KIA၊ PDF ပူးပေါင်း အဖွဲ့က ဖားကန့်မြို့တွင် ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ အယောက်(၃၀) ခန့် ဖမ်းဆီ

Views

 KIA၊ PDF ပူးပေါင်း အဖွဲ့က ဖားကန့်မြို့တွင် ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ အယောက်(၃၀) ခန့် ဖမ်းဆီး

=====

မြစ်ကြီးနား - ဖားကန့်သွားလမ်းဖြစ်သည့် ဝှေခါလမ်းပေါ်တွင် ဧပြီ ၁ ရက်နေ့က ဆရာ၊ ဆရာမ များသည် နွေရာသီ ရက်တို သင်တန်းတက်‌ရောက်ပြီး အပြန်လမ်းတွင် KIA၊ PDF ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းနှင့် KIA၊ PDF ပူးပေါင်းအဖွဲ့က ယင်း ဆရာ၊ ဆရာမများအား နိုင်ငံတော်အစိုးရမှ စစ်သင်တန်းပေးနေသည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ တစ်ဦးကဆိုသည်။


“ကျနော်တို့ ကြားတာတော့ ဆရာ၊ ဆရာမတွေကို စစ်သင်တန်း သင်ပေးလို့ဆိုပြီး KIA၊PDF အဖွဲ့က ဖမ်းဆီးတာလို့ ကြားတယ်။ အမှန်က စစ်သင်တန်းတက်ရောက်တာမဟုတ်ဘူးဗျာ၊ မူလတန်းအဆင့် ပညာရေးမြှင့်တင်ပေးခြင်း ထပ်ဆင့် ပြန်ပို့ချတဲ့ ရက်တို သင်တန်း သွားတက်ကြတာဟုတ်တယ်၊ ဧပြီလ ၁ ရက်နေ့က ဝှေခါ လမ်းမှာ ကား အစီးလုံးလိုက် အဖမ်းခံရတာ” ဟု ၎င်းက ပြောပြသည်။



Post a Comment

Previous Post Next Post