နမ့်ဆန်မြေကို ကိုင်လှုပ်ခဲ့တဲ့သူရဲကောင်းများ(၁)

Views

နမ့်ဆန်မြေကို ကိုင်လှုပ်ခဲ့တဲ့သူရဲကောင်းများ(၁)

*****************************************

“သီဟသူရဘွဲ့”(၂၂-၁၂-၂၀၂၂)

ကြည်း ၄၃၆၉၀ ဗိုလ်ကြီး စိုးသူရ၊ (DSA-48)၊ 

ခမရ(၃၁၉) ။

-

မြူနှင်းတွေအုံ့ဆိုင်းနေတဲ့ ဒီဇင်ဘာ ၇ ရက်နေ့ 

မနက်ပိုင်းမှာ မိုးမိတ်မြို့မှာ စုဖွဲ့နေတဲ့ ခမရ(၃၁၉) 

တပ်ရင်းမှူးအား အထူး Mission တစ်ခုလုပ်ဖို့ရှိ

တယ် .. တပ်ကို ၁ နာရီအတွင်း စုဖွဲ့ထားပါလို့ 

အထက်က သတိပေးအမိန့်ပေးခဲ့တယ်။ ဒါကြောင့် 

တပ်ရင်းမှူးဟာ မနက် ၁၀ နာရီအပြီး အသင့်စုဖွဲ့

ထားရှိခဲ့တယ်။ အဲဒီအချိန်ထိ တပ်ရင်းမှူး၊ ဒုရင်းမှူး

မှလွဲ၍ မည်သူမှ ဘယ်စခန်းကို တိုက်ရမလဲဆိုတာ 

မသိကွ။ 

-

ထိုအချိန်မှာပဲ ရဟတ်ယာဉ်(၄)စီး ရုတ်ချည်းရောက်

ရှိလာပြီး ရှမ်းပြည်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်မှာ

ရှိတဲ့ ကုန်းသာကျေးရွာ၊ ဟူးမန်းကျေးရွာ၊ ပန်အ 

လောက်ကျေးရွာနယ်မြေထဲက နေရာ ၆ နေရာကို 

နေ့လည် ၂ နာရီခန့်မှာ Airborne (လေကြောင်းချီ) 

ပို့ဆောင်ခဲ့တယ်။

-

ထောက်လှမ်းရေးသတင်းအရ NUG/ CRPH/ PDF 

အကြမ်းဖက်သောင်းကျန်းသူများထံ လက်နက်/ခဲ

ယမ်းများအား TNLA ကြီးစိုးရာဒေသ ကုန်းသာ- 

ဟူးမန်း-ပန်အလောက်ဒေသလမ်းကြောင်းအတိုင်း 

သယ်ယူပို့ဆောင်ရန် စုဖွဲ့ပြင်ဆင်နေတယ်ဆိုတဲ့ 

သတင်းပါပဲ။ 

-

ရန်သူအင်အားအနေနဲ့ TNLA/KIA/AA/PDF 

စုပေါင်းအင်အား ၃၀၀ ကျော်နဲ့ RPG၊ ၄၀ မမ

လောင်ချာ၊ တရုတ်စက်လက်တွေနဲ့ လက်နက်ငယ်

ကိုယ်စီပါရှိတယ်လို့ သတင်းရရှိပြီး စစ်ဗျူဟာ

အရေးကြီးမြေတွေကတော့ 

* ကုန်းသာဘုန်းကြီး ကျောင်း

(TNLA လက်နက်တိုက်)၊ 

* ပွိုင့်-၁၁၂၇၊ 

* ပွိုင့်-၁၄၈၃၊ 

* ပွိုင့်-၁၂၄၁ 

နေရာတွေကို အဓိကထား၍ Commando 

နည်းစနစ်နဲ့ စီးနင်းတိုက်ခိုက်ရမှာ ဖြစ်ပါတယ်။

-

ဒီဇင်ဘာ ၇ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်မှ

စ၍ ဗိုလ်ကြီး ထက်မြတ်အောင်၏တပ်ခွဲ(ထုတ်နုတ် 

အဖွဲ့)နှင့် ကုန်းသာဘုန်းကြီးကျောင်းမှာ ခံစစ်ယူ 

ထားတဲ့ TNLA သောင်းကျန်းသူ ၅၀ ကျော်ဖြင့် ထိ

တွေ့မှုဖြစ်ပွားပြီး ဘုန်းကြီးကျောင်း၏ အရှေ့ 

မြောက်ဘက်နေရာမှ ည ၁၀ နာရီအထိ ရန်သူအား 

ရင်ဆိုင်ထိန်းချုပ်ထားခဲ့ရပါတယ်။ 

-

ဗိုလ်ကြီး စိုးသူရ တပ်ခွဲ(ထုတ်နုတ်အဖွဲ့)မှာလည်း 

ကုန်းသာ-ဟူးမန်းကြားရှိ ပွိုင့်-၁၄၇၆ တွင် ရန်သူ

အင်အား ၂၀ ခန့်ရှိတဲ့ ကာကင်းအဖွဲ့နဲ့ ထိတွေ့မှု 

(၁၀)မိနစ်ခန့်ဖြစ်ပွားပြီး ကုန်းသာရွာကို ဆက်လက်

ချီတက်ကာ ည ၇ နာရီမှာ ကုန်းသာဘုန်းကြီး 

ကျောင်း၏ အနောက်တောင်ဘက်တွင် ယာယီခြေ

ကုတ်ယူ အခြေပြုနိုင်ခဲ့ပါတယ်။

-

ဒီဇင်ဘာ ၈ ရက် မနက် ၉ နာရီ ၅၀ အချိန်တွင် 

ဒုတပ်ရင်းမှူးစစ်ကြောင်းနှင့် ဗိုလ်ကြီး ထက်မြတ်

အောင်၏ တပ်ခွဲ တို့ပေါင်းပြီး ရန်သူခြေကုတ်ယူ 

ထားတဲ့ ကုန်းသာဘုန်းကြီးကျောင်းအား လက်နက် 

ကြီးပစ်ကူရယူကာ ၁၁ နာရီ ၃၀ ခန့်တွင် မြောက်

ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အလားတူ 

ဗိုလ်ကြီး စိုးသူရ၏ တပ်ခွဲမှာလည်း ဘုန်းကြီး 

ကျောင်း၏ တောင်ဘက်မှ စစ်ဗျူဟာမြောက်စွာ 

ဝင်ရောက်စီးနင်းတိုက်ခဲ့ပြီး နေ့လည် ၁၂ နာရီအချိန်

မှာ ရန်သူခြေကုတ်ယူထားသော ကုန်းသာဘုန်းကြီး 

ကျောင်းနေရာအား 

* M-22 (၆၉)လက်၊ 

* ကျည်ဆန် (၂၇၀၀၀၀)ကျော်၊ 

* ကျည်အိမ်(၂၇၀)၊ 

* ဗုံးသီးမျိုးစုံ (၉၅၃)လုံး၊ 

* လက်ပစ်ဗုံး (၃၁၅၀)လုံး 

* ရန်သူ့အလောင်း ၂၀ 

နဲ့အတူ သိမ်းပိုက်ရရှိခဲ့ပါတယ်။ စခန်းသိမ်းပိုက်ရရှိ

ပြီး ၁၀ မိနစ်အတွင်းတွင် ဒုရင်းမှူးစစ်ကြောင်းနှင့် 

ပူးပေါင်းနိုင်ခဲ့ပြီး ပတ်လည်ခံစစ်ယူခဲ့ပါတယ်။

-

ဗိုလ်ကြီး ထက်မြတ်အောင် တပ်ခွဲအား ကုန်းသာရွာ

ထဲက တောင်ကုန်းနေရာမှာ ကာကင်းထုတ်ထားပြီး 

စစ်ကြောင်း(၂)နဲ့အတူ ဗိုလ်ကြီး စိုးသူရ၏ တပ်ခွဲ

မှာ ကုန်းသာဘုန်းကြီးကျောင်းတွင် သိမ်းဆည်းရမိ 

လက်နက်/ခဲယမ်းများနှင့်အတူ ယာယီခံစစ်တည် 

ဆောက်ခဲ့ပါတယ်။

-

ညနေ ၅ နာရီ ၃၀ တွင် ဗိုလ်ကြီး ထက်မြတ်အောင် 

၏ ကာကင်းနေရာအား ရန်သူ ၅၀ ကျော်ခန့်မှ 

အနီးကပ်တိုက်ခိုက်ခဲ့ရာ မိမိဘက်က ထိခိုက်မှုမရှိ

ဘဲ ရန်သူ့အလောင်းနှင့် လက်နက်များ ထပ်မံရရှိ

ခဲ့ပါတယ်။ 

-

ဒီဇင်ဘာ ၉ ရက်နေ့ မနက် ၁ နာရီခန့်တွင် ဗိုလ်ကြီး 

စိုးသူရ အခြေပြုထားတဲ့ ဘုန်းကြီးကျောင်းနေရာ

အား ရန်သူ ၃၀၀ ကျော်ခန့်မှ ၄ ရက်တိုင်တိုင် 

အကြိမ်ကြိမ် ကျားထိုးလုံးထွေးတိုက်ခိုက်ခံရသော် 

လည်း Commando နည်းစနစ်အတိုင်း ရန်သူ့

လက်နက်အား မိမိလက်နက်အဖြစ်အသုံးပြုပြီး 

စစ်သည်များ၏ ရွပ်ရွပ်ချွံချွံခုခံနိုင်မှုကြောင့် ရန်သူ

မှာ အထိအခိုက်ကျဆုံးများစွာဖြင့် ပြန်လည်

ဆုတ်ခွာသွားခဲ့ပြီး မိမိဘက်မှ စစ်သည် ၂ ဦး 

တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပါတယ်။

-

ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လည် ၂ နာရီကျော်တွင် 

ခွာစစ်ဆင်ရန် အမိန့်ရရှိခဲ့ပြီး ကျည်ဆန်များ၊ 

လက်ပစ်ဗုံးများနှင့် သေနတ်(၁၀)လက်တို့အား 

ဖောက်ခွဲဖျက်ဆီးခဲ့ကာ ခွာစစ်ဆင်ခဲ့ပါတယ်။ 

-

ခွာစစ်ဆင်ချိန်တွင် ရန်သူအင်အား (၃၀၀)ခန့်မှ 

ပိုင်းဖြတ်ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ဒုရင်းမှူးဦးစီး

အဖွဲ့က ရန်သူကို အပြင်းအထန်ခုခံပစ်ခတ်ပေးထား

ပြီး ဗိုလ်ကြီးစိုးသူရ ဦးစီးအဖွဲ့အား ရန်သူ့လက်နက်

များ၊ လူနာများအား သယ်ဆောင်စေ၍  စစ်နည်း 

ဗျူဟာမြောက် “သူစု .. ကိုယ်ခွဲ” ပြောက်ကျားနည်း

အတိုင်း စစ်ကြောင်းခွဲ၍ ခွာစစ်ဆင်ခဲ့ပါတယ်။ 

-

ဆုံရပ်နေရာသို့ ဒုရင်းမှူးဦးစီးအဖွဲ့က ၁၄ ရက်နေ့

တွင် ကြိုတင်ရောက်ရှိခဲ့ပြီး ဗိုလ်ကြီး စိုးသူရ ဦးစီး 

တပ်ခွဲသည် ၅ ရက်တိုင်တိုင် ဆက်သွယ်မှုပြတ်

တောက်သွားခဲ့ပါတယ်။ 

-

ဗိုလ်ကြီး စိုးသူရမှာလည်း နောက်ကျောကို 

လက်နက်ငယ်ကျည် ထိမှန်ထားပြီး ဆက်သွယ်

ရေးစက်၊ ဖုန်းများ Battery ကုန်ခမ်းသွားခြင်း၊ 

ရာသီဥတုဆိုးရွားခြင်းများကြောင့် ပင်မတပ်နှင့် 

ဆက်သွယ်မှုပြတ်တောက်ခဲ့ပါတယ်။ 

-

ရန်သူ့လက်နက်များ၊ ဒဏ်ရာရစစ်သည်များနှင့်

အတူ ဗိုလ်ကြီး စိုးသူရသည် မိမိစစ်သည်များအား 

ခေါင်းဆောင်/ ဦးဆောင်မှုအပြည့်ဖြင့် ကွပ်ကဲမှု

ယူနိုင်ခဲ့ပါတယ်။ လမ်းခရီးမှာလည်း အရပ်မျက်နှာ

ရှာဖွေနည်း၊ တောတွင်းနေထိုင်စားသောက်နည်း

မျိုးစုံကို အသုံးပြုကာ MRE(အသင့်စား)ရိက္ခာများ

ကို ချွေတာစား၍ ရဟတ်ယာဉ်ဆင်း/တက်ခဲ့သည့်

နေရာအား စစ်သည်တစ်ဦးချင်း မိမိလက်နက်အပါ 

ရန်သူ့လက်နက် တစ်လက်စီသယ်ဆောင်ပြီး ခက်ခဲ

ကြမ်းတမ်းစွာ ဆုံရပ်နေရာသို့ ဒီဇင်ဘာ ၁၅ ရက်နေ့ 

မနက် ၁၀ နာရီကျော်တွင် အဖိတ်အစင်မရှိ ပြန် 

လည်ပူးပေါင်းနိုင်ခဲ့ကာ ရဟတ်ယာဉ်ဖြင့် အောင် 

မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ပါတယ်။ 

-

ထို့ကြောင့်လည်း တပ်မဌာနချုပ်သို့ပြန်ရောက်ချိန်

တွင် ဗိုလ်ကြီး စိုးသူရအား ဗိုလ်မှူးအဆင့်သို့ 

တစ်ဆင့်မြှင့်ရာထူးတိုးပေးခဲ့ပြီး သီဟသူရဘွဲ့ကို

လည်း နိုင်ငံတော်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ 

ရက်နေ့တွင် ထိုက်တန်စွာ ချီးမြှင့်ခဲ့ပါသည်။

-

ယခုရေးသားဖော်ပြမှုသည် 

ဗိုလ်မှူး သီဟသူရ စိုးသူရအား ဂုဏ်ပြုရေးသား

ခြင်းဖြစ်သည့်အတွက် ကျန်သူများ၏ တိုက်စွမ်း

ရည်များ မပါဝင်ပါ။ (ထပ်မံဖော်ပြပေးသွားပါမည်)

-

နမ့်ဆန်၊ ကုန်းသာတိုက်ပွဲတွင် 

မိမိဘက်မှ စစ်သည် ၉ ဦး နိုင်ငံတော်အတွက် 

အသက်ပေးလှူခဲ့ရကာ ရန်သူ တပ်မဟာမှူး (၂)ဦး 

အပါအဝင် အင်အား (၂၀၀)ကျော်ခန့် ချေမှုန်း

သုတ်သင်နိုင်ခဲ့သောကြောင့် -

(၁) သီဟသူရဘွဲ့ ၁ ဦး

(၂) ဗိုလ်ကြီး ထက်မြတ်အောင် အပါ သူရဘွဲ့ ၄ ဦး

(၃) သူရဲကောင်းမှတ်တမ်းဝင် ၁၁ ဦး

ရရှိခဲ့ပါသည်။

-

ဂုဏ်ယူစွာဖြင့် ဖော်ပြအပ်ပါသည်။

Congratulations 💖

( တစ်ဦးချင်းစွမ်းဆောင်ရည်များအား 

ဆက်လက်ဖော်ပြပေးပါမည်)


#KT





Post a Comment

Previous Post Next Post