သရဲမွေးကြသူများ

Views

 သရဲ မွေးကြသူများ

▪️▪️▪️▪️▪️▪️▪️

▪️မီးပျက်တော့ ဆဲကြတယ်။ အစိုးရနဲ့ EPCကို ပေါ့။ 


▪️တကယ်လုပ်သွားတဲ့ လူတွေကိုကျ မသိတာလား။ မသိချင်ယောင်ဆောင်နေကြတာလား။ မေးကြည့်ချင်ပါတယ်။ မသိတာတော့မဖြစ်နိုင်ဘူးထင်တယ်။


▪️သေနတ်ဝယ်ဖို၊ ကျည်ဆံဝယ်ဖို၊ ဗုံးဝယ်ဖို ငွေလှူတာတွေ၊ ဟိုလူ့သတ်၊ ဒီလူ့သတ်၊ ဟိုနေရာမိုင်းခွဲ ဒီနေရာမိုင်းခွဲမြှောက်ပေးခဲ့ပြီးမှ မသိဘူးဆိုတာတော့ လုံးဝမဖြစ်နိုင်ပါဘူး။


▪️အခုတော့ မီးပျက်၊ ရေပျက်၊ ဟိုမသွားရ၊ ဒီမသွားရ၊ ကျောင်းမတက်ရ၊ အလုပ်မသွားရ၊ ဒါက ဘယ်သူလက်ချက်မှ မဟုတ်ဘူး။ 


▪️မစဉ်းစားမတွေးတောဘဲ စိတ်လိုက်မာန်ပါနဲ့ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်အလှူက ကိုယ့်ပြန်အကျိုးပေးနေတာ။ 


▪️ကိုယ်မွေးထားတဲ့ သရဲက ကိုယ့်ပြန်ခြောက်နေပြီ။ ကိုယ့်ပြန်ဒုက္ခပေးနေပြီ။


▪️လှူနေကျ ငွေ မလှူတော့ ကိုယ်ဝယ်ပေးထားတဲ့ သေနတ်ပြောင်းက ကိုယ့်နားထင်ကိုလှည့်လာပြီ။ 


▪️သင်္ကြန်မှာ ခဏလေးအပြင်ထွက် လည်ချင်လို ထွက်ဖိုပြင်တဲ့အခါ ကိုယ့်ငွေနဲ့ဝယ်ထားတဲ့ဗုံးက ကိုယ့်အထွက်ကိုစောင့်နေပြီ။ စိတ်ကောင်းမွေးပြီး မေတ္တာတရားထားရမှာကို မနာလိုမစ္ဆရိယ စိတ်နဲ့ သရဲမွေးခဲ့မိလေတော့ မွေးမိတဲ့သရဲဒဏ်ခံကြပေးဦးတော့။

လင်းထင် (အမိမြေ) 

၅-၄-၂၀၂၃

# MyanmarWon



Post a Comment

Previous Post Next Post