ရထားမိုင်းခွဲသည့် PDF အကြမ်းဖက်များ

Views

ရထားမိုင်းခွဲသည့် အကြမ်းဖက်များ

*********************************
ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၆:၃၀ ချိန် သထုံမှ မန္တလေးသို့ 
ထွက်ခွာလာသည့် ကုန်တင်ရထား သုဝဏ္ဏဝတီမြို့၊
ကလိကျွန်းကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း
သိရသည်။ ကံကောင်းစွာ လူအထိအခိုက်မရှိသော်လည်း 
ရထားကတော့လမ်းချော်သွားသဖြင့် ဆက်သွားလို့မရတော့ပါ။
-
ယနေ့မနက်ကစပြီး လုံခြုံရေးအဖွဲ့များက အကာအကွယ်
ပေး၍ မီးရထားဝန်ထမ်းများက ရထားဆက်သွားနိုင်ရေး
ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ပါတယ်။
-
မော်လမြိုင်မှ ရန်ကုန်၊မန္တလေးသို့ ညရထားခရီးစဉ်များ
ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က စတင်ပြေးဆွဲခဲ့ပြီး ပြည်
သူများ သက်တောင့်သက်သာဖြင့် ခရီးသွားနိုင်ရေး၊
ကုန်စည်စီးဆင်းမှုကောင်းမွန်စေရေးအတွက် ရည်ရွယ်
ပြေးဆွဲပေးခြင်းဖြစ်ပါတယ်။
-
ယခုလို အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်တာဟာ 
ကုန်စည်တွေသယ်ဆောင်တဲ့ ရထားကို အဓိကထား
တိုက်ခိုက်ချင်တာ မဟုတ်ဘဲ ပြည်သူလူထု စီးနင်း
လိုက်ပါလာမဲ့ ရထားတွေကို ရည်ရွယ်တိုက်ခိုက်နေတာ
ဖြစ်ပါတယ်။
-
ပြည်သူလူထုမှ စျေးသက်သာသောရထားဖြင့် သက်
တောင့် သက်သာ ခရီးသွားလာနေတာကို မလိုလား
ကြတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ယခုလိုလုပ်ရပ်ကြောင့် 
ပြည်သူများအတွက် ဒုက္ခကြီးစွာရောက်ရပါ
တယ်။ ကုန်ကားခစျေးကြီး၍ ရထားဖြင့်ကုန်တင်လို
သော ကုန်သည်ကြီးများအတွက် အခက်တွေ့ရတယ်..
-
လုံခြုံရေးဂိတ်တွေကို တိုက်ခိုက်တာဟာ လက်နက်ကိုင်
အဖွဲ့အချင်းချင်း တိုက်ခိုက်တာဖြစ်လို့ နားလည်နိုင်ပေမယ့် 
ဒီလို ပြည်သူများသွားလာစီးပွားရှာရေး ဆောင်ရွက်ပေးနေသည့် 
ကုန်တင်ရထားတစ်စီးကို တိုက်ခိုက်တာ
ကတော့ အကြမ်းဖက်လုပ်ရပ်ပဲဖြစ်သည်။ နိုင်ငံတော်
ပိုင်ပစ္စည်းကိုဖျက်စီးတာဟာ ခွင့်လွှတ်နိုင်စရာအကြောင်း
မရှိပါ..
-
NUG/PDF စဖြစ်လာကတည်းက တိုးတက်လာသည်မှာ 
ဖျက်ဆီးမှုများသာဖြစ်သည်။
-
ကျောင်းဖျက်၊
တံတားဖျက်၊
တာဝါတိုင်ဖျက်၊
အိမ်မီးရှို့လာသည်မှာ
ခုတော့ ရထားပါမိုင်းထောင်ဖောက်ခွဲသည်အထိ
ဖြစ်လာတယ်..
-
အစိုးရနှင့်ပြည်သူပူးပေါင်း၍ ဟန်ချက်ညီညီတိုက်ဖျက်မှသာ 
အကြမ်းဖက်သမားများကို ချေမှုန်းနိုင်မည်ဖြစ်ပြီး..
ဒီအကြမ်းဖက်များ၏ လှုပ်ရှားသတင်းများကို ပြည်သူများက 
လုံခြုံရေးအဖွဲ့များထံ အချိန်နှင့်တပြေးညီပေးပို့သင့်ကြောင်း အကြံပြုအပ်ပါကြောင်း..
 














Post a Comment

Previous Post Next Post