KIO/KIA အကွဲအပြဲ
******************
KIO ဥက္ကဌ အင်ဘန်လ နေရာမှာ KIA စစ်ဦးစီးချုပ်ဖြစ်
တဲ့ ဂမ်ရှောင် က ဝင်ရောက်နေရာယူလိုက်ပါတယ်။
ဒီလိုမျိုးဖြစ်စဉ်တွေကတော့ KIO/KIA သမိုင်းမှာ
မဆန်းကြယ်လှပါဘူး .. အချင်းချင်း လုပ်ကြံပြီးတောင်
နေရာလုနေကြမို့ပါ။
-
ပြောရမယ်ဆိုရင်
(အင်ဘန်လ)က သဘောထားအနဲငယ်ပျော့ပြောင်းတဲ့
လူလည် တစ်ယောက်၊ တရုတ်ဘက်ကိုယိမ်းသူပေါ့၊
တရုတ်ရဲ့ ပေးစာကမ်းစာကိုယူပြီး ကချင်ပြည်နယ်ထဲမှာ
လုပ်ချင်တိုင်းလုပ်နေတာ ကြာလှပေါ့၊ မနေ့တနေ့က
NDAA ကိစ္စလည်းပေါ်လာရော ဘုမသိ ဘမသိနဲ့ လက်
၃ ချောင်းထောင်တဲ့ အကျိုးဆက်က ဘယ်သူက ကြိမ်
တို့လိုက်လဲမသိဘူး အင်ဘန်လ လည်း နေရာဖယ်ပေး
လိုက်ရကော။
-
(ဂမ်ရှောင်)ကတော့ ငြိမ်းချမ်းရေးကို လုံးဝမလိုလားတဲ့
သဘောထားတင်းမာသူတစ်ယောက်၊ ငပွကြီးဘက်ကို
ပါသူပေါ့၊ သူက တရုတ်ကို အမြင်မကြည်ဘူး၊ ဒါကြောင့်
အိန္ဒိယနယ်စပ်ဖို့ကို KIA ဌာနချုပ်တည်ဖို့ ဦးဆောင်နေတဲ့
သူပါ၊ တရုတ်နိုင်ငံထဲမှာလည်း သူ့အကျိုးစီးပွား
(စီးပွားရေးလုပ်ငန်း)တွေကို အနည်းဆုံးဖြစ်အောင်
ရုန်းထွက်ထားတဲ့သူ၊ အခု KIO ဥက္ကဌ ထိုင်ခုံမှာ အခန့်
သားထိုင်နေပါပြီ။
-
(ဂွမ်းမော်)ကတော့ အခုချိန်မှာ ပိုနေမြဲ၊ ကျားနေမြဲရှိနေ
သေးပေမယ့် အင်ဘန်လရဲ့ လက်သပ်မွေးတပည့်ဖြစ်
တာကြောင့် သူ့ဘဝကရော အာမခံချက်ရှိနိုင်ပါ့မလား?
-
အဲဒီတော့
KIO/KIA သူပုန်တွေအနေနဲ့ နစက၊ တရုတ်၊ အမေရိကန်
တွေကြားထဲမှာ ဘယ်လိုဇာတ်ခင်းကြမလဲ? တရုတ်က
လည်း CIA Cell တွေကို အထူး Under Watch ပါ။
-
ကျနော့်အမြင်ကတော့ ကချင်ပြည်နယ်မှာ
စစ်မီးဟုန်းဟုန်းတောက်ပြီး KIO/KIA ရဲ့ အက်ကွဲကြောင်း
ကြီးက ပိုမိုနက်ရှိုင်းလာကာ ထင်သာမြင်သာ ရှိလာလိမ့်
မယ်လို့ မြင်ပါတယ်။
#KT