-

မှတ်ချက်။ (စစ်ဆေးရေးဂိတ်တိုင်း မဆိုလိုပါ။ စုန်းပြူးတွေကို ပြောတာပါ)

 

#KT

Post a Comment

Previous Post Next Post