BGF ဗိုလ်မှူးကြီး စောချစ်သူ တစ်ဆင့်မြင့်ရာထူးတက်

Views



BGF တပ်ဖွဲ့ကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မြဝတီအထိသွားရောက်တွေ့ဆုံပြီးနောက် တစ်ခါမှ မရှိဖူးသည့် စစ်ရေးရာထူးတစ်ခု ပေးအပ်လိုက်ကြောင်း သိရသည်။

-

ဇန် ၂၃ ရက်၊ မနက်တွင် ဒုတပ်ချုပ်က ကရင်ပြည်နယ်အထိသွားရောက်ကာ BGF အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူနှင့် တွေ့ဆုံပြီးနောက် ဗိုလ်မှူးချူပ် ရာထူးတိုးပေးပြီး  "​ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) " အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

-

BGF ကို ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးဌာနက အဓိကကွပ်ကဲရာမှ ယခု ဗိုလ်မှူးကြီး စောချစ်သူ သည် ကွပ်ကဲရေးဌာန၏ ဒုခေါင်းဆောင်နှင့် ဗိုလ်မှူးချုပ်အဆင့် တူပြီဖြစ်သည်။ ယင်းအပြင် ဗိုလ်မှူးကြီး စောချစ်သူသည် နယ်ခြားစောင့်တပ်များနှင့် ပြည်သူ့စစ်များအကြားတွင် တပ်မတော်က ပေးသော အမြင့်ဆုံးရာထူးကို ရရှိထားသူဖြစ်သွားပြီဟု သိရသည်။

-

“ကရင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် BGF ဗိုလ်မှူးချုပ် တစ်ယောက်အနေဖြင့် ပုခုံးပြောင်းတာဝန် ပေးအပ်လိုက်ပြီး အကြမ်းဖက်သမားများကို ချေမှုန်းသွားမှာဖြစ်တဲ့အတွက် ကရင်ပြည်နယ်ကြီးအတွက် ငြိမ်းချမ်းသွားတယ် .. ကောင်းသွားတာပေါ့”လို့ ကရင်ဒေသခံတစ်ဦးက ဆိုပါသည်။


တွေ့ဆုံမှုမှ သဘောတူညီချက်များကို အသေးစိတ်မသိရသေးပေ။

 

2 Comments

  1. ဝမ်းသာပါတယ်

    ReplyDelete
  2. ဂုဏ်ပြုပါတယ်

    ReplyDelete
Previous Post Next Post