ကြာအင်းဆိပ်ကြီး ဖြစ်စဉ်

Views

 ကြာအင်းဆိပ်ကြီး ဖြစ်စဉ်

***********************

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးက ရင်းဌာနချုပ်

တွေကို KNLA တမဟ(၆)နဲ့ PDF တွေ ဒီနေ့မနက် 

၆ နာရီ ၁၀ မှ လက်နက်ကြီး/ငယ်ပစ်ပြီး အင်အား

အလုံးအရင်းနဲ့ အလစ်ဝင်တိုက်ပါတယ်။

-

ဒါပေမယ့် စိန်ရတုလွတ်လပ်ရေးနေ့ကို သကသတွေ 

အဖျက်အမှောက်လုပ်မယ်ဆိုတဲ့ သတင်းကြိုရထား

တော့ တပ်နယ်အတွင်းမှာရှိတဲ့ စစ်သည်/ရဲမေ

အားလုံး တပ်အသင့်လုပ်ထားပြီးသားပါ။ 

-

သကသအဖွဲ့တွေဟာ 

* နံနက် ၆ နာရီ ၁၀ မိနစ်မှ ၈ နာရီ ၅၀ မိနစ်အထိ 

(တစ်ကြိမ်)၊ 

* ၁၀ နာရီ ၄၅ မိနစ်မှ ၁၁ နာရီ ၁၅ မိနစ်အထိ

(တစ်ကြိမ်)၊ 

စုစုပေါင်း (၂)ကြိမ်ဝင်တိုက်ခဲ့ပြီး နေ့လည် ၁၁ နာရီ 

၁၅ နောက်ပိုင်းမှာ အကျအဆုံးများစွာနဲ့ အရှေ့ 

တောင်ဘက်ကို ထွက်ပြေးသွားပါတယ်။

-

စစ်သည်/ရဲမေ/မှီခိုတွေက ကြံ့ကြံ့ခံပြန်လည်တိုက်

လိုက်လို့ အရေးကြီးအဆောက်အဦ၊ အုပ်ချုပ်မှု

အဆောက်အဦနဲ့ လူနေအဆောက်အဦတွေအနီးကို 

ကပ်နိုင်ခြင်းမရှိဘဲ လမ်းနဲ့ကပ်လျက် လူနေထိုင်မှု

မရှိတဲ့ စွန့်လွှတ်အဆောက်အဦအနည်းငယ်ကို မီးရှို့

ပြီး ထွက်ပြေးသွားခဲ့ပါတယ်။

-

ကြာအင်းဆိပ်ကြီးဖြစ်စဉ်မှာ သကသ အလောင်း

အချို့နဲ့ လက်နက်တွေ ကျန်ရစ်ခဲ့ပါတယ်။ 

Telegram မှာ တင်ထားပါတယ်။ 

-

မိမိဘက်က အရာရှိ/စစ်သည်အချို့ ထိခိုက်ဒဏ်ရာ

ရရှိခဲ့ပါတယ်။

-

ဖြစ်စဉ်အမှန်ကတော့ ဒါပါပဲ .. 

ဘယ်တပ်ရင်းမှ မကျသလို၊ ဘယ်သူ့ကိုမှလည်း 

ဖမ်းဆီးသွားခြင်းမရှိပါဘူး။


#KT






Post a Comment

Previous Post Next Post