တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဘာကြောင့်ရရှိခဲ့တာလဲ…?

Views

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဘာကြောင့်ရရှိခဲ့တာလဲ…?

=============================

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိခဲ့တာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့က ခေတ်သစ်မီဒီညာက "ဆရာ၊ တပည့် ဆက်ဆံရေး ကတော့ အခုထက်ထိ ရှိနေတုန်းလို့ သိရပါတယ်။ တပ်ချုပ်ရာထူးကို ဦးသန်းရွှေက ပေးခဲ့လို့သာ လက်ရှိတပ်ချုပ်က ရတာပါ။ တကယ်က တပ်ချုပ်ရွေးတုန်းက DSA အပတ်စဉ် ၁၉ ကျောင်းဆင်း ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထက် စီနီယာကျတဲ့ DSA အပတ်စဉ် ၁၈ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ကျော်ပြီး ဦးသန်းရွှေက ပေးခဲ့တာ လည်း အားလုံးသိတာပဲ” ဆိုပြီး ပရမ်းပတာသတင်းတွေ ထရေးနေတာကို မနေနိုင်လို့ ပြောရ ဦးမယ်။

-

အဲဒီခေတ်တုန်းက ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဆိုတာက စစ်ရေးချုပ်ရာထူးအဆင့် ပဲရှိပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ စစ်ရေးချုပ်ရာထူးထက်ပိုပြီး ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်ရတဲ့ ကစထ(၂)မှူး တာဝန်ကို ယူထားရသူဖြစ်ပါတယ်။ ပြီးတော့ အဲဒီအချိန်တုန်းက ကစထ(၂)မှူး ဆိုတာက တခြားကစထမှူးတွေနဲ့တောင်မတူတဲ့ အရေး အကြီးဆုံး စစ်တိုင်းကြီးတွေကို ကိုင်တွယ်ခဲ့ရတဲ့ ရာထူးဖြစ်ပါတယ်။

တပ်မတော်ရဲ့ Protocol အရ ကြည့်မယ်ဆိုရင်လည်း ကစထ(၂)မှူးရဲ့ ရာထူးက စစ်ရေးချုပ်ရာထူးထက် ပိုမြင့်သလို ပိုလည်းအရေးကြီးတဲ့ ရာထူးဖြစ်ပါတယ်။

-

ဦးသန်းရွှေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ပေးခဲ့တယ်ဆိုတာက နိုင်ငံတော်နဲ့တပ်မတော်အတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်မယ် ဆိုတာယုံကြည်လို့ ပေးခဲ့တာဖြစ်ပါတယ်။ 

-

အဲဒီလိုပဲ နိုင်ငံတော်နဲ့ တပ်မတော်အတွက် သူလုပ် ဆောင်ခဲ့တဲ့ အတိတ်သမိုင်းကြောင်းတွေကိုကြည့်ပြီး ဒီရာထူးကို ထိုက်ထိုက်တန်တန် ပေးခဲ့တာပါ။ တပ်မတော်မှာ ရာထူးပေးတယ်ဆိုတာက ငါ့တပည့်ဖြစ်နေလို့ ဒီရာထူးတော့ ပေးလိုက်မယ်ဆိုတာမျိုး မရှိပါဘူး။ 

-

မီဒီညာတွေအနေနဲ့ တပ်မတော်ရဲ့ အကြောင်းကို ဂဃနဏ မသိဘဲ ထင်ရာမြင်ရာတွေ ရေးနေတာမြင်ရတော့ အဲဒီသတင်းရေးတဲ့သူတွေမှာ အရှက်သိက္ခာ ဆိုတာ မရှိတဲ့အပြင် တပ်မတော်ရဲ့ ရာထူးပေးတဲ့ လုပ်ငန်းစဉ်တွေကိုတောင် နားလည်ရဲ့ လားလို့ တွေးမိတယ်။ မင်းတို့ နီပိတ်တွေဆိုတာကလည်း တပ်မတော်အကြောင်း ဘာမှ မသိဘဲ ထင်ရာမြင်ရာရေးပြီး ဖောင်းထုဖို့လောက်ပဲတတ်တဲ့ နလပိန်းတုံးတွေလို့ပဲ ပြောချင် တယ်။


#မင်းမင်း

#KT



Post a Comment

Previous Post Next Post