ရေတာရှည်သတင်းဆက်

Views

အားလုံးသိပြီးဖြစ်တဲ့ ရေတာရှည်သတင်းပါ

-

ဖမ်းဖို့ကျန်နေတဲ့ တရားခံ ၂ ယောက်ကျန်နေတဲ့အတွက် မတင်ဖြစ်တာ ..

အခုတော့ အကုန်လုံးဖမ်းမိပြီဆိုလို့ ပြန်တင်တာပါ။

-

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ အကြမ်းဖက် သောင်းကျန်း သူများမှ လက်နက်ခဲယမ်းများသယ်ယူရွှေ့ပြောင်းရန် စီစဉ်နေကြောင်း သတင်းအရ ကရင်ချောင်းတံတားနှင့် ရေတာရှည်မြို့ကြား စမ်းကြီးကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးရေး ဆောင်ရွက်ခဲ့ရာ မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ကရင်ချောင်းတံတားမှ ရေတာရှည်မြို့ဘက်သို့ မောင်းနှင်လာတဲ့ ယာဉ်မောင်း ဉီးပဏ္ဍိတ (ခ) ဉီးဝင်းကြိုင် ၄၄ နှစ် ဗောဓိကုန်းကျောင်းတိုက်၊ ကရင်ချောင်းကျေး ရွာနေသူ မောင်းနှင်လာသော YGN/RLG-3154 နံပါတ်တပ်ဆင်ထားသော Mark - 2 Crown အမျိုးအစားယာဉ်၏ နောက်ဖုံးအတွင်း လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပါသည်။

-

ဖမ်းဆီးရမိသော လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများမှာ 

(၁) MK-12 သေနတ် ၃ လက်

(၂) FGC-9 သေနတ် ၉ လက်

(၃) ပွိင့် ၃၀၃ ရိုင်ဖယ် ၁ လက်

(၄) ၅.၅၆ လက်လုပ်ရိုင်ဖယ် ၄ လက်

(၅) ၅.၅၆မမ ကျည် ၁၀၄၅ တောင့်

(၆) ၇.၆၂မမကျည် ၁၇၆တောင့်

(၇) ၁၂ ဗို့ကျည် ၂၃၄တောင့်

(၈) ၉မမကျည် ၂၁၉ တောင့်

(၉) လက်လုပ်မိုင်း ၄ လုံး

(၁၀) လက်ပစ် ဗုံး ၇ လုံး

(၁၁) ပုလင်းမိုင်း ၄ လုံး

(၁၂) ယမ်းပျော့ ၁၅ထုပ်

(၁၃) ဖျူးစ် ၁၂ ချောင်း

(၁၄) စနက်တံ ၁၀၀ ခု

(၁၅) MK-12 ကျည်အိမ် ၉ ခု

(၁၆) FGC-9 ကျည်အိမ် ၉ ခု

(၁၇) M -16 ကျည်အိမ် ၃ ခု

(၁၈) ၅.၅၆ လက်လုပ်ကျည်အိမ် ၉ ခု

(၁၉) စနိုက်ပါမှန်ပြောင်း ၂ ခုနှင့် 

(၂၀) ဆက်စပ်ပစ္စည်း

များအား တရားခံ ၇ ဉီးနဲ့အတူသိမ်းဆည်းရမိ ။


#KT 









Post a Comment

Previous Post Next Post