ပလက်ဝမြို့နယ်တွင် နေရပ်ပြန်တိုက်ပွဲရှောင်ပြည်သူများကို ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေများပေးအပ်

Views

ပလက်ဝမြို့နယ်တွင် နေရပ်ပြန်တိုက်ပွဲရှောင်ပြည်သူများကို ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေများပေးအပ်

=================

မတ် ၂ ၊ ရခိုင်နေ့စဉ်


ပလက်ဝမြို့နယ်၊ မြို့မရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ရုံး၊ ကီမိုခန်းမဆောင်တွင် ယမန်နေ့ နံနက်ပိုင်းက နေရပ်ပြန်တိုက်ပွဲရှောင်ပြည်သူများကို ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေများ ပေးအပ်ပွဲပြုလုပ်ခဲ့ရာ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုက်ပွဲရှောင်စခန်း ကော်မတီဝင်များ၊ နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ပလက်ဝမြို့နယ်၊ အဘောင်သာကျေးရွာမှ နေရပ်ပြန် အိမ်ထောင်စု ၁၀၁ စု၊ လူဦးရေ အမျိုးသား ၂၁၇ ဦး၊ အမျိုးသမီး ၂၂၈ ဦး၊ စုစုပေါင်း ၄၄၅ ဦးအတွက် ပြောင်းရွှေ့စရိတ်အဖြစ် အိမ်ထောင်စု ၁ စုလျှင် ၁ သိန်းကျပ်နှုန်း၊ ဆန်ရိက္ခာ ၁ လစာအတွက် လူ ၁ ဦးလျှင် ၉၀၀၁ ကျပ်နှုန်း၊ စုစုပေါင်းငွေ ၁၄,၁၀၅,၀၀၀ ကျပ်နှင့် အိမ်သုံးပစ္စည်း ၁၇ မျိုးကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


#ရခိုင်နေ့စဉ် 








Post a Comment

Previous Post Next Post