ယနေ့မြန်မာနိုင်ငံရဲ့
လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ
သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ထပ်တလဲလဲဖြန့်ချိနေကြတာကို
နေ့စဉ်ရက်ဆက် တွေ့ရှိနေရပါတယ်။ အထူးသဖြင့်တော့ မြန်မာတွေအသုံးများတဲ့ Facebook စာမျက်နှာတွေမှာ မီဒီယာအမည်ခံ Account အမျိုးမျိုးနဲ့ သတင်းစာသား၊ ဓာတ်ပုံ၊ ဗီဒီယိုများအသုံးပြုပြီး
လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုတွေ၊ လိုရာဆွဲပြီး အမှန်/ အမှားရောနှောထားတဲ့ သတင်းအမှားတွေကို ပြည်တွင်း၊ ပြည်ပက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက လုပ်ဆောင်နေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။
-
၎င်းတို့အထဲမှာ သတင်းအဆိပ်တွေကို အဆိုးရွားဆုံးဖြန့်ဝေနေတာကတော့
Khit Thit ၊
Mizzima ၊
Ayeyarwaddy Times တို့ရှိသလို
ရခိုင်ပြည်နယ်အခြေစိုက် DMG (Development Media
Group) ဆိုတဲ့
ပြည်ဖျက်မီဒီယာတို့ကလည်း
မြန်မာနိုင်ငံပျက်စီးရာ
ပျက်စီးကြောင်းဖြစ်စေဖို့
သတင်းအမှားတွေ နေ့စဉ် အများအပြား ဖြန့်ဝေလျက်ရှိပါတယ်။
အခုကျွန်တော် DMG မီဒီယာအကြောင်းကို High-Light ထုတ်ဖော် ရေးသားသွားပါမယ်။
-
Development
Media Group (DMG) မီဒီယာကတော့
၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီးတော့ DMG သတင်းဌာနအနေဖြင့်
သတင်းအချက်အလက်များအား DMG WEEKLY NEWS နှင့် နေ့စဉ်
DMG ONLINE RADIO အစီအစဉ်များကို အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့်
တစ်ဖက်သတ် ရေးသားနေသည့် သတင်းမီဒီယာတစ်ခုဖြစ်ပါတယ်။
-
ဒါ့အပြင် သတင်းမီဒီယာအမည်ခံထားသော်လည်း DMG
အနေဖြင့် သတင်းမီဒီယာတစ်ခု၏ ကျင့်ဝတ်၊ ဂုဏ်ပုဒ်နှင့် မညီ/မသင့်လျော်သည့် ရေးသားတင်ပြမှုများဖြင့် တိုင်းပြည်နှင့် နိုင်ငံသားများအတွက် စိတ်ဝမ်းကွဲစေမယ့် လှုံ့ဆော်ရေးသားမှုတွေကို နေ့စဉ်လုပ်ဆောင်လျက်ရှိပါတယ်။ ထိုသို့သော
တစ်ဖက်သတ်ရေးသားမှုများ၊ ပြည်သူများ သိသင့်သိထိုက်သည်များကို ဘက်လိုက်ရေးသားမှုများကြောင့် သတင်းတန်ဖိုးကျဆင်းခဲ့ပြီး ပြည်သူများ၏ အားပေးမှုကိုလည်း ကျဆင်းခဲ့ရသည့် မီဒီယာ တစ်ခု ဆိုရင်လည်း မမှားပါဘူး။ DMG အနေဖြင့် သတင်းလိမ်/ သတင်းအမှား/ သတင်းအတုများအား ပြည်သူများ အထင် အမြင်လွဲမှားအောင် လှုံ့ဆော်သတင်းရေးသားဖော်ပြမှုတို့ကြောင့် အာဏာပိုင်အစိုးရများ၏ တရားစွဲဆိုမှု များကိုလည်း ကြုံတွေ့ခဲ့ရသည့် မီဒီယာတစ်ခုဖြစ်ပါတယ်။
-
၂၀၁၉ ခုနှစ်၊ မေလ (၁၁) ရက်နေ့မှစ၍ DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးနှင့် သတင်းဌာနအား သတင်းအထူးတပ်ဖွဲ့မှ တရားလိုပြုလုပ်၍ မတရားအသင်း ဆက်သွယ်မှုပုဒ်မ-၁၇/၂
ဖြင့် တရားစွဲဆိုထားပြီး အယ်ဒီတာချုပ် အောင်မင်းဦးမှာ သက်ဆိုင်ရာတရားရေးဌာနများ၏ တရားစွဲ ဆိုမှုများအား လစ်လျူရှုကာ ယနေ့အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပါတယ်။ ထို့ပြင် ဒုတိယတာဝန်ခံ နေဝင်းစံနှင့် သတင်းထောက်များဖြစ်တဲ့ အောင်ကျော်မင်း၊ မိုးဇော်မြင့်၊ မနှင်းနွယ်တို့ကိုလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ)၊
နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)တို့ဖြင့် စစ်တွေမြို့၊ အမှတ်(၂)နယ်မြေ ရဲစခန်းမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက အမှုဖွင့်ထားခြင်း ခံခဲ့ ရပါတယ်။
-
တိုင်းပြည်တစ်ခုတွင်
အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်များ သည် မရှိမဖြစ်လိုအပ်သည့် မဏ္ဍိုင်ကြီး (၃) ရပ်ဖြစ်သကဲ့သို့ သတင်းမီဒီယာကိုလည်း မရှိမဖြစ်သော စတုတ္ထမဏ္ဍိုင်တစ်ခုအဖြစ် အသိအမှတ်ပြုလာကြသည်မှာ အစိုးရအချင်းချင်းအကြား၊ အစိုးရနှင့် ပြည်သူအကြား၊ ပြည်သူများအချင်းချင်းကြား နိစ္စဓူဝဖြစ်ပျက်နေသည့် အရေးကြီးပြီး ထူးခြားသည့် သတင်းအချက်အလက်များအား အချိန်မီသိရှိစေရန်နှင့် ရရှိစေရန်ဖြစ်ပါတယ်။ သတင်းမီဒီယာအခန်း ကဏ္ဍဖြင့် အစိုးရ၏စီမံခန့်ခွဲမှုများကို အများပြည်သူသိရှိသကဲ့သို့ ပြည်သူ့ဆန္ဒများကိုလည်း အစိုးရမှ နားထောင်နိုင်မည်ဖြစ်ပေတယ်။ သို့မှသာ တိုင်းပြည်အတွင်း ဖွံ့ဖြိုးမှု၊ အေးချမ်းသာယာမှုနှင့် တရား ဥပဒေစိုးမိုးမှုကို အစိုးရနှင့်ပြည်သူများအကြား ဟန်ချက်ညီညီ လက်တွဲဖော်ဆောင်လာနိုင်မှာပါ။
-
သို့သော် DMG သတင်းဌာနအနေဖြင့် တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာကို ခုတုံးလုပ်ကာ နိုင်ငံတော်ပုံရိပ်ကျဆင်းစေရန်ရည်ရွယ်ချက်ဖြင့် ပြည်သူလူထုထံ မဟုတ်မမှန်သတင်းမှားများ ဖြန့်ချိရေးသား ခဲ့သဖြင့် သတင်းမီဒီယာများ လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းများကိုလည်း အကြိမ်ကြိမ်ချိုးဖောက်ခဲ့ခြင်း ဖြစ်ပါတယ်။
-
ရခိုင်အခြေပြုသတင်းဌာနများဖြစ်သည့် Narinjara ၊ Development Media Group(DMG) ၊ Western
News သတင်းဌာနများမှ
တရားခံပြေးသတင်းသမားနှင့် အယ်ဒီတာများ ယနေ့အချိန်ထိ တရားရုံးတွင်
အမှုဖြေရှင်းခြင်းမရှိဘဲ တရားခံပြေးများအဖြစ် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း
အစိုးရ တရားရေးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရှိရပြီး အဆိုပါသတင်းဌာနများမှာ
ယနေ့အချိန်ထိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင်
မှတ်ပုံတင်ထားခြင်း မရှိသေးကြောင်း သိရှိရပါတယ်။
-
၎င်းအပြင် အစိုးရ တရားရေးဌာနတာဝန်ရှိသူများထံမှလည်း “ရခိုင်လူထုကို သတင်းမှားတွေ ဖြန့်ဝေခဲ့သဖြင့် တရားစွဲခံထားရသော DMG သတင်းမီဒီယာအပါအဝင် ရခိုင်ပြည်နယ်အခြေစိုက်
အခြားသတင်းမီဒီယာများမှ တရားခံပြေးသတင်းသမားနှင့်
အယ်ဒီတာ ၁၀ ယောက်ရှိကြောင်းကိုလည်း
သိရှိရပါတယ်။ တရားရင်ဆိုင်မှုမပြုဘဲ
ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကာ
သက်ဆိုင်ရာ တရားရုံးတွေမှာ
လာဖြေရှင်းတာမျိုးမရှိကြောင်း၊ ၎င်းမီဒီယာမှ
တာဝန်ခံမှု/တာဝန်ယူမှုမရှိဘဲ တစ်ဖက်သတ် လှုံ့ဆော်ရေးသားမှုများ၊
သူတို့တင်ခဲ့သည့် သတင်းတွေသာ မှန်ကန်မှုရှိပါက
ဖြစ်ပေါ်လာသည့် တရားစွဲဆိုမှုများကို
ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်မည်ဖြစ်ကြောင်းနှင့်
မဟုတ်မမှန်ရေးသားမှုများကြောင့်
တရားရင်ဆိုင်မှုမရှိဘဲ
ထွက်ပြေး တိမ်းရှောင်နေကြောင်းကိုလည်းသိရှိခဲ့ရပါတယ်။
DMG မီဒီယာအနေဖြင့်
နေ့စဉ် ရခိုင်ပြည်နယ်အတွင်း သတင်းအမှားများဖြင့် ဘာသာရေး/လူမျိုးရေး ပဋိပက္ခများဖြစ်လာစေရန်၊
အကြမ်းဖက်မှုများ တိုးပွားလာစေရန်အတွက်
လက်နက်ကိုင်အဖွဲ့များအား
ပြည်သူထောက်ခံလာစေရန်
ရည်ရွယ်၍ သတင်းထုတ်လွှင့်ခြင်းများ
လုပ်ဆောင်လျက်ရှိနေကြောင်းကိုလည်း
၎င်းတို့ဆောင်ရွက်ခဲ့သည့်
ဆိုရှယ်မီဒီယာ များမှတစ်ဆင့် မှတ်တမ်းများအရ သိရှိရပါတယ်။
-
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင်
DMG အယ်ဒီတာ
အမျိုးသားတစ်ဦးက အမျိုးသမီးသတင်းထောက်
တစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့လို့
ဖုံးမနိုင်၊ ဖိမရ၊ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ပါသေးတယ်။
-
DMG မီဒီယာမှ မဟုတ်မမှန်သတင်းများရေးသားရိုက်ကူးပေးပို့နေသည့်
သတင်းထောက် ထက်အောင်အား ပြီးခဲ့သည့်အောက်တိုဘာလ
၂၉ ရက် (သီတင်းကျွတ်လပြည့်နေ့) နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဝင်္ကပါကွင်း၌ ပြုလုပ်သည့် ဆွမ်းတော်ကြီး လောင်းပွဲသို့ သတင်းဓာတ်ပုံသွားရောက်ရိုက်ကူးရာ၌ သက်ဆိုင်ရာတာဝန်ရှိသူများမှ
ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး
ယင်းနောက်တွင် စစ်တွေမြို့ရှိ DMG ရုံးရှိ သတင်းများဖြန့်ချိရာတွင်အသုံးပြုသည့်
ကင်မရာ၊ ကွန်ပျူတာနှင့်ရုံးဆက်
စပ်ပစ္စည်းများကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး
ညစောင့်ဝန်ထမ်းဖြစ်သူ
စိုးဝင်းအောင်ကိုလည်း
ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကာ DMG ရုံးကို ချိတ်ပိတ်အရေးယူနိုင်ခဲ့ပါတယ်။
-
မြန်မာနိုင်ငံဟာ လွန်ခဲ့သည့်နှစ်အနည်းငယ်မှ စတင်ကာ ဒီမိုကရေစီခရီးလမ်းကိုစတင်ခဲ့ရာမှ မီဒီယာလွတ်လပ်ခွင့်လည်း ရရှိလာခဲ့ပါတယ်။ သို့သော် DMG မီဒီယာကဲ့သို့ သတင်းလွတ်လပ်ခွင့်ကို အသုံးချ၍ သတင်းမီဒီယာများလိုက်နာကျင့်သုံးရမည့်
ကျင့်ဝတ်များကိုဖောက်ဖျက်ကာ ကိုယ်ကျိုးကြည့် သတင်းသမားများကြောင့် မြန်မာနိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာပုံရိပ် မှေးမှိန်ကျဆင်း ခဲ့ရပါတယ်။
-
ထို့ကြောင့် နိုင်ငံတော်အထူးလျှို့ဝှက်ချက်များမှအပ ဗဟိုနှင့် ပြည်နယ်အစိုးရများ
စီမံဆောင်ရွက် နေသည့်လုပ်ငန်း
ကိစ္စအဝဝတွင် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်ရေးအတွက်
သတင်းထောက်များနှင့် သတင်းမီဒီယာများအား လွတ်လပ်စွာသတင်းရယူခွင့်၊
သတင်းရေးသားဖြန့်ချိခွင့်များကို
လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးခဲ့သော်လည်း နိုင်ငံတော်၏ပုံရိပ်ကျဆင်းစေရန်ရည်ရွယ်ချက်ဖြင့်
မီဒီယာကျင့်ဝတ် ချိုးဖောက်ကာ ကိုယ်ကျိုးကြည့် သတင်းသမားများဖြစ်သော
တရားစွဲဆိုခံထားရတဲ့ DMG မှ အယ်ဒီတာချုပ် အောင်မင်းဦးအပါအဝင် Development Media
Group (DMG) မှ
သတင်းသမားများ၏ သတင်းမီဒီယာချိုးဖောက်မှုများကြောင့်
သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း
ထိန်းသိမ်းဆောင်ရွက် မှုများ
အပူတပြင်း ခပ်စိတ်စိတ်လုပ်ဆောင်နေလာကြောင်းလည်း
သိရှိရပါတယ်။
-
ဒါ့ကြောင့် မီဒီယာကို လက်နက်သဖွယ် အသုံးချကာ သတင်းအတု၊ သတင်းအမှားတွေကို ရေးသားဖော်ပြပြီး ဝါဒဖြန့်ချိရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေတာကို ပြည်သူလူထုအနေဖြင့် ကိုယ်ပိုင်စဉ်းစားဉာဏ်နှင့် စဉ်းစားချင့်ချိန်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် တည်ဆဲအစိုးရနှင့်အတူ ပြည်သူတွေအနေနဲ့ တိုင်းပြည် ချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်နဲ့ လက်တွဲဆောင်ရွက်သွားကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
#KT