ဆေးလောကအသိုင်းအဝိုင်းက ရွံရှာပြီ

Views

 ဆေးလောကအသိုင်းအဝိုင်းက ရွံရှာပြီ

***********************************

စမ်း​ချောင်းက ဒုတိယနှစ်​ဆေး​ကျောင်းသားအသတ်ခံရမှု ​​ဆေး​လောကအသိုင်းအဝိုင်းမှာ မ​ကျေမနပ်ဖြစ်​နေကြပြီး ​တော်လှန်​ရေးဆိုတာ ​တွေ့ရာလူ tတ်တာလားလို့ ​မေးခွန်းထုတ်လာကြပါပြီ... 

-

မတ် ၂၀ ရက်​နေ့က စမ်း​ချောင်း၊ ဆီဆုံလမ်းတွင် ​ဆေး​​​ကျောင်းမှ ပြန်လာသူ ​ဆေးတက္ကသိုလ် ဒုတိယနှစ် ​ကျောင်းသား ​မောင်ဝင့်မိုး​အောင်နှင့် တူဖြစ်သူအား အိမ်​ရှေ့ထွက်ကြိုသည့် အ​ဒေါ်ဖြစ်သူ ​ဒေါ်ခင်​မေကြည်တို့အား PDF အကြမ်းဖက်များက ​သေနတ်ဖြင့် အချက်​ပေါင်းများစွာ ပစ်ခတ်သဖြင့် ​မောင်ဝင့်မိုး​အောင် အသက်​သေဆုံးသွားခဲ့ပြီး၊ အ​ဒေါ်ဖြစ်သူ ​ဒေါ်ခင်​မေကြည်နှင့် လမ်းသွားလမ်းလာဖြစ်သူ မပုလဲထူးတို့,ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်...

-

​အိမ်နီးနားချင်းများထံ စုံစမ်း​မေးမြန်းမှုအရ ​သေဆုံးသူ ​ဒုတိယနှစ် ​ဆေး​​​​ကျောင်းသား ​မောင်ဝင့်မိုး​အောင်သည် အလွန်အ​နေ​အေးသူဖြစ်​ကြောင်း၊ အိမ်ထဲမှအိမ်ပြင်ပင် ကိစ္စမရှိပဲ မထွက်​ကြောင်း၊ ငယ်စဥ်ကတည်းက စာဂျပိုး​လေးတစ်ဦးဖြစ်​ကြောင်း၊ ​ခေတ်သစ်မီဒီယာမှာ ​ဖော်ပြ​နေသလို ဒလန်ဆိုသည်မှာလည်း မဖြစ်နိုင်ကြောင်း ​ကြားသိခဲ့ရသည်။

-

​​ဆေး​ကျောင်းသား ​မောင်ဝင့်မိုး​အောင်၏ သူငယ် ချင်းများကလည်း အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ အလွန်မ​​ကျေမနပ်ဖြစ်​​နေကြ​ကြောင်း ၄င်းတို့ရဲ့ လူမှုကွန်ယက်​​ပေါ်ရှိ ​ရေးသားမှုများအရ သိနိုင်သည်။

-

​ဆေးတက္ကသိုလ်နှင့် ဆရာဝန်အသိုင်းအဝိုင်းတွင်လည်း အဆိုပါ ​ဆေး​​ကျောင်းသား အသတ်ခံရမှုအ​ပေါ် ဝမ်းနည်း​နေကြပြီး၊ NUG နဲ့ PDF တို့ရဲ့ ​တော်လှန်​ရေးအ​ကြောင်းပြ၍ ​တွေ့သမျှလူကို ဒလန်​ခေါင်းစဥ်​အောက် စိတ်ကြိုက်သတ်ဖြတ်​နေမှုများအ​ပေါ် စိတ်ပျက်​​နေကြပြီဖြစ်ပါကြောင်း ။


ထွန်း​ဇော်

#KT






Post a Comment

Previous Post Next Post