ဒေါက်တာဇော်ဝေစိုးမှ အမေရိကန်နိုင်ငံသို့ အိတ်ဖွင့်ပေးစာပေးပို့

Views

NUG အဖွဲက ဒေါက်တာဇော်ဝေစိုး  ဇွန်လ နောက်ဆုံးအပတ်က အမေရိကန်နိုင်ငံကို သွားရောက်ပြီး အမေရိကန်အစိုးရအဖွဲမှ ဩဇာပါဝါမရှိတဲ့သူတွေ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန တတိယအဆင့်အရာရှိတွေ၊ အမေရိကန်ရောက်မြန်မာနိုင်ငံသားအချိုနှင့် တွေ့ဆုံတာ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်..

နစကအစိုးရက ပြည်ပြေးဝရမ်းပြေးအဖြစ် သတ်မှတ်ခံထားရတဲ့ NUG အဖွဲဝင်တစ်ဦးကို
အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့်ပေးခဲ့လို နစက ဆန့်ကျင်သူတွေ အားတက်ခဲ့ရတဲ့ခရီးစဉ်တစ်ခုဖြစ်ပြီး ဒေါက်တာဇော်ဝေစိုးအနေနဲ့ တရားဝင်သံတမန်တစ်ဦးရဲ့ ခရီးစဉ်မဟုတ်ပေမဲ့ အမေရိကန်အစိုးရအရာရှိကြီး တစ်ချိုနဲ့ အလွတ်သဘောတွေ့ဆုံခွင့်ရရှိခဲ့ပါတယ်..

အမေရိကန်မှ ပြန်လာပြီးနောက် ဒေါက်တာဇော်ဝေစိုးတစ်ယောက် အမေရိကန်အစိုးရနဲ့ အမေရိကန်ရောက်မြန်မာတွေအနေနဲ့ NUG ကို အပြည့်အဝ မထောက်ခံပဲ ဝရမ်းပြေး၊ တရားမဝင်အစိုးရအဖြစ်သာ သဘောထားနေကြောင်း သိရှိရလို အမေရိကန်နိုင်ငံသို အိတ်ဖွင့်ပေးစာဆိုပြီး စင်ကာပူနိုင်ငံထုတ် The Diplomat သတင်းမှာ ဖော်ပြခဲ့ပါတယ်..

သူ့ရဲ့စာအရ အမေရိကန်အစိုးရအဖွဲအတွင်းရှိ အဆင့်မြင့်အရာရှိကြီးများက NUG အဖွဲကို တရားမဝင်အစိုးရဖြစ်ကြောင်း၊ PDF များဟာ ဖွဲစည်းမှု ကွပ်ကဲမှုမရှိဘဲ စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မှုမအောင်မြင်
နိုင်ကြောင်း ယူဆနေကြပြီး NUG အဖွဲကို ယူကရိန်းလိုမျိုး ထောက်ပံ့မှုတွေမပေးကြောင်း ဝေဖန်ထောက်ပြရေးသားထား ပါတယ်..

NUG အနေနဲ့ တော်လှန်ရေးအောင်မြင်နိုင်ရေးနဲ့ စကစကိုအောင်နိုင်ပြီး နိုင်ငံအသစ် တည်ထောင်နိုင်ရေးအတွက် ရန်ပုံငွေနဲ့ အထောက်အပံ့တွေ လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံရေးပဋိပက္ခများအတွက် နိုင်ငံရေးအရ အဖြေရှာခြင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖိုမဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်..

သူ့ရဲ့ အိတ်ဖွင့်ပေးစာကို နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ မိသားစုအလိုက် မိခင်နိုင်ငံက ထွက်ပြေးနေရတဲ့ ဝရမ်းပြေးတစ်ယောက်က ပြည်ပမှာ မိသားစုရပ်တည်နိုင်ရေး၊ အလှူခံတဲ့ အိတ်ဖွင့်ပေးစာသာဖြစ်ကြောင်း ဝေဖန်ပြောကြားလျက်ရှိပါတယ်..

Post a Comment

Previous Post Next Post