အကြမ်းဖက် PDF များမှ အပြစ်မဲ့ ကျောင်းအုပ်ဆရာမကြီးတစ်ဦးအားရက်ရက်စက်စက်သတ်ဖြတ်

Views

 Breaking News

***************

ဖေဖော်ဝါရီလ ၂၃ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း အရှေ့တောင်ဘက်ရှိ တကေးချောင်းဖျားရွာ အမက ဆရာမကြီး ဒေါ်နွယ်ဦး အား PDF အဖွဲ့မှ ဆိုင်ကယ် ၂စီး လူ ၄ ယောက်ဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။ 

-

အဆိုပါ ကျောင်းအုပ်ဆရာမကြီးအား ကျိုက်ထိုမြို့တွင် အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော KRFအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပြီး နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်များမှ အချိန်မီကူညီကယ်ဆယ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။

-

Latest News

************

ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း အရှေ့တောင်ဘက်ရှိ တကေးချောင်းဖျားရွာ အမက ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်ဦး အား PDF များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး မကြာမီအချိန်အတွင် သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

-

နယ်မြေခံလုံခြုံရေးအဖွဲ့များမှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့သော်လည်း အချိန်မမီလိုက်ဘဲ အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံရပြီး အသက်ဆုံးရှုံးလိုက်ရကာ ပညာရေးဝန်ထမ်းကောင်းတစ်ဦး ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း စိတ်မကောင်းစွာ ကြားသိရပါသည်။

-

အကြမ်းဖက်သမားတို့၏ လုပ်ရပ်အရ စာမေးပွဲဖြေနေသော ကာလအတွင်း ကလေးများ၏အနာဂတ်ဖျက်ဆီးရာ ရောက်သကဲ့သို့ ပညာရေးဝန်ထမ်းတစ်ဦးအား လူမဆန်စွာ သတ်ဖြတ်ခဲ့ခြင်းမျိုးလည်း ဖြစ်ပါသည်။

-

ယခုကဲ့သို့ အကြမ်းဖက်ခံရမှု ဖြစ်စဥ်များ ထပ်မံမဖြစ်ပွားစေရန် အကြမ်းဖက်သမားများ၏ သတင်းများအား လုံခြုံရေးအဖွဲ့ဝင်များထံ သတင်းပေးပို့ကြပါရန် ထပ်မံအသေးပေး နှိုးဆော်အပ်ပါသည် ခင်ဗျာ..


Saw Ba Maung(ဖားစည်သံ)

#KT



Post a Comment

Previous Post Next Post