PDF ( YUG )၁၁ ဦး ဖမ်းဆီးရမိ

Views

 PDF ( YUG )၁၁ ဦး ဖမ်းဆီးရမိ

****************************
ဒီဇင်ဘာ ၁၆
YUG အဖွဲ့ဝင်များသည် ကယားပြည်နယ်ဘက်သို့
သင်တန်းတက်ရောက်ရန် ရွာငံမြို့နယ်၊ နွားဘန်းကြီး
ကျေးရွာ၏အနောက်ဘက်မှ ရွာငံ-အောင်ပန်းလမ်း
ကြောင်းအတိုင်း မော်တော်ဆိုင်ကယ်များဖြင့်ထွက်ခွာ
လာစဉ် အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “နေလ”
ကွမ်းယာဆိုင်အနီး၌ ၂၀၂၂ ဒီဇင်ဘာ ၁၃ ရက် ၁၄၀၀
နာရီခန့်တွင် ရောက်ရှိစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ
ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။
-
၎င်းတို့၏ထွက်ဆိုချက်အရ ရွာငံမြို့နယ်၊ နွားဘန်းကြီး
ကျေးရွာ၏အနောက်ဘက် တွင် YUG အကြမ်းဖက်အဖွဲ့
မှပို့ချသောသင်တန်းအားတက်ရောက်ခဲ့ပြီး အကြမ်းဖက်
လုပ်ငန်း ဆောင်ရွက်မှုများအနေဖြင့် 👇
၁။ ၂၂-၁၂-၂၀၂၁ ရက်နေ့တွင် ရွာငံမြို့နယ်၊ နွားဘန်း
ကြီးကျေးရွာနေ ဦးမျိုးလေး အား လုပ်ကြံမှု။
၂။ ၈-၁-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့၊ ကွက်သစ်ရပ်ကွက်
နေ ငဖြိုး အား လုပ်ကြံမှု။
၃။ ၂၅-၁-၂၀၂၂ ရက်နေ့တွင် ပင်းတယမြို့နယ်၊ ပန်းစစ်
ကျေးရွာနေ ကျော်ဝင်း အား လုပ်ကြံမှု။
၄။ ၃၁-၁-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ ပိန္နဲကုန်း
ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်အား မီးရှို့ဖျက်ဆီးခဲ့မှု။
၅။ ၈-၂-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ နွားဘန်းကြီး
ကျေးရွာနေ ဘုန်းကျော် အား လုပ်ကြံမှု။
၆။ ၂၅-၂-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့၊ ဈေးတန်း
ရပ်ကွက်၊ ပြည်သာယာလမ်းရှိ ကမ္ဘောဇ ဘဏ်ခွဲအား
ဗုံးပစ်ပေါက်ဖောက်ခွဲမှု။
၇။ ၅-၃-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ လယ်ကိုင်း
ကျေးရွာနေ သိန်းဆောင် အား လုပ်ကြံမှု။
၈။ ၂၅-၃-၂၀၂၂ ရက်နေ့တွင် ပင်းတယမြို့နယ်၊ အင်း
ငယ်ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်အား ဗုံးဖောက်ခွဲမှု။
၉။ ၂၉-၃-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ အလယ်
ချောင်ကျေးရွာနေ ညီထွေး အား လုပ်ကြံမှု။
၁၀။ ၉-၄-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ ပဲရင်းတောင်
ကျေးရွာနှင့် လွှစင်ကျေးရွာအကြား တွင် တက္ကသိုလ်ဝင်
တန်းစာမေးပွဲအဖြေလွှာများအား သွားရောက်ပို့ဆောင်
သည့် လုံခြုံရေးအဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်
မှု။
၁၁။ ၂၀-၆-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ အလယ်
ချောင်ကျေးရွာ အထွက်ရှိ Mytel ဖုန်းတာဝါတိုင်အား
ဗုံးဖောက်ခွဲမှု။
၁၂။ ၁၀-၇-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ နွားဘန်း
ကြီးကျေးရွာနေ ဖိုးရှူး အား လုပ်ကြံမှု။
တို့ကို လုပ်ဆောင်ခဲ့။
-
ဖမ်းဆီးရမိတရားခံ YUG အဖွဲ့ဝင် မင်းခန့်ဇော် ၏
ထွက်ဆိုချက်အရ တပ်မတော် မှ ရွာငံမြို့နယ်၊
နွားဘန်းကြီးကျေးရွာ၏အနောက်ဘက်ရှိ YUG စခန်း
သို့ သွားရောက်ရှင်းလင်းခဲ့ရာ လူနေမိုးကာတဲ ၅ လုံး၊
လက်လုပ်လက်ပစ်ဗုံး ၇ လုံး၊ (၉)လုံးကျည် ၁၁ တောင့်၊
လက်လုပ်သေနတ် ၂ လက်၊ တူမီးသေနတ် ၂ လက်တို့
အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။









Post a Comment

Previous Post Next Post