NUG/PDFs တို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုများ

Views

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုများနဲ့ အကြမ်းဖက်မှုများရဲ့ လက်သည်တရားခံသည် အကြမ်းဖက် NUG အဖွဲနဲ့ ၎င်းရဲ့လှုဆော်ဖွဲစည်းမှုကြောင့် ပေါ်ပေါက်လာတဲ့ PDFs အကြမ်းဖက်များကြောင့် ဖြစ်တယ်ဆိုတာကို အထောက်အထား အခိုင်အမာနဲ့ တင်ပြထားတဲ့ ဆောင်းပါးတွေကို ပြည်သူတွေနဲ့ နိုင်ငံတကာက သိရှိနိုင်အောင် အလျဉ်းသင့်သလို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ သိုပေမယ့်လည်း တစ်ချိုနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲအစည်းတွေဟာ အသိခေါက်ခက် အဝင်နက် နေဆဲဖြစ်ပြီး၊ အကြမ်းဖက် NUG/PDFs နဲ့ ၎င်းတိုရဲ့ အပေါင်းအပါတွေကို တရားဝင်တစ်မျိုး၊ တရားမဝင်တစ်မျိုး ထိတွေ့ဆက်ဆံနေကြဆဲဖြစ်ပါတယ်။

-
ဒီလိုမျိုး ထိတွေ့ဆက်ဆံနေမှုတွေဟာ အကြမ်းဖက်အဖွဲဖြစ်တဲ့ NUG/ PDFs အဖွဲတွေကို အားပေးနေသလို မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှုများကို ပိုဆိုးလာအောင် မီးထိုးပေးနေတဲ့ လုပ်ရပ်များပဲဖြစ်ပါတယ်။ နိုင်ငံတကာမှာ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှု (Terrorism & Terrorism Acts) ကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြပေမယ့် ဒီနေ့ NUG/PDF တွေရဲ့ လုပ်ရပ်တွေက တော်လှန်ရေးအမည်ခံပြီး နိုင်ငံရေးရပ်တည်ချက်မတူတဲ့ အပြစ်မဲ့ ပြည်သူတွေ၊ ၎င်းတိုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မထောက်ခံတဲ့ အပြစ်မဲ့ပြည်သူ (Non-Combatants) တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ်ကြံ သတ်ဖြတ် နေကြတာက မည်သည့်ကမ္ဘာ့လူ့အဖွဲအစည်းကမှ လက်မခံနိုင်တဲ့ အကြမ်းဖက် လုပ်ရပ်များဖြစ်တယ်ဆိုတာ NUG အကြမ်းဖက်အဖွဲကို ထိတွေ့ဆက်ဆံနေကြတဲ့ လူပုဂ္ဂိုလ်၊ အဖွဲအစည်းနဲ့ နိုင်ငံများကို ထပ်မံအသိပေး ပြောကြားလိုပါတယ်။


လုပ်ကြံသတ်ဖြတ်ခံရသူအများစုက NUG အဖွဲရဲ့ “Hit Lists” အရ စစ်တပ်ကို သတင်းပေးလို၊ NLD ကိုမထောက်ခံလို၊ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်လို၊ အုပ်ချုပ်ရေးမှူး လုပ်လို၊ စစ်မှုထမ်းဟောင်းဖြစ်လိုဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံနေရခြင်းတွေပါဝင်သလို၊ NLD ပါတီကို ထောက်ခံသူ ဖြစ်ပေမယ့် ဆက်ကြေးမပေးလို၊ ဆက်လက်မထောက်ခံတော့လိုဆိုတာနဲ့ အခြားသော ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေကြောင့် သတ်ဖြတ်မှုတွေပါ ပါဝင်နေပါတယ်။ သူတိုပြောတဲ့ အကြောင်းပြချက်တွေဟာ လူတစ်ဦး (သိုမဟုတ်) မိသားစုတစ်စုလုံးကို ကလေးပါ မကျန် သတ်ဖြတ်ရလောက်အောင် လုံလောက်တဲ့အကြောင်းအရင်း မဟုတ်ဘူး ဆိုတာ သာမန်စဉ်းစားဉာဏ်ရှိသူတိုင်း သိနိုင်ပါတယ်။ သူတို ဒလန်လို စွပ်စွဲထားသူ အပြင် ဘာမှမဆိုင်တဲ့ မိသားစုဝင်တွေကိုပါ ဆွေးစဉ်မျိုးဆက် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာတွေက ဘယ်လိုမှ လက်ခံလိုမရတဲ့ အကြမ်းဖက်ရာဇဝတ်မှုများသာ ဖြစ်ပါတယ်။
-
လုပ်ကြံသတ်ဖြတ်ခံရသူတွေရဲ့ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ သာမကဘဲ ကြားသိမြင်တွေ့ရသူတိုင်း စိတ်မကောင်း၊ ဝမ်းနည်း၊ ထိတ်လန့်၊ တုန်လှုပ်ရတဲ့ ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်တွေဖြစ်လာရတဲ့ ဇစ်မြစ်က NUG အဖွဲရဲ့ စေခိုင်းစီမံမှုတွေနဲ့ လှုဆော်မှုတွေအရ PDF အဖွဲတွေက မြေပြင်မှာ ကျူးလွန်နေကြတာဖြစ်ပါတယ်။ ငြင်းလိုမရနိုင်တဲ့ အထောက်အထားတွေ၊ ခိုင်မာတဲ့ မှတ်တမ်းတွေ အားလုံးရှိနေပြီး၊ ကမ္ဘာသိအောင် သတင်းများ ထုတ်ပြန်ပေးနေသလို၊ သက်ဆိုင်ရာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး နိုင်ငံတကာအဖွဲအစည်းများနဲ့ နိုင်ငံတကာရဲတပ်ဖွဲများကိုလည်း ထပ်ခါတလဲလဲ အသိပေးထားပြီး ဖြစ်ပါတယ်။
-
မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေဟာ ယခင် NLD အစိုးရအနေနဲ့ မဲမသမာမှုတွေကို နိုင်ငံရေးနည်းလမ်း၊ အုပ်ချုပ်ရေးနည်းလမ်းနဲ့ ဖြေရှင်းလိုရပါလျက်နဲ့ မဖြေရှင်းဘဲ အတင်းအဓမ္မလွှတ်တော်ခေါ်ပြီး နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူဖို ကြိုးစားခဲ့ခြင်းက အခြေခံအကြောင်းတရားဖြစ်ပါတယ်။ NUG အဖွဲအနေနဲ့ ဖွဲစည်းပုံ အခြေခံဥပဒေအရ အာဏာထိန်းထားရတဲ့ နစကအစိုးရကို ပြည်သူနဲ့ နိုင်ငံတကာက အထင်အမြင်လွဲမှားအောင် ဆောင်ရွက်ပြီး အကြမ်းဖက် လူသတ်လမ်းစဉ်နဲ့ ပြည်သူတွေကို အကြောက်တရားသွင်းဖို၊ အာဏာဖီဆန်ဖို အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်ကို ရွေးချယ်လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။ မင်းသားကြီးမလုပ်ရတဲ့အခါ ပတ်မကြီး ထိုးဖောက်မယ်ဆိုတဲ့ စိတ်ဓာတ်ကနေ စတင်သန္ဓေတည်လာတာ ဖြစ်ပါတယ်။
-
ဒီလိုအခြေခံအကြောင်းတရားကို လက်မခံဘဲ နစကအစိုးရကို အသိအမှတ် မပြုချင်လို စစ်တပ်က မတရားအာဏာသိမ်းထားတယ်ဆိုတဲ့ တစ်ဖက်သက် စွပ်စွဲချက်နဲ့ NUG အဖွဲနဲ့ ထိတွေ့ဆက်ဆံနေခြင်းဟာ ၎င်းတိုအနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေပိုမိုဆောင်ရွက်နိုင်အောင် မီးလောင်ရာလေပင့်ပေးတဲ့ သဘောမျိုး ဖြစ်နေတယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်။ ၎င်းတိုအနေနဲ့ အကြမ်းဖက်မှု တွေကို တရားဝင်လုပ်ဆောင်ခွင့်ရရှိသလိုဖြစ်နေပါတယ်။ ဒါကြောင့်လည်း PDF အဖွဲတွေဟာ ပိုမိုလက်ရဲဇက်ရဲနိုင်လာပြီး လက်မရွံလူသတ်လာကြတာ ဖြစ်ပါတယ်။ -


NUG/PDFs တွေအနေနဲ့ ဘယ်လူမှုအဖွဲအစည်းကမှ လက်ခံလိုမရတဲ့ အကြမ်းဖက်လူသတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို ဘယ်လိုမှငြင်းမရနိုင်တဲ့ ခိုင်မာတဲ့အထောက်အထားတွေရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ NUG/PDFs အကြမ်းဖက် အဖွဲတွေ ကျူးလွန်ခဲ့တဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေ၊ အဆောက်အဦတွေ၊ တာဝါတိုင်တွေ၊ လမ်း၊ တံတားတွေကို ဗုံးခွဲတိုက်ခိုက်မှုပေါင်း ၈,၅၄၁ ကြိမ်၊ မီးရှိတိုက်ခိုက်မှုပေါင်း ၁,၂၃၄ ကြိမ်နဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် သံဃာ ၇၀ ပါးနဲ့ သီလရှင် ၂ ပါး အပါအဝင် ပြည်သူနဲ့ ဝန်ထမ်းပေါင်း ၅,၄၆၁ ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
-
ဒီလိုအကြမ်းဖက်မှုတွေထဲကမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ Mass Killings နဲ့ လူသားဖြစ်တည်မှုကိုခြိမ်းခြောက်တဲ့ရာဇဝတ်မှု Crimes against Humanity မြောက်တဲ့ ဖြစ်စဉ်တွေကို ဇယားနဲ့ ဖော်ပြပေးလိုက်ပါတယ်။  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ၊ မိသားစုဝင်/လူ (၃) ဦးနှင့် အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၇၆ ခုရှိပြီး၊ အပြစ်မဲ့ ပြည်သူပေါင်း ၃၄၅ ဦး သေဆုံးပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အချိုအသတ်ခံရ သူများထဲမှာ အရွယ်မရောက်သေးသူ ကလေးငယ်များ ပါဝင်နေတာတွေ့ရ ပါတယ်။
-


PDF တွေရဲ့ လူသတ်ပွဲ ၇၆ ခုဟာ တစ်ဦးချင်း လုပ်ကြံ သတ်ဖြတ်ခံရသူတွေ မပါဝင်ဘဲ NUG အဖွဲရဲ့ “Hit Lists” အရ သတ်ဖြတ်ရမယ့် သူအပါအဝင် ၎င်းတိုရဲ့မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေကိုပါ (၃) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ တနည်းအားဖြင့် သူတို အခေါ် “ဒလန်” လို စွပ်စွဲသူတွေအပါအဝင် ဘာမှမဆိုင်တဲ့ ဇနီးမယားနဲ့ သား သမီးတွေကို ဆွေစဉ်မျိုးဆက် မျိုးတုံးအောင် သတ်ဖြတ်ခဲ့ကြတဲ့ ဖြစ်စဉ်များ ဖြစ်ပါတယ်။-
ဆိုးရွားတဲ့ဖြစ်စဉ်တစ်ချိုကို ထုတ်နှုတ်ဖော်ပြရရင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ  ၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြိုနယ်၊ ကျားကျေးရွာမှာ အကြမ်းဖက် PDF တွေက ဦးမြင့် (၆၇) နှစ်နဲ့ သူရဲ့ တူသားမြေးများဖြစ်ကြတဲ့ မောင်အောင်ခိုင် (၂၇) နှစ်၊ မောင်ကျော်ထက်အောင် (၁၆) နှစ်၊ မောင်အောင်မျိုးနိုင် (၂၇) နှစ်၊ မောင်ဇင်မင်းထက် (၁၇) နှစ်၊ မောင်မျိုးမြင့် (၂၀) နှစ်၊ မောင်ဇော်ထက်အောင် (၁၉) နှစ်နဲ့ မောင်ပြည့်ဖြိုးသူ (၁၇) နှစ်၊ ပေါင်း (၈) ဦးကို လက်ပြန်ကြိုးတုပ် ဖမ်းဆီး ခေါ်ဆောင်ပြီး ကျေးရွာအရှေ့ဘက် တဲစုအနီးမှာ သူလျှိ၊ ဒလန်လို စွပ်စွဲပြီး တုတ်၊ ဓားတွေနဲ့ ဝိုင်းဝန်း ထိုးခုတ် ရိုက်နှက်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ကြပါတယ်။ ဒီလူတွေအားလုံဟာ သူလျှိ၊ ဒလန်ဖြစ်နိုင်ပါသလား စဉ်းစားကြည့်ဖိုလိုပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၄ ရက်နေ့၊ ရွှေဘိုမြိုနယ်၊ ဝါးရုံကန်ကျေးရွာမှာ ဒေါ်လဲ့လဲ့ဝင်း(၄၂)နှစ်ရဲ့ နေအိမ်ကို PDF အကြမ်းဖက်သမားတွေ ရောက်ရှိလာပြီး လက်နက်ငယ်များနဲ့ ပစ်ခတ်လို  ဒေါ်လဲ့လဲ့ဝင်းမှာ နောက်ကျော၊ ဝဲပေါင်ရင်း ကျည်ဖောက်ဝင်၊ ဝဲတင်ပါးပြတ်ရှဒဏ်ရာ(စိုးရိမ်ရ)၊ ခင်ပွန်းဖြစ်သူ ဦးပေါရွှေ (၆၀)နှစ်တွင် ယာနိုအုံအောက်၊ ယာခြေသလုံး၊ ယာပေါင်ကျည်ထိမှန်ဒဏ်ရာ (စိုးရိမ်ရ)၊  ညီမများ ဖြစ်ကြတဲ့ ထားထားနွယ် (၃၃)နှစ်မှာ ယာဝမ်းဗိုက်၊ နောက်ကျော ကျည်ထိမှန်၊ ဦးခေါင်းထိပ်ပြတ်ရှဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ဇာမွန်သိမ့်(၂၃)နှစ်မှာ ဝဲမျက်လုံး ကျည်ဖောက်ဝင်ဒဏ်ရာ၊ လှိင်အဏ္ဏဝါ(၄၁)နှစ်တွင် ဦးခေါင်းထိပ် ကျည်ထိမှန် ဒဏ်ရာနဲ့ နှင်းဝင်းခိုင်(၁၉)နှစ်တိုဟာ ဝဲမျက်လုံး၊ ဝဲလက်ဖျံ ကျည်ထိမှန် ဒဏ်ရာ တိုနဲ့ သေဆုံးသွားခဲ့ကြပါတယ်။ ဖြစ်စဉ်မှာ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ကျား ၁ ဦး၊ မ ၂ ဦး ပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အကြမ်းဖက်မှုနဲ့ လက်နက်ကိုင် လမ်းစဉ်ကို မထောက်ခံတဲ့ အမျိုးသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ ကြတာဖြစ်ပါတယ်။


၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုနယ်၊ ပန်းချီကျေးရွာနေ ဦးဝင်းရှိန် (၅၀ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်မြဦး(၄၅ နှစ်) ၊ ညီဖြစ်သူ ဦးနိုင်ထွန်း (၄၅)နှစ်၊ သား/ သမီးများဖြစ်ကြသည့် ကောင်းထက်ရှိန်(၂၂ နှစ်)၊ ပိုင်ထက်ရှိန် (၁၈နှစ်)၊ ဇံထက်ရှိန်(၁၅)နှစ်၊ စိုင်းထက်ရှိန်(၁၂)နှစ်၊ နှင်းရတီရှိန် (၈)နှစ် တိုရဲ့ နေအိမ်ကို PDF အကြမ်းဖက်သမားတွေ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ကြလို ဦးဝင်းရှိန်၊ ဒေါ်မြဦး၊ ကောင်းထက်ရှိန်နှင့် ပိုင်ထက်ရှိန် တို ၄ ဦးက နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ စိုင်းထက်ရှိန်နဲ့ နှင်းရတီရှိန်တိုမှာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး၊ ဇံထက်ရှိန်ကတော့ ကုတင်အောက်မှာ ဝင်ရောက် ပုန်းခိုနေလို ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ကျား ၃ ဦး ၊ မ ၁ ဦး ပေါင်း ၄ ဦး သေဆုံးခဲ့ပြီး ကျား ၁ ဦး ၊ မ ၁ ဦး ပေါင်း ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီလိုတစ်မိသားစုလုံးကို ရက်ရက်စက်စက်သတ်ရတဲ့ အကြောင်း အရင်းက ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ခင်မင်ရင်းနှီးလိုဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်ပါတယ်။ သာမန်ပြည်သူတွေဟာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ထိတွေ့ဆက်ဆံ နေရသူတွေသာ ဖြစ်ပါတယ်။ သူတိုမှာ ဝန်ထမ်းတွေနဲ့ ခင်မင်ရင်းနှီးခွင့်မရှိဘူးလား၊ မိသားစုတစ်ခုလုံးကို အစုလိုက်အပြုံလိုက်သတ်ရလောက်အောင် လုံလောက်တဲ့ အကြောင်း အရင်း ဟုတ်ပါသလားဆိုတာကို စဉ်းစားကြည့်စေချင်ပါတယ်။
-
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ မကွေးတိုင်းဒေသကြီး၊ ဆောမြိုနယ်၊ ဇေယျာရက်ကွက်မှာ ဦးခင်မောင်လင်းနှင့် မိသားစုဝင်များက အိမ်နီးချင်းဖြစ်သူ ဦးအောင်သိန်းဝင်း၊ ဦးခင်မောင်ကြည်တိုနဲ့အတူ နေအိမ်၌ ဘောလုံးပွဲကြည့်နေစဉ်မှာ PDF အကြမ်းဖက်သမားတွေရောက်လာပြီး အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သူ ဦးခင် မောင်လင်း (၆၁)နှစ်၊ ဒေါ်ယဉ်ငွေ (ဇနီး) (၅၉)နှစ်၊ ဦးဇော်လင်း (ညီ) (၅၈) နှစ်၊ ဒေါ်ခင်မာသက် (ချွေးမ) (၃၆)နှစ်၊ မသက်အေးငြိမ်း (မြေး) (၁၆)နှစ်၊ ဦးအောင်သိန်းဝင်း (အိမ်နီးချင်း) (၆၀)နှစ်၊ ဦးခင်မောင်ကြည် (အိမ်နီးချင်း) (၆၀)နှစ်(ဒဏ်ရာရ)တိုကို ဒလန်လိုစွပ်စွဲပြီး ပစ်ခတ်သတ်ဖြတ်ခဲ့လို (၆)ဦး သေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။ သတ်ဖြတ်ရုံတင်မကဘဲ FORLAND မော်တော်ယာဉ်(၁)စီး၊ HIJET အမျိုးအစားမော်တော်ယာဉ် (၁)စီး၊ ကာလတန်ဖိုး (စိစစ်ဆဲ)ရွှေ(၅)ကျပ်သားခန့်၊ ငွေကျပ် သိန်း(၅၀) တိုကို အဓမ္မ ယူဆောင်သွားခဲ့ကြပါတယ်။ ဒီလို မိသားစု တစ်စုလုံးနဲ့ အိမ်နီးချင်းတွေပါမကျန် အစုလိုက်အပြုံလိုက်သတ်ရတဲ့ အကြောင်း အရင်းက ဦးအောင်လင်းတိုမိသားစုဟာ အုတ်ဖုတ်လုပ်ငန်းနဲ့ စီးပွားရေး အဆင်ပြေ သူများဖြစ်ပြီး PDF အကြမ်းဖက်သမားတွေကို ငွေကြေးတစ်စုံတစ်ရာ ထောက်ပံ့ ပေးခြင်းမရှိလိုဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်ပါတယ်။ PDF ဆိုတာ ပိုက်ဆံမရရင် အစုလိုက် အပြုံလိုက် လူသတ်နေတဲ့ အကြမ်းဖက်သမားစစ်စစ်ဖြစ်တယ်ဆိုတာ သက်သေပါပဲ။


-
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြိုနယ်၊ ငါးမြောင်ကျေးရွာမှာ NLD/PDF အကြမ်းဖက်တွေက ဝင်ရောက်သတ်ဖြတ်ခဲ့လို ဒလန်/သတင်းပေးဟု စွပ်စွဲပြီး ဦးကျော်လှိင် (၆၅)နှစ် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဒေါ်မြညွန့်(၇၃)နှစ် (ဇနီး)တွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးမျိုးဝင်း (၄၃)နှစ် (သမက်)တွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဒေါ်နှင်းမြခိုင် (၃၈)နှစ် (သမီး)တွင် ဝမ်းဗိုက် ထိုးသွင်း/ပြတ်ရှ ဒဏ်ရာ၊ မနှင်းမြလှိင် (၃၆)နှစ် (သမီး)တွင် ဝမ်းဗိုက်နှင့် ခြေထောက်ထိုးသွင်း/ ပြတ်ရှ ဒဏ်ရာ၊  မစုမြတ်စံ (၁၅)နှစ် (မြေး)တွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ မသိမ့်ရွှေဘုံစံ (၁၁)နှစ် (မြေး)တွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ မောင်ခန့်ဇေယျာမျိုး (၆)နှစ် (မြေး) တွင် လည်ပင်း ပြတ်ရှဒဏ်ရာတွေနဲ့ မိသားစုဝင် ၈ ဦးစလုံး သေဆုံးခဲ့ကြရပါတယ်။ မိသားစုတစ်စုလုံးက ဒလန်သတင်းပေး ဖြစ်နိုင်ပါသလား၊ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေဟာ ဒလန်တွေ သတင်းပေးတွေ ဖြစ်နိုင်ပါသလား၊ စဉ်းစားချင့်ချိန်ကြည့်ကြစေလိုပါတယ်။ မိသားစုတစ်စုလုံးကို ရက်ရက်စက်စက် လည်လှီးသတ်ခဲ့ကြတာ ဖြစ်ပါတယ်။
-
ဒီလိုမျိုး ဖြစ်စဉ်တွေကို ကြည့်ရင် PDF တွေအနေနဲ့ NUG ရဲ့ အကြမ်းဖက် မူဝါဒနဲ့ သွေးထိုးလှုဆော်မှုကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များ အပါအဝင် သူတိုနဲ့ အမြင်မတူသူ၊ မထောက်ခံသူတွေကို ရက်စက်စွာ အစုလိုက် အပြုံလိုက် အကြမ်းဖက်ခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးအမြင်မတူမှုကို အခြေခံပြီး လူမျိုးတုံး သတ်ဖြတ်မှု Genocide ဆန်ဆန်ကျူးလွန်နေကြတာဖြစ်ပြီး၊ အစုလိုက် အပြုံလိုက် Mass Killings နဲ့ လူသားဖြစ်တည်မှုကို ခြိမ်းခြောက်တဲ့ ရာဇဝတ်မှု Crimes against Humanity ကို ကျူးလွန်နေကြတာ မဟုတ်ဘူးလားလို မေးခွန်းထုတ် လိုပါတယ်။

ဒီလိုလုပ်ရပ်တွေကို ကျူးလွန်တဲ့ NUG/PDF တွေကို ငွေကြေးထောက်ပံ့ပြီး၊ နိုင်ငံရေးအရ တိုက်ရိုက်(သိုမဟုတ်)သွယ်ဝိုက်ပြီး ထိတွေ့ဆက်ဆံနေကြတဲ့ နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲအစည်းတွေအနေနဲ့ အထူးဂရုပြု တွေးဆဆင်ခြင်ဖို လိုအပ်ပါတယ်။ ဒါကြောင့် NUG/ PDF တွေ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာနဲ့ မီဒီယာစာမျက်နှာတွေမှာ ငွေအင်အား၊ နည်းပညာအားနဲ့ ဖုံးဖိထားပြီး၊ တည်ဆဲ အစိုးရကို တစ်ဖက်သက် ဖိအားပေးနေတဲ့ လုပ်ရပ်တွေဟာ ရိုးသားမှုမရှိတဲ့ နိုင်ငံရေးလုပ်ကွက်တွေ ဖြစ်ပါကြောင်း ဖော်ထုတ်တင်ပြလိုက်ရပါတယ်။

 

Post a Comment

Previous Post Next Post