တောင်တရုတ်ပင်လယ်အတွင်းက ပဋိပက္ခ

Views

 တရုတ်ရေတပ်က ဖိလစ်ပိုင်ရေတပ်အား တိုက်ခိုက်ရန်ရည်ရွယ်သည့် လေဆာဖြင့် ချိန်ရွယ်မှုဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် ဖိလစ်ပိုင်နိုင်ငံအား ကာကွယ်ရေးတွင် တရုတ်နိုင်ငံအား တပ်ဖွဲဖြင့် တုံပြန်ဆောင်ရွက်ပေးမည်ဟူသည့် သတိပေးချက်ကို အမေရိကန်နိုင်ငံက ထပ်မံပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်သည့် နတ်ဒ်ပရိုက်စ်က တရုတ်အာဏာပိုင်များမှ လုပ်ဆောင်ခဲ့သော ထုတ်ပြန်ချက်တွင် ရန်လိုမှုများနှင့် ဘေးအန္တရာယ်မကင်းမှုများ ပါရှိနေကြောင်း၊ ဖိလစ်ပိုင်အပေါ် မည်သည့်တိုက်ခိုက်မှုမဆို အပြန်အလှန်သဘောတူညီချက်နှင့် အပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်နှင့် အကျုံးဝင်လိမ့်မည်ဟု အလေးပေး ပြောကြားခဲ့ကြောင်း၊ တောင်တရုတ်ပင်လယ်အတွင်း ဖေဖော်ဝါရီလ ၆ ရက်က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲရေယာဉ်တစ်စီး၏ အဖွဲသားများကိုတိုက်ခိုက်သည့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ၏ လေဆာအသုံးပြုမှုနှင့်ပတ်သက်၍ အမေရိကန်က ဖိလစ်ပိုင်နှင့်အတူ ရပ်တည်မည်ဟု ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုသည် လွန်စွာအန္တရာယ်ကြီးမားကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
-
အမေရိကန်နိုင်ငံသည် စည်းမျဉ်းအခြေပြု နိုင်ငံတကာရေကြောင်းအစီအစဉ်အား ဆုပ်ကိုင်၍ ဖိလစ်ပိုင်နှင့်အတူ ရပ်တည်မည်ဖြစ်ပြီး တောင်တရုတ်ပင်လယ်အတွင်း ကမ်းခြေစောင့်တပ်ဖွဲအပါအဝင် ဖိလစ်ပိုင်တပ်မတော် ပြည်သူပိုင်ရေယာဉ်များနှင့် လေယာဉ်များအပေါ် လက်နက်ဖြင့်တိုက်ခိုက်မှုသည် ၁၉၅၁ ခုနှစ်က ချုပ်ဆိုခဲ့သည့် အမေရိကန်-ဖိလစ်ပိုင် အပြန်အလှန်ကာကွယ်ရေးသဘောတူစာချုပ်၏ အပိုဒ် ၄ ပါအရ အမေရိကန်၏ အပြန်အလှန်ကာကွယ်ပေးရေး ကတိကဝတ်ကို အကျုံးဝင် စေလိမ့်မည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါသည်။
-
တရုတ်ကမ်းခြေစောင့်တပ်ဖွဲများသည် ဖိလစ်ပိုင်ရေယာဉ်အား တိုက်ခိုက် ရာတွင် လေဆာကိုအသုံးပြုခဲ့ပြီး ထိုသိုအသုံးပြုမှုကြောင့် ရေယာဉ်အဖွဲသားများသည် ယင်းတို၏အမြင်အာရုံများ ယာယီဆုံးရှုးခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲက သတင်းထုတ်ပြန်ခဲ့ပါသည်။
-
ကမ်းခြေစောင့်တပ်ဖွဲ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ဖိလစ်ပိုင်ကင်းလှည့်ရေယာဉ်သည် Sierra Madre ရေယာဉ်ပေါ်ရှိ ရေတပ် သင်္ဘောသားများအား အစားအစာထောက်ပံ့ရန်အတွက် ခုတ်မောင်းနေခြင်း ဖြစ်ကြောင်း၊ တရုတ်တို၏လုပ်ဆောင်မှုသည် စစ်ရေယာဉ်ပေါ်ရှိ ဖိလစ်ပိုင်တပ်ဖွဲ များအား ရိက္ခာထောက်ပံ့မှုကို ရပ်တန့်စေရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဖိလစ်ပိုင်ရေယာဉ်သည် တရုတ်ထံမှ ခွင့်ပြုချက်တစ်စုံတစ်ရာ ပါရှိခြင်းမရှိဘဲ ရီနိုင်းသန္တာကျောက်တန်းသို ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း၊ တရုတ်ရေကြောင်းရဲတပ်ဖွဲရေယာဉ်သည် တရုတ်၏ပြည်တွင်းဥပဒေ၊ နိုင်ငံတကာဥပဒေ တိုနှင့်အညီ နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ရေကြောင်းအခင်းအကျင်းကို ကာကွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
-
ဖိလစ်ပိုင်အာဏာပိုင်များသည် ၁၉၇၆ ခုနှစ်က ၎င်းတိုအားပေးအပ်ခဲ့သည့် အမေရိကန်ရေတပ်၏ USS Sierra Madre ရေယာဉ်ကို ဒေသတွင်း ယင်းတို၏ ထိန်းချုပ်မှုကို ခိုင်မာစေရန်အတွက် တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွား ကျောက်တန်းများနယ်မြေတွင် သောင်တင်စေရန်ပြုလုပ်၍ နေရာချထားခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ရေယာဉ်ပေါ်တွင် ဖိလစ်ပိုင်တပ်ဖွဲဝင်အနည်းငယ် အမြဲတမ်း တာဝန်ချထားလေ့ရှိကြောင်း သိရှိရပါသည်။


Post a Comment

Previous Post Next Post