သင်္ကြန်မိုးကိုသာမျှော်လင့်နေပါသည်

Views

သင်္ကြန်မိုးကိုသာမျှော်လင့်နေပါသည်

**********************************

သတင်းတစ်ခုဖတ်လိုက်ရတယ် ဘာတဲ့ "ဂျပန်မှာလုပ်မယ့် NUG သင်္ကြန်ပွဲကျင်းပဖြစ်တယ်" တဲ့ ပွဲဖြစ်တယ်ဆိုတဲ့သဘော... 

ပြည်တွင်းမှာရှိတဲ့ စိတ်မွန်းကြပ်နေကြတဲ့ ပြည်သူတွေပျော်ရွှင်မယ့် သင်္ကြန်ကိုကျတော့ ပျော်ရဲပျော်ကြည့်ဗုံးခွဲပစ်မယ်၊ သေနတ်နဲ့ပစ်မယ် ဆိုလာပြောလာ ကြတာလေ။ ခြိမ်းလားခြောက်လားနဲ့။ မင်းတို့လုပ်တာကျတော့ အကောင်း အမှန်။ ပြည်သူတွေလုပ်တာတော့ အမှား၊ လုပ်တဲ့လူတွေက ဒလန်ဖြစ်သွားရတယ်။

ဘာတဲ့ မင်းတို့တွေ တအားပြောလေ့ရှိတဲ့ ဒါလား ဓမ္မ??? ထွီ ရွံ့ဖို့ကောင်းလိုက်တာကွာ။ 

အမှန်ဆိုပြည်သူတွေကပျော်ချင်ပါတယ်လုံခြုံမှုမရှိလို့ မပျော်ရဲကြတာပါကွာ။ မင်းတို့က လုံခြုံမှုမပေးနိုင်ရင်တောင် မနှောက်ယှက်ရဘူး။ မခြိမ်းခြောက်ရဘူး။ 

မင်းတို့ မှတ်မိလား လွန်ခဲ့တဲ့ ၂ နှစ်က ပြည်သူတွေကို လမ်းမပေါ်ဆွဲတင်ပြီးအစိုးရကို ဆန့်ကျင်ခိုင်း ထိပ်တိုက်တွေ့ခိုင်းတာလေ။ သူတို့အထိနာအောင်တမင်တက်ခိုင်းတာ။ လူအထိနာမှ ဒါကိုအရင်းပြုပြီး လူထုအုံကြွအောင်ထပ်လုပ်မှာ။ မင်းတို့အကွက်တွေကိုတော့ ကလေးတွေနဲ့ သာမန်ပြည်သူတွေက ဘယ်သိမှာလည်းကွာ။ အေး ဘော်လိဝုဒ် အိန္ဒိယဇာတ်ကားတွေထဲမှာတောင် အဲဒီ အကွက်တွေ ခနခနပါတယ်။ 

လမ်းပေါ်က လူတွေကိုရင်း စာရင်းတွေ ပိုပြပြီး လူထုအုံကြွမှုကနေ အစိုးရကို အပ်ကွက်ဖမ်း တော်လှန်ရေးဆိုတာကြီးကို ဖန်တီးယူလိုက်တာ။ ငါတို့ပြည်သူတွေက ရိုးသားတယ်ကွာ။ သူတို့ကိုထိခိုက်ရင် နာကျည်းစိတ်ဖြစ်ပြီး တဖက်ပိတ်သွားရော။ 

-

အေး ငါပြောချင်တာအခုရောက်လာပြီ။ 

အခု မင်းတို့အဲဒီအကွက်ပြန် ရောက်လာပြီ။ အစိုးရကတော့လုံလောက်တဲ့ လုံခြုံရေးနဲ့ ခွင့်ပြု‌ပေးမှာ။ သင်္ကြန်ပွဲကိုကျင်းပပေးမှာ။ မင်းတို့မလုပ်ရတဲ့ပွဲ မင်းတို့ကမနာလိုမရှု့စိမ့်ဘူးလေ။ ပွဲပျက်မယ့်‌စေမယ့် အကြမ်းဖက်မှုမျိုးလုပ်ဖို့ အကွက်ကို

ချောင်းနေမှာပဲ။ သေချာတာတစ်ခုက မင်းတို့လုပ်ရင် လုံခြုံရေးတင်းကြပ်တဲ့နေရာ လုပ်မှာမဟုတ်ဘူး။ မင်းတို့မလုပ်ရဲဘူးလေ။ အေး မင်းတို့လုပ်ဖို့ရွေးတဲ့နေရာကသေချာတယ်လုံခြုံမှုအားနည်းတဲ့ ပြည်သူတွေပဲရှိနေနိုင်တဲ့‌နေရာပဲ။

အေး အဲဒီလိုပြည်သူကို သွားထိလို့ကတော့ မင်းတို့ အပ်ကွက်မိပြီသာမှတ်။ မင်းတို့ လုပ်ခဲ့တဲ့ အကွက်ထဲ မင်းတို့ပြန်မိသွားမှာ။ ပြည်သူအများရဲ့အမြင်မှာ မင်းတို့ကို တအားရွံသွားမှာ။ မင်းတို့ မြောင်းထဲရောက်သွားမှာ။ 

မြန်မာနိုင်ငံသားချင်းသံယောဇဉ်တစ်ခုရှိနေသေးလို့ အကြံဉာဏ်တစ်ခုပေးချင်တယ်။ သင်္ကြန်မိုး ဇာတ်ကားလေး တော့ပြန်ကြည့်လိုက်ပါကွာ။ ကိုငြိမ်းမောင်က အငြိုးတကြီးနဲ့ သူ့သားသက်ထွေးကို အသုံးချပြီးဖျက်လိုဖျက်ဆီးလုပ်ခိုင်းတဲ့ အခန်းလေ။ အဲဒီအခန်းလေးပဲကြည့်ပါ။ 

လူငယ်တွေရဲ့ စိတ်သဘောထားကိုထင်ဟပ်စေတာ။ ပြန်ကြည့်လိုက်ပါ။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ဒီကာလလေးမှာ မိုးသက်လေပြင်းဆိုတာထက် သင်္ကြန်မိုးလေးကိုပဲ ပြည်သူတွေမျှော်လင့်နေတာပါ။ 


Shwe Teik Soe

#KT



Post a Comment

Previous Post Next Post