ကျွန်တော် CDM မလုပ်ပါ

Views

 ကျွန်တော့်ကို CDM မလုပ်ဘူးလားလို့ လာမေးလို့ 

ဖြေပေးလိုက်ပါပြီ☺

-

စစ်အခြေခံ ငါးလခွဲကို ချွေးစက်တွေရင်းပြီး

စစ်သားဆိုတဲ့ ဘဝကြိးကို ခိုဝင်လာတယ်..

-

မိဘ မောင်နှမတွေကစိတ်မချ 

ဆွေမျိုးတွေက ကြည့်မရတဲ့

ယူနီဖောင်းကိုမှ အသက်ထပ်ပြိး 

မြတ်မြတ်နိုးနိုး တန်ဖိုးထား ဝတ်ဆင်ခဲ့တာ...

-

ဘယ်သူတွေ ဘယ်လောက်ပဲ မုန်း မုန်း

ကိုယ်ရွေးချယ်တဲ့လမ်းအတွက်

နောင်တဆိုတာ ကျွန်တော်မှာ မရှိဘူး...

-

လက်ညှိုးတွေ ဘယ်လို ထိုးထိုး

ဘယ်သူတွေ ဘယ်လိုပဲ ရှုံ့ချ ရှုံ့ချ

ဒီဘဝကြီးကို ကျွန်တော်မုန်းမရခဲ့ဘူး..

-

ခင်ဗျားတို့ကတော့ ပြောမှာပေါ့ 

လစာအလကားရလို့ စစ်တပ်ထဲဝင်တယ်လို့

-

အပြင်လောကမှာ မကျင်လည်ဖူးတဲ့ 

လူမဟုတ်တော့ အဲ့စကားတွေက ကျွန်တော်

အတွက်ဟာသဆန်ဆန်ရယ် 

-

ဘာလို့လဲဆိုတော့

စစ်တပ် အသက်နဲ့ရင်း ရတဲ့ လစာကို စစ်ခွေးလို့ 

အခေါ်ခံပြီးမလောက်မငှနဲ့ ရတဲ့ ဘဝပါ 

(အဲ့ဘဝကိုဘယ်သူကမှ လိုလိုချင်ချင်​တောင်းတ

မှာ မဟုတ်ဘူး)

-

ခင်ဗျားတို့မကြိုက်တဲ့ စစ်သားဘဝကို

ကျွန်တော်ချစ်တယ်

ဘယ်သူမဆို အမှားနဲ မကင်းဘူး ဟုတ်တယ်

ဒါပေမဲ့ တပ်မတော်မှာ ဘာသာသာသနာကို

ချစ်တဲ့စိတ်၊ ကိုယ့်လူမျိုးကို ချစ်တဲ့ စိတ်အပြည့်

ရှိတယ်၊ ယုံလည်း ယုံကြည်တယ်

အဲ့တော့ ကျွန်တော်တပ်မတော်ကို ချစ်တယ်

-

မြန်မာနိုင်ငံမှာ NLD မရှိလို့ ဖြစ်တယ်

မြန်မာနိုင်ငံမှာ ဘယ်ပါတီမှ မရှိလည်းဖြစ်တယ်

မြန်မာနိုင်ငံမှာ တပ်မတော်မရှိလို့ မဖြစ်ဘူး 

အဲ့တာခင်ဗျားတို့ လက်မခံနိုင်တဲ့ အမှန်တရား

-

ဒေါ်အောင်ဆန်းစုကြည့် မရှိလို့ 

မြန်မာပြည်ပျက်စီးမသွားဘူး

သို့ပေမယ့် တပ်မတော်မရှိရင် ဘာဖြစ်သွား

နိုင်လဲ ခင်ဗျားတို့ မသိဘူး 

ခင်ဗျားတို့စဥ်းစားမှာလဲ မဟုတ်ဘူး

-

ခင်ဗျားတို့သိတာ လူတစ်စုအတွက်

ခင်ဗျားတို့ လုပ်တာ လူတစ်စုအတွက်

ကျွန်တော်တို့သိတာ နိုင်ငံအတွက်

ကျွန်တော်တို့လုပ်တာ နိုင်ငံအတွက်

-

အဲ့တော့ ဘာလို့ တပ်မတော်ကို ဝင်တာလဲ 

ဘာလို့ CDM မလုပ်တာလဲ မေးစရာမလို

လောက်ဘူးထင်ပါတယ်

-

ပြည်သူမျက်နာကိုမကြည့်လို့ CDM မလုပ်တာ

မဟုတ်ဘူး၊ ပြည်သူမျက်နာကို ကြည့်တတ်

လွန်းခဲ့လို့ CDM မလုပ်တာ

-

ဟုတ်တယ် ကျွန်တော်က

စစ်သားမှာက ရဲဘော် သို့ပေမယ့်

ကျွန်တော်အတွေးမချော်ခဲ့ပါဘူး

-

ကျွန်တော်ရွေးချယ်တဲ့ 

ဘဝအတွက်ကောင်းခြင်းဆိုးခြင်းဒဏ်ကို 

ခံစားဖို့အသင့်ပါပဲ

-

စစ်သားတစ်ယောက်လျှောက်တဲ့လမ်းတွေက

လိုတာထက်ပိုကြမ်းတာကျန်တော်သိတယ်

ဒါပေမဲ့ ကျွန်တော် စစ်သားဘဝကိုချစ်တယ်

-

crd.Phyo wai ko ko

#KT



Post a Comment

Previous Post Next Post