မူးယစ်ရာဇာ AA အဖွဲ့ပိုင် မူးယစ်ဆေးဝါးများ ရန်ကုန်တွင် ဖမ်းဆီးရမိ

Views



ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

-

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စိတ်ကြွရူးသွပ်ဆေးပြားများ အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရ ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက် တော်ဝင်လမ်းရှိ စားသောက်ဆိုင်အနီးသို့ ရောက်ရှိလာသည့် သန်းစိုး၊ မောင်ရွှေသန်း(ခ)ကျော်သန်း၊ မောင်ဦးသန်းဌေး(ခ)နာယက၊ နှစ်ဦးမောင် (ခ) ကြက်ဖ၊ စည်သူမိုး၊ လင်းလင်းထူး (ခ) လင်းချေ၊ မောင်ရွှေသိန်းနှင့် နေဇော်လတ်တို့ (၈) ဦးကို ထိန်းသိမ်းရှာဖွေခဲ့ရာ TOYOTA SUCCEED မော်တော်ယာဉ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

-

အလားတူ စစ်ဆေးဖော်ထုတ်ခဲ့ရာ ယင်းနေ့ညနေ ၆ နာရီတွင် မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် ရဲရန်အောင်လမ်းရှိ နေအိမ်မှ မစောခင်ကျော် (ခ) စောခင်အား စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သလို ဖမ်းမိတရားခံ သန်းစိုး ငှားရမ်းနေထိုင်သည့် မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉ သိန်းကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်အပိုင်း (၃) ခေမာသီလမ်းသွယ် (၂) ရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အစုရှယ်ယာပါဝင်သူ ကျော်လင်းဒါ၏ ဆောက်လုပ်ရေးကုမ္ပဏီမှ AD Van မော်တော်ယာဉ်တစ်စီးကိုလည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေ ကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

-

ဖမ်းဆီးရမိတရားခံများ အနက် မောင်ရွှေသန်း (ခ) ကျော်သန်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာအနီး စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၅ သိန်း ဖမ်းဆီးရမိမှုနှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရေကျော်ကျေးရွာရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀ ဒသမ ၄ သိန်း ဖမ်းဆီးရမိမှုတို့မှ အဓိကကွင်းဆက် တရားခံပြေးတစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

-

ထွက်ဆိုချက်များအရ မူးယစ်ဆေးဝါးများသည် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြန့်ဖြူးရန်ဖြစ်ပြီး AA မူးယစ်သူပုန်အဖွဲ့ပိုင် ပစ္စည်းများဖြစ်ကြောင်း သိရှိရသည်။ ဖမ်းဆီးရမိ တရားခံများသည် AA အဖွဲ့အား ထောက်ပံ့ပေးနေသော ရခိုင်လူမျိုးများဖြစ်ပြီး Commission ၁၅ % ရယူ၍ ကျန် ၈၅ % အား AA သောင်းကျန်းသူအဖွဲ့ထံ လွှဲပြောင်းပေးအပ်ရကြောင်း စစ်ဆေးဖော်ထုတ် သိရှိရပါသည်။



#KT

Post a Comment

Previous Post Next Post