နိုင်ငံတကာသံရုံးများ၊ စစ်သံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ သိရှိစေရန်

Views

 မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားခဲ့သည့် အချိန်မှစတင်၍ နိုင်ငံရေးအရ မကျေနပ်မှုကိုအကြောင်းပြ၍ အကြမ်းဖက်၊ လူသတ် အစွန်းရောက်ဝါဒတစ်ခု ပျံ့နှံ့စေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေခဲ့ကြပါသည်။ ပိုဆိုးသည်မှာ အစိုးရတစ်ရပ်၏ အုပ်ချုပ်မှုနှင့် မသက်ဆိုင်ဘဲ လူ့အဖွဲအစည်းတစ်ခု လည်ပတ်နေစေရန် မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေး၊ ပညာရေးကဏ္ဍများကို အကြမ်းဖက်နေကြသည်မှာ အလွန်ရုပ်ဆိုးအကျည်းတန်လှပါသည်။


နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားနေသည်ဟုဆိုပြီး စစ်အစိုးရကိုနိုင်ငံရေးအရ ဖိအားပေးမှုတစ်ခုတည်းဖြင့် NUG/PDF တို၏ စစ်ဘက်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များ၊ အရပ်သားပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသည့် ကိစ္စရပ်များကို လျစ်လျူရှုထားခဲ့ကြပါသည်။ ထိုသို့ လျစ်လျူ ရှုထားကြခြင်းကြောင့် ယခုအခါ အလွန်ရုပ်ဆိုးအကျည်းတန်သည့် အကြမ်းဖက်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်ပြီဖြစ်ပါသည်။
-
၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့၊ ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ပခုက္ကူမြို့ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာတွင်တည်ရှိသော ကြီးကျေးရွာတွင် အထက (စက်မှုဇုန်)၌ အထက်တန်းပြလုပ်ကိုင်နေသည့် အသက် ၄၆ နှစ်အရွယ် ဆရာမ ဒေါ်ခင်မင်းဦး၏ နေအိမ်သို ဗိုလ်ဟိန်းဦးစီးသည့် PDF ၁၂ ဦးရောက်လာပြီး CDM မလုပ်၍ဟူသည့် အကြောင်းပြချက်ဖြင့် သူမ၏ ဦးခေါင်းအား သေနတ်ဖြင့် ၂ ချက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြ ပါသည်။ သူမအပါအဝင် ကွန်ပျူတာစာစီစာရိုက်လုပ်ကိုင်သည့် သူမ၏အမျိုးသားဖြစ်သူ ဦးမျိုးသက်ထွန်းနှင့် သားသမီးများ အားလုံးကို ဒူးထောက်ထိုင်ခိုင်းပြီး ၎င်းတို၏ရှေ့မှောက်၌ ရက်ရက်စက်စက် အကြမ်းဖက် ခဲ့ကြခြင်းဖြစ်ပါသည်။

ဆရာမ ဒေါ်ခင်မင်းဦးအနေဖြင့် သူမမိသားစု၏စားဝတ်နေရေးကြောင့် CDM မလုပ်ရခြင်းဖြစ်ပြီး၊ စာမသင်နှင့်ဟုဆိုလျှင်လည်း မသင်တော့ပါဟု PDF များအား တောင်းပန်နေရင်းကြားမှ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။ PDF များသည် ဆရာမအား သတ်ဖြတ်ခဲ့ရုံမျှမကဘဲ ဆိုင်ကယ်၊ ဖုန်း၊ ရွှေငွေ လက်ဝတ်လက်စားနှင့် ငွေသားများကိုပါ လုယက်သွားခဲ့ကြပါသည်။ ထိုကဲ့သို့ ကျောင်းသားများအား စာသင်ပေးနေသည့် ဆရာ/ဆရာမများအား အကြမ်းဖက်သတ်ဖြတ်နေသည့် အစွန်းရောက်မှုမျိုးသည် မြန်မာနိုင်ငံတွင်သာ ရှိမည်ဟု ထင်ပါသည်။
-
ထိုကဲ့သို့ လက်နက်မဲ့အမျိုးသမီး အရပ်သားဝန်ထမ်းတစ်ဦးအား ရက်စက်စွာသတ်ဖြတ်နေမှုများသည် ပထမဆုံးအကြိမ်မဟုတ်တော့ပါ။ ဆရာ ၂၀ ဦး၊ ဆရာမ ၁၉ ဦး ရှိနေပြီဖြစ်ပါသည်။ ထိုအထဲမှ ဆရာမတစ်ချို့မှာ ရက်ရက်စက်စက် လည်လှီးသတ်ခံခဲ့ရခြင်းဖြစ်ပါသည်။ ထိုသို့သတ်ဖြတ်ခဲ့ခြင်းသည် နိုင်ငံတချို့မှ ထိတွေ့ဆက်ဆံမှုပြုလုပ်နေသည့် NUG အဖွဲ၏ CDM မလုပ်သည့် ဝန်ထမ်းများအား အပြစ်ပေးရမည်ဟူသည့် မူဝါဒမှ ဆင်းသက်လာကြောင်း ပြည်သူအားလုံး သိရှိကြပါသည်။ NUG အဖွဲ့မှ အကြမ်းဖက်သတ်ဖြတ်မည့် အမည်စာရင်း(Hit Lists)များသည်လည်း ဆိုရှယ်မီဒီယာများတွင် မကြာခဏ ဆိုသလို ပေါက်ကြား နေခဲ့သည်ကို နိုင်ငံတကာမှလည်း သိရှိမည်သာဖြစ်ပါသည်။

ယခု စာရေးသားရခြင်း၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် NUG/PDF များ သည်သာ နိုင်ငံတကာမှ သတ်မှတ်ထားသည့် အကြမ်းဖက်မှုများကို  ကျူးလွန် နေကြသော တကယ့်အကြမ်းဖက်သမားများ ဖြစ်ကြောင်းနှင့် ၎င်းတို၏နိုင်ငံရေး အစွန်းရောက်မှု အခြေအနေမှန်ကို နိုင်ငံတကာမှ သိရှိစေလိုခြင်းဖြစ်ပါသည်။ မြန်မာစစ်အစိုးရကို ဖိအားပေးလိုခြင်း သက်သက်ဖြင့် ကမ္ဘာပေါ်တွင် အကြမ်းဖက် ဝါဒပုံစံသစ်တစ်ခု ပေါ်ပေါက်နေသည်ကို လျစ်လျူရှုနေခြင်းသည် အပြစ်မဲ့ မြန်မာပြည်သူများအပါအဝင် လူသားမျိုးနွယ်စု တစ်ခုလုံးအပေါ် တာဝန်မဲ့သည့်ကိစ္စရပ် တစ်ခုဖြစ်ပါကြောင်း တာဝန်သိပြည်သူ တစ်ဦးအနေဖြင့် နိုင်ငံတကာအား သတင်းစကားပါးလိုက်ရပါသည်။ (ဘာသာပြန်)


Post a Comment

Previous Post Next Post