KIA က အမျိုးချင်းလည်း မညှာတာပါ

Views

KIA က အမျိုးချင်းလည်း မညှာတာပါ

********************************

မြေရှားသတ္တုတူးဖော်မှုကို ဆန့်ကျင်ကန့်ကွက်သည့် ဒေသခံပြည်သူများအား Kia မှ သတိပေး ခြိမ်း‌ ခြောက်ပြောဆိုပြီး စစ်ဆေးနေချိန်တွင် ဒိန်ဆိန်းပါကျေးရွာနေ ဆန့်ကျင်ကန့်ကွက်ခဲ့သူ ဒေါ်လထော်ရွယ် သေဆုံးသွားခဲ့ပါတယ်။

-

ကချင်ပြည်နယ်၊ မံစီမြို့နယ် ၊ အင်ဘာပါကျေးရွာနဲ့ ဒိန်ဆိန်းပါ ကျေးရွာတွင် မြေရှားသတ္တုတူးဖော်ခြင်းကို kia ရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှ စတင်ကာ ပြင်ဆင်မှုများရှိနေတဲ့အတွက် ဘာသာရေးခေါင်းဆောင်များ၊ ဒေသခံပြည်သူများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

-

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဆန့်ကျင်ကန့်ကွက်သည့် ဒေသခံများကို ခေါ်ယူစစ်ဆေးကာ kia က "ယခုလို ‌မြေရှားသတ္တုတူးဖော်တာဟာ ဗဟိုကနေ တိုက်ရိုက်ညွှန်ကြားချက် ဖြစ်ကြောင်း၊ဆန့်ကျင်ကန့်ကွက်သူများကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း " ပြောဆိုခြိမ်းခြောက်ခဲ့ကာ စစ်ဆေးနေစဉ်အတွင်း ဒေါ်လထော်ရွယ် သေဆုံးခဲ့ရပါတယ်။

-

ဒေသခံများမှ "သေဆုံးသွားသူ ဒေါ်လထော်ရွယ်အား မြေရှားကန့်ကွက်မှု လုပ်ငန်းတွင် သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း သိရှိရပါတယ်။


မူရင်း link

https://m.facebook.com/story.php?story_fbid=3053176954991798&id=100008985701096


#KT 









Post a Comment

Previous Post Next Post