KIA Vs TNLA အဖွဲ့တို့ အားပြိုင်ခြင်း
******************************
ပြီးခဲ့တဲ့ ၄ ရက်နေ့က KIA အဖွဲ့တွေနေတဲ့ စခန်းကို
TNLA အဖွဲ့က အင်အား ၂၅၀ လောက်နဲ့၀ိုင်းပြီး
KIA အဖွဲ့ဝင် ပလောင်လူမျိုး ၅၀ ဦးကို
ဖမ်းဆီးဆောင်သွားတယ်...
-
ဘယ်လိုအကြပ်ကိုင်ပြီးခေါ်သွားသလဲဆိုတာကို
ပြောပြမယ်...
-
KIA အဖွဲ့တွေနေတဲ့စခန်းကို TNLA အဖွဲ့တွေ
ရောက်လာကြတယ်...
-
TNLA အဖွဲ့က KIA စခန်းထဲမှာ တာ၀န်ထမ်းဆောင်
နေတဲ့ ပလောင်လူမျိုးတွေကို သူတို့ဆီ လွှဲပေးခိုင်း
တယ် ...လွှဲမပေးဘူးဆိုရင် စခန်းကို ၀င်တိုက်မယ်
လို့ ခြိမ်းခြောက်တယ်..
-
KIA အဖွဲ့က ခေါင်းဆောင်ကလည်း "ယခု စခန်းထဲ
က ပလောင်လူမျိုးတွေဟာ မိမိသဘောအလျောက်
KIA ထဲဝင်လာတာဖြစ်တယ် "
-
မင်းတို့နောက်ကိုလည်း သူတို့ကမလိုက်နိုင်ဘူး
ဆိုပြီး သူတို့ကပြောတယ်...
အဲဒီတော့ မင်းတို့ကို မပေးနိုင်ဘူး..
မင်းတို့ တိုက်ရင် ငါတို့လည်း တိုက်မယ်ဆိုပြီး
KIA ခေါင်းဆောင်ကပြန်ပြောတယ်
-
အဲဒီလို KIA အဖွဲ့ကပြန်ပြောတော့ TNLA အဖွဲ့ဟာ
စခန်းအောက်ခြေရှိ ကချင်ရွာထဲကိုပြန်ဆင်းသွားပြီး
ရွာထဲ ကချင်လူမျိုးတွေကို ဓားစာခံအဖြစ်သေနတ်
ထောက် ဖမ်းဆီးလိုက်တယ်
ဖမ်းဆီးထားတဲ့ ကချင်လူမျိုးတွေကို စခန်းအနီး
ပြန်ခေါ်သွားပြီး
စခန်းထဲမှာရှိတဲ့ ပလောင်လူမျိုးတွေကို မပေးဘူး
ဆိုရင် ယခုဖမ်းထားတဲ့ ကချင်လူမျိုးတွေကို
tတ်ပြမယ်ဆိုပြီး ထပ်မံခြိမ်းခြောက်တယ်
-
KIA ခေါင်းဆောင်လည်း သူ့လူမျိုးကချင်တွေကို
TNLA အဖွဲ့က tတ်မှာစိုးရိမ်တဲ့အတွက် စခန်း
အတွင်းက ပလောင်လူမျိုး ၅၀ ဦးကို ထည့်ပေး
လိုက်ရတယ်...
-
စခန်းထဲက ပလောင်လူမျိုးတွေက TNLA ထဲ
လုံး၀မဝင်ချင်ပါဘူး...
အဲဒီလိုမ၀င်ချင်လို့လည်း KIA ထဲရောက်နေတာ..
-
ဒါကို TNLA အဖွဲ့ကအင်အားသုံးပြီး အရပ်သား
ကချင်ပြည်သူကို ဓားဓာခံအဖြစ်အသုံးချပြီး
KIA သကသအဖွဲ့ကို အကြပ်ကိုင်သွားတာ...
-
KIAအဖွဲ့က ပြောလိုက်ရင်တော့ ကချင်ပြည်သူ
တွေ ကာကွယ်မယ်ဘာညာနဲ့ ယခုတော့ TNLA
အဖွဲ့ရဲ့ နားရွက်တံတွေးစွတ်ပြီး စိန်ခေါ်တာခံလိုက်
ရတယ်
-
ကဲ
ကချင်ပြည်သူကို ကာကွယ်နေတယ်ဆိုပြီး
ကြီးကြီးကျယ်ကျယ်ပြောနေတဲ့ KIA
ခုဘာဆက်လုပ်မလဲ..?
#KT