သစ္စာဖောက် ထွန်းကျော် ရဲ့ ကလလတအဖွဲ့ လားရာ

Views

ထွန်းကျော်ဦးစီးတဲ့ ကလလတအဖွဲဆိုတာ နဝတ လက်ထက်ကတည်းက တပ်မတော်နဲ့ပူးပေါင်းပြီး KNPP ကို လက်တွဲတိုက်လာခဲ့တဲ့အဖွဲဖြစ်ပါတယ်။ သမိုင်းကြောင်းအရလည်း KNPP နှင့် ကလလတအဖွဲဟာ အာဃာတတွေ ကြီးမားတဲ့ရန်ဘက်တွေဖြစ်ခဲ့သလို ဘယ်တော့မှ စေ့စပ်ညှိနှိုင်းမရတဲ့ ရန်သူတော်ကြီးတွေဖြစ်ပါတယ်။ 


သူဦးသူဆော်ကိုယ်ဦးကိုယ်ဆော်နဲ့ အထူးသဖြင့် နယ်မြေကျွမ်းတဲ့ ကလလတအဖွဲ့ဟာ စစ်တပ်ကို အကူအညီပေးပြီး KNPP တပ်တွေကို ယိုးဒယားနယ်စပ်အထိ မောင်းထုတ်ခဲ့ပြီး ကယားပြည်နယ်ထဲမှာ မလှုပ်ရှားနိုင်အောင် အဓိကထိန်းချုပ်ခဲ့တာပါ၊ 

၂၀၀၉ ခုနှစ် BGF တွေစတင်ဖွဲစည်းတော့လည်း ထွန်းကျော်ဟာ ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီးရာထူးရခဲ့ပြီး ကလလတတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်ရဲ့ ရိက္ခာ၊ လစာတွေရရှိခဲ့ပြီး မယ်စဲ့ဒေသမှာ အေးချမ်းစွာဒေသဖွံဖြိုးရေး လုပ်ခွင့်ရခဲ့တာပါ။

ဘက်ပြောင်းတတ်တဲ့ ထွန်းကျော်ဟာ ပြည်ပအထောက်အပံ့မျှော်ကိုးပြီး KNPP နဲ့ ပူးပေါင်းကာ စစ်တပ်ကိုပြန်လည်ပုန်ကန်တဲ့ သတင်းများထွက်ပေါ်နေပေမဲ့ ကလလတ အသွင်ပြောင်း BGF အဖွဲဝင်အားလုံး ဘက်ပြောင်းသွားတာမဟုတ်ပါဘူး။ သမိုင်းကြောင်းနဲ့ချီပြီး ရှိခဲ့တဲ့ ရန်ကြွေးကြောင့် KNPP ကလည်း ကလလတတပ်ဖွဲ့ဝင်တွေကို ယုံကြည်မှာမဟုတ်သလို ဘက်ပြောင်းသွားတဲ့ ကလလတတွေကလည်း KNPP ကိုမယုံကြည်ကြပါဘူး။


အပေါ်ယံကြော ပူးပေါင်းတယ်ဆိုပေမဲ့လည်း ကလလတကြောင်း ဆုံးရှုံးမှုကြီးမားခဲ့တဲ့ KNPP က ယခုအခါမှာ ကလလတ တပ်ဖွဲဝင်တွေထက် အင်အားကောင်းနေတာ ဖြစ်လို့ အပေါ်စီးကနေ ဆက်ဆံတာကို ဟိုဘက်ကူး ဒီဘက်ကူးလုပ်နေတဲ့ ကလလတအဖွဲ့တွေ သည်းခံနိုင်မလား စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Via Shin Thant Lynn


Post a Comment

Previous Post Next Post