PDF များမှအပြစ်မဲ့ပြည်သူ (၈)ဦးကို ရက်ရက်စက်စက်သတ်ဖြတ်

Views

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာတွင် နေထိုင်သော အဖိုးအို၊ အဖွားအို၊ အသက်(၆)နှစ် အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် (၈)ဦးလုံးကို ဇန်နဝါရီ (၁၄) ရက်နေ့ က PDF အကြမ်းဖက်သမားတစ်စုက ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြပါတယ်။

သေနတ်နှင့် ဓါးများကိုင်ဆောင်ထားသော လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခြင်းအပြင် ဓားဖြင့်ပါ ခုတ်ကာ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုချက်များအရသိရပါတယ်။
သတ်ဖြတ်ခံခဲ့ရသူတွေကတော့ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာတွင် နေထိုင်ကြသော ဦးကျော်လှိုင် အသက် (၆၅)နှစ်၊ ဒေါ်မြညွန့် အသက် (၇၃) နှစ်၊ မနှင်းမြလှိုင် အသက် (၄၁) နှစ်၊ မစုမြတ်စံ အသက် (၁၅)နှစ်၊ ကိုမျိုးဝင်း အသက် (၄၃) နှစ်၊ မနှင်းမြခိုင် အသက် (၃၈)နှစ်၊ မရွှေဘုံစံ အသက် (၁၃)နှစ်၊ မောင်ခန့်ဇေယျာမျိုး အသက်( ၆) နှစ်တို့ (၈)ဦးအား PDF အကြမ်းဖက်သမားများက နေအိမ်အတွင်းဝင်ရောက်ကာ ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြခြင်း ဖြစ်ပါတယ်။
PDF တွေရဲ့ အခုလုပ်ရပ်ကိုကြည့်မယ်ဆိုရင် အသက်၁၃နှစ်နဲ့ ၆ နှစ်အရွယ် ကလေးငယ်တွေပါမချန် အဖိုး/အဖွားအရွယ်တွေပါ သတ်ပစ်ခဲ့ပြီး ပြန်ခုခုံဖို့ အင်အားမရှိတဲ့ပြည်သူတွေကိုမှသတ်တဲ့လုပ်ရပ်ဟာ အလွန်အမင်း ရက်စက်ယုတ်မာရိုင်းစိုင်းမှု ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ပေါ်ပြီးတဲ့နောက်မှာ နိုင်ငံရေးလုပ်စားသူတွေကနှုတ်ဆိတ်နေပြီး ပြည်ဖျက်အလိမ်အညာမီဒီယာတွေမှာလည်း ယောက်ယက်ခတ်အောင်တင်နေတာတွေ မတွေ့ရပါဘူး။ စစ်တပ်က လုပ်လို့ ပျက်စီးဆုံးရှုံးရတယ်ဆိုရင်တော့ အွန်လိုင်းပေါ်မှာ အကျယ်တဝင့်ဖော်ပြနေကြမှာပဲဖြစ်ပါတယ်။ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ အာသီးယောင်လိုက်တိုင်း လက်နက်အားကိုးပြီး ပြည်တွင်းမှာ အပြစ်မဲ့ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်လာတာ PDF တွေရဲ့ အစဉ်အလာ ဖြစ်လို့နေပါတယ်။
အကြမ်းဖက်အားပေး နိုင်ငံရေးလုပ်စားသူတွေ နဲ့ ပြည်ဖျက်မီဒီယာတွေ အမြဲတစေပြောနေတာက အကြမ်းဖက်မှုတွေကို စစ်တပ်က ကျူးလွန်နေပါတယ်လို့ ပြောဆိုနေကြပါတယ်။ ဒါပေမယ့် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အမှန်တရားကတော့ သူတို့တွေရဲ့ သွေးထိုးမြှောက်ပင့်ပေးမှုကြောင့် မိုက်သွေးကြွနေတဲ့ PDF အကြမ်းဖက်သမားများက စစ်ရေးပစ်မှတ် မဟုတ်တဲ့ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အရပ်သားဝန်ထမ်း ၊ အပြစ်မဲ့ ရဟန်းရှင်လူစတဲ့ ပြည်သူတွေကို လိုက်လံသတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြခြင်းကြောင့် ဖြစ်ပါတယ်။
အစုအလိုက်အပြုံလိုက်သတ်ခြင်းဟာ Genocide ပြစ်မှုမြောက်တာဖြစ်ပြီး တခြားသတ်ဖြတ်မှုတွေကိုသတိမရဘူးဆိုရင်တောင်မှ အခု ကန့်ဘလူက ရှစ်လောင်းပြိုင်လူသတ်မှုကိုတော့မမေ့ထားသင့်ကြောင်းနဲ့ ဒီလို ပြည်သူကို သတ်ဖြတ်နေမှုများကိုရှုတ်ချပြီး PDF တွေကိုဆက်ပြီးမထောက်ခံကြောင်း၊ ပြည်ဖျက်မီဒီယာတွေရေးသားတိုင်းလည်း အလွယ်တကူမယုံသင့်ကြောင်း အသိပေးရေးသားလိုက်ရပါတယ်။
 

 

Post a Comment

Previous Post Next Post