ပလောင်လူမျိုးတွေအတွက် စဉ်းစားပေးပါ

Views

ပလောင်လူမျိုးပါဆိုတဲ့ TNLA ကတော့ သူတိုပလောင်နယ်မြေထဲက ဆရာ/ဆရာမတွေကို CDM လုပ်ဖို့ တွန်းအားပေးခြိမ်းခြောက်တာ ဒီရက်ပိုင်းမှာ သဲ့သဲ့ကြားနေရတယ်။
-
ဘယ်လိုအတွေးအခေါ်နဲ့ လုပ်လည်းတော့မသိပါ။ မိမိအမြင်ကတော့ ကိုယ်လူမျိုးကို နိမ့်သထက် နိမ့်အောင်လုပ်နေတယ်လို မြင်တယ်။ ဒါကို TNLA မှာ စဉ်းစားနိုင်တဲ့ ဆင်ခြင်တုံတရားမရှိခဲ့ဘူး။
-
အခု နန့်ဆန်မြိုကိုကြည့်လိုက်ပါ .. ပလောင်တွေထက် တရုတ်တွေ၊ အီစွတ်တွေက များလာပါပြီ။ ပလောင်တွေက သူတိုလက်အောက်မှာ အောက်ခြေသိမ်းအလုပ်လုပ်ကြရတာ မျက်မြင်ကိုယ်တွေ့ပါ။
-
ပလောင်လူမျိုးတွေကိုယ်တိုင်က ပလောင်တွေနဲ့ဖွဲစည်းထားပါတယ်ဆိုတဲ့ TNLA ရဲ့ ရန်ကိုကြောက်လို အခြားနယ်တွေကို ထွက်ပြေးရင်း လုံးပါးပါးလာတာ။ အခြားနယ်ရောက်ပြီး အလုပ်ရှာတော့လည်း ပညာမတတ်တော့ သူများ ခိုင်းဖက်ကလွဲရင် ဘာအလုပ်မှ မရပါ။ ဒုက္ခရောက်နေတဲ့ ပလောင်ပြည်သူတွေရဲ့ဘဝက သနားစရာ သိပ်ကောင်းပါတယ်။
-
မန္တလေး၊ ပျော်ဘွယ်မြိုတွေနဲ့ မိဘမဲ့ဂေဟာတွေမှာ ပလောင်လူမျိုးတွေ အတော်များနေပါပြီ။ မယုံရင်သွားကြည့်လိုရပါတယ်။ သူတိုနယ်မှာ မနေရဲလို ထွက်ပြေးလာကြတာ။
-
မကြာခင်မှာ မြန်မာ့မြေပေါ်က ပလောင်နယ်ဆိုတာ ပျောက်ကွယ်သွားမှာဖြစ်သလို အနယ်နယ်အရပ်ရပ်ကို ထွက်ခွာသွားတဲ့ ပလောင်လူမျိုးတွေကရော သွေးနှောပြီး ပလောင်လူမျိုးဆိုတာ ရှိပါတော့ဦးမလားလို စိုးရိမ်မိတယ်။ နောင်အနှစ် ၂၀ မကြည့်ပါနဲ့၊ ၁၀ အတွင်းမှာ ဖြစ်လာနိုင်ပါတယ်။
-
ပလောင်လူမျိုးကောင်းစားရေးဆိုပြီး ကိုယ့်လူမျိုးကို ဒုက္ခပေးနေတဲ့ TNLA က အဓိက တရားခံပါပဲ။
သဗ္ဗေသတ္တာ .. ကမ္မသကာ။



 

Post a Comment

Previous Post Next Post