လူတွေကြားမှာ ဟာသဖြစ်နေတဲ့ NUG ကွန်ဒိုဂျင်း
******************************************
နိုင်ငံခြားမှာ Stay ရှောင်နေရတဲ့ NUG အဖွဲ့က
ကမ္ဘာအေးဘုရားလမ်းပေါ်က စစ်တပ်ပိုင်မြေနေရာ
မှာ “ရဲရင့်နွေဦး ကွန်ဒို” တိုက်ခန်းတွေ ရောင်းချ
ပေးနေတဲ့ဆိုတဲ့သတင်းက ပြည်သူတွေအကြားမှာ
ဟာသသတင်းတစ်ပုဒ်အဖြစ် ရေပန်းစားနေပါ
တယ် ..
-
ဟာသ ဘာလို့ဖြစ်လဲ ဆိုတော့
တပ်ပိုင်မြေပေါ်မှာ အဆောက်အဦမဆောက်ရ
သေးဘဲ နာမည်လှလှလေးပေးပြီး လေလှိုင်းထဲ
ကနေ တိုက်ခန်းပေါင်း ၇၇၀ ကို နာရီပိုင်းအတွင်း
ရောင်းချနိုင်ခဲ့တယ်ဆိုတဲ့ အံ့ဩဖွယ်သတင်း
ကြောင့် ဖြစ်ပါတယ် …
-
ဒီထက် ပိုရီချင်စရာကောင်းတာက
အခန်း ၇၇၀ ကို $ ၁၀ သန်းကျော်နဲ့ ရောင်းချခဲ့
တယ်ဆိုတဲ့ ယုတ္တိမရှိတဲ့ ထုတ်ပြန်ပြောဆိုခြင်း
ဖြစ်တယ် .. ဘာကြောင့်လဲ?
ထိတ်ထိတ်ကြဲ VVIP တွေသာ အနားကပ်နိုင်တဲ့
ကမ္ဘာအေးဘုရားလမ်းက မြေနေရာတစ်ခုဟာ
$ သန်းရာချီတန်ပါတယ် …
-
သူတို့ပြောပုံအရ တွက်ကြည့်မယ်ဆိုရင်
ကွန်ဒိုခန်း ၇၇၀ ကို $ ၁၀ သန်းကျော်ဆိုတော့
တစ်ဒေါ်လာကို ၂၈၀၀ ကျပ်နှုန်း နဲ့တွက်မယ်
ဆိုရင် တစ်ခန်းကို ၃၆၅ သိန်းကျော်သာဖြစ်ပါ
တယ် .. သိန်း ၃၀၀ ကျော်လောက်နဲ့တော့ ကမ္ဘာအေးဘုရားလမ်းမှာ ကွန်ဒိုတိုက်ခန်းမပြောနဲ့ အိမ်သာ ၁ လုံးတောင် ဝယ်လို့ရမယ် မထင်ပါဘူး ..
မြေပိုင်ဆိုင်မှုလည်း မရှိ၊ အဆောက်အဦလည်း
မဆောက်ရသေးဘဲ နာရီပိုင်းအတွင်း ကြိတ်ကြိတ် တိုး $ ၁၀ သန်းဖိုး ရောင်းရတယ်ဆိုတော့က
လူတွေကြား ဟာသဖြစ်လာတာ မဆန်းကျယ်ပါဘူး ..
-
ဆန်းကျယ်တာကတော့
ယုတ္တိမရှိတဲ့ ဟာသဆန်ဆန် စိတ်ကူးယဉ်ဇာတ်လမ်း
တွေကို ထုံးစံအတိုင်း မမပျံနဲ့ လူလိမ် MYNT တို့က အကြီး အကျယ်အောင်ပွဲခံ ပြောဆိုမှုတွေကို ယုံကြတဲ့ နီပိတ်အချို့ရှိနေတာက ထူးဆန်းနေတာပါ …
-
အမှန်ကတော့
ထောက်ခံမှုကျဆင်းနေပြီး ခွက်ခေါက်တောင်းလည်း အလှူငွေမရ ဖြစ်နေခြင်းကို စိတ်ဓာတ်မြှင့်တင် (Moti) လုပ်ပြီး သူဌေးကြီးတွေက သူတို့
ဘာပဲလုပ်လုပ် ထောက်ခံအားပေးနေတဲ့အကြောင်း
ပြည်သူတွေကို လိမ်ဆင် ဇာတ်လမ်းတွေနဲ့ ဂျင်းထည့်နေခြင်းဖြစ်ပါတယ် …
-
ဘယ်နေရာမှန်းမသိ၊ ဘာမှ မဆောက်ရသေးတဲ့ စိတ်ကူးယဉ်အိပ်မက်လေးကို လေလှိုင်းပေါ်မှာ လေရောင်း/ လေဝယ်လုပ်နေကြတဲ့ လေလှိုင်းပေါ်က အရူးများသာ ဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတယ် ။။
#KT