AA အဖွဲ့က ငါးဖမ်းသင်္ဘောများမှ လုပ်သားများကို လူသစ်အဓမ္မစုနေ

Views


ရခိုင်ပြည်နယ်မှာ လာရောက်လုပ်ကိုင်နေတဲ့ ငါးဖမ်းသင်္ဘောတွေကို AA အကြမ်းဖက်အဖွဲ့က ဆက်ကြေးငွေ အဆမတန်တိုးမြှင့်ကောက်ခံလျက်ရှိကာ မပေးနိုင်ရင် လှေလုပ်သားတွေထားခဲ့ဖို့ပြောပြီး အဓမ္မလူသစ်စုဆောင်းနေတယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ငါးဖမ်းလှေတွေ တိုက်ပွဲစဖြစ်ကတည်းက ရန်ကုန်ပြန်ပို့ဖို့ စောင့်နေတာ၊ AA က ကျွန်တော်တို့ကို ငွေပေးဖို့ပြောလာတယ်၊ ငါးမဖမ်းလဲ ကမ်းကပ်ထားလို့ကောက်တဲ့သဘော ပြောလာတယ်၊ ငွေမပေးနိုင်ရင် လှေလုပ်သားထဲက တစ်ယောက်ပေးရမယ်၊ အဲလိုမှမဟုတ်ရင် ငါးဖမ်းလှေကိုမိုင်းခွဲမယ်လို့ခြိမ်းခြောက်တာတွေလဲရှိတယ်လို့ " ပိုင်ရှင်တစ်ဦးကပြောဆိုသွားပါတယ်။

ULA /AA အကြမ်းဖက်အဖွဲ့တွေက ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ စစ်တပ်ကိုနိုင်နေကြောင်း မီဒီယာများကတဆင့် ဖော်ပြနေပေမယ့် စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် AA အကြမ်းဖက်အဖွဲ့များ သေဆုံးထိခိုက်သူ အလွန်များပြားနေတဲ့အတွက် ယခုလို အဓမ္မလူသစ်စုနေတာဖြစ်ကြောင်း ULA အဖွဲ့ဝင်များနှင့်နီးစပ်သူထံမှ သိရပါတယ်။

#western24news

Post a Comment

Previous Post Next Post