နမ့်ဆန်မြေကို ကိုင်လှုပ်ခဲ့တဲ့သူရဲကောင်းများ(၂)

Views

နမ့်ဆန်မြေကို ကိုင်လှုပ်ခဲ့တဲ့သူရဲကောင်းများ(၂)

*****************************************

“သူရဘွဲ့”(၂၂-၁၂-၂၀၂၂)

ကြည်း ၅၉၂၆၃ ဗိုလ်ကြီး ထက်မြတ်အောင်၊ 

(DSA-53)၊ ခမရ(၃၁၉) ။

-

ဗိုလ်ကြီးထက်မြတ်အောင် ဦးစီး ခွဲရုံး ၁ စုသည် 

ကုန်းသာရွာ၏မြောက်ဘက်နေရာသို့ ရဟတ်ယာဉ်

ဖြင့် ဆင်းသက်ခဲ့ပြီး ကုန်းသာဘုန်းကြီးကျောင်းရှိ 

TNLA သကသအင်အား ၅၀ ကျော်ဖြင့် စတင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ရန်သူအား ရင်ဆိုင် ထိန်းချုပ်ထားပြီး ပူးပေါင်းရောက်ရှိလာတဲ့ ဒုရင်းမှူး

ဦးစီး စစ်ကြောင်းနှင့်ပေါင်းကာ ကုန်းသာဘုန်းကြီး 

ကျောင်းစခန်းအား MI-35 ပစ်ကူယူ၍ မြောက်ဘက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

-

တစ်ဖက်မှာလည်း ဘုန်းကြီးကျောင်း၏ အရှေ့ တောင်ဘက်မှ တိုက်ခိုက်လာသောဗိုလ်ကြီး စိုးသူရ 

ဦးစီးတပ်ခွဲ နှင့် ဟန်ချက်ညီစွာ ပူးပေါင်းတိုက်ခိုက်နိုင်သဖြင့် ကုန်းသာဘုန်းကြီးကျောင်းအား ဒီဇင်ဘာ 

၈ ရက်၊ နေ့လယ် ၁၂ နာရီတွင် ရန်သူ့လက်နက်/ခဲ

ယမ်းများနဲ့အတူ သိမ်းပိုက်ရရှိခဲ့ပါတယ်။

-

ဗိုလ်ကြီး ထက်မြတ်အောင်သည် ဘုန်းကြီးကျောင်း 

၌ ယာယီခံစစ်ယူထားစဉ် TNLA/ AA သကသ

အင်အား ၃၀၀ ကျော်က ၃ ညနှင့် ၄ ရက်တိုင်တိုင် နေ့/ည လုံးထွေးတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့

ပေမယ့် နေရာအား ရန်သူ့လက်ဝယ်မကျစေရေး 

မိမိတပ်ခွဲမှ စစ်သည်များအား ဦးဆောင်၍ ရွပ်ရွပ် ချွံချွံတိုက်ခိုက်နိုင်ခဲ့ပါတယ်။

-

ခွာစစ်ဆင်နေစဉ်မှာလည်း အင်အားအများအပြား

ဖြင့် ပိတ်ဆို့တိုက်ခိုက်လာသောရန်သူအား အပြင်း 

အထန် ခုခံတိုက်ခိုက်ပေးခဲ့ပြီး ဒုရင်းမှူးစစ်ကြောင်း 

ဖောက်ထွက်နိုင်ရေး စွမ်းစွမ်းတမံ ကာပစ်ပစ်ပေးကာ ဗိုလ်ကြီး စိုးသူရ တပ်ခွဲနှင့် ပူးပေါင်းလိုက်ပါ၍ 

ဒဏ်ရာရသူများ၊ ရန်သူ့လက်နက်/ခဲယမ်းများနှင့်

အတူ ထိုးဖောက်ထွက်နိုင်ရေး အထောက်အကူပြု 

လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

-

ခွာစစ်ဆင်ရာတွင်လည်း ရန်သူမှ အဆင့်ဆင့်ဖြတ်

တောက်ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ညာခြေသလုံး 

ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့ပါတယ်။ သို့သော် 

ဒဏ်ရာကို ဂရုမထားဘဲ မိမိစစ်သည်များ စိတ်ဓာတ်

မကျဆင်းစေရေး မားမားမတ်မတ်ခေါင်းဆောင်မှု

ပေးကာ ရန်သူ့လက်နက်/ ခဲယမ်းများအား သယ် 

ဆောင်၍ ဗိုလ်ကြီး စိုးသူရနှင့်အတူ ဆုံရပ်နေရာသို့ 

ထူးချွန်ပြောင်မြောက်စွာဖြင့် အောင်မြင်စွာ ခွာစစ် 

ဆင်နိုင်ခဲ့ပါတယ်။

-

ထို့ကြောင့်လည်း နိုင်ငံတော်က ၂၀၂၂ ခုနှစ်၊ 

ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ၎င်းအား “သူရဘွဲ့”ကို 

ထိုက်တန်စွာ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ 

-

ဒီ Post ဖြင့် “သူရဘွဲ့”ရရှိသွားသော 

ဗိုလ်ကြီးထက်မြတ်အောင် အား ဂုဏ်ပြုဖော်ပြ လိုက်ရပါတယ်


Congratulations ပါ …


-


( တစ်ဦးချင်းစွမ်းဆောင်ရည်များအား ဆက်လက်ဖော်ပြပေးပါမည်)




#KT








Post a Comment

Previous Post Next Post