NDAA ဘာလဲ? ဘယ်လဲ? (၁)

Views

 NDAA ဘာလဲ? ဘယ်လဲ? (၁)

*************************

US မှာ ၁၉၆၁ က စပြီး နှစ်စဉ်ပြဋ္ဌာန်းလာခဲ့တဲ့ 

အမျိုးသားကာကွယ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်ဥပ

ဒေ (National Defense Authorization Act – 

NDAA) ပဲဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အတွက် 

အသုံးစရိတ်ခွင့်ပြုချက်တွေပါဝင်တဲ့ ဥပဒေမူကြမ်း

ကို US အထက်လွှတ်တော်က ဒီ ၁၅ ရက်နေ့မှာ 

အတည်ပြုခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင် ထံ လက်မှတ်

ရေးထိုး စေခဲ့ပါတယ်။

-

အဲဒီ ဥပဒေမူကြမ်းမှာ 

* US ကာကွယ်ရေးဝန်ကြီးဌာနအတွက် US $ 

808.4 B ၊ 

* စွမ်းအင်ဝန်ကြီးဌာနအတွက် US$ 30.5 B နဲ့ 

* အခြားအတွက် US$ 0.4 B ၊ 

စုစုပေါင်း 839.3 B ခွင့်ပြုပေးထားပါတယ်။

စာမျက်နှာ ၄၄၀၈ မျက်နှာနဲ့ ပုဒ်မပေါင်း ၁၁,၈၀၈ 

ခု ပါဝင်တဲ့ အဆိုပါဥပဒေမှာ အဓိကအပိုင်းကြီး 

၁၁ ပိုင်း ခွဲခြားပြဋ္ဌာန်းထားပါတယ်-

(၁) ကာကွယ်ရေးဝန်ကြီးဌာန လုပ်ပိုင်ခွင့်များ

(၂) စစ်ဘက်ဆိုင်ရာတည်ဆောက်ရေး 

လုပ်ပိုင်ခွင့်များ

(၃) စွမ်းအင်ဝန်ကြီးဌာနဆိုင်ရာ အမျိုးသားလုံခြုံ 

ရေးလုပ်ပိုင်ခွင့်များနှင့် အခြားလုပ်ပိုင်ခွင့်များ

(၄) အသုံးစရိတ်များဇယား

(၅) ကာကွယ်ရေးဝန်ကြီးဌာနနှင့် မသက်ဆိုင်သော

လုပ်ငန်းများ

(၆) ၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် ထောက် 

လှမ်းရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ

(၇) ပြည်တွင်းလုံခြုံရေးကိစ္စရပ်များ

(၈) ရေအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များ

(၉) နိုင်ငံခြားရေးဝန်ကြီးဌာနလုပ်ပိုင်ခွင့်များ

(၁၀) ပင်လယ်သမုဒ္ဒရာနှင့် ကောင်းကင်လေထု

ဆိုင်ရာကိစ္စရပ်များ

(၁၁) ကမ်းခြေစောင့်တပ်ဖွဲ့ဆိုင်ရာလုပ်ပိုင်ခွင့်များ 

တို့ဖြစ်ပါတယ်။

( ဒီအထိက လက်ခံလို့ရပါသေးတယ် )

-

မြန်မာနိုင်ငံနဲဆိုင်တာကတော့ NDAA 2023 

အပိုင်း(၁) ကာကွယ်ရေးဝန်ကြီးဌာန လုပ်ပိုင်ခွင့်

များအောက်မှာ ခေါင်းစဉ်ခွဲတစ်ခုဖြစ်တဲ့ Subtitle 

E – Burma Act of 2022 အဖြစ် ပုဒ်မ- ၅၅၆၇ 

မှ ၅၅၇၉ အထိ စာမျက်နှာ ၂၅ မျက်နှာမှာ -

(၁) မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရမူဝါဒ

(၂) မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အရေးယူပိတ်ဆို့မှု

များနှင့် မူဝါဒညှိနှိုင်းချက်များ

(၃) မြန်မာနိုင်ငံအား ထောက်ပံ့ကူညီရန်အတွက် 

ရန်ပုံငွေလျာထားမှုဆိုင်ရာ အခွင့်အာဏာ

(၄) လူ့အခွင့်အရေးချိုးဖောက်မှုများအား ဆန့်ကျင်

သော ကြိုးစားအားထုတ်မှုများ

(၅) ကုန်ပစ္စည်းများတင်သွင်းခြင်းဆိုင်ရာ အရေးယူ

ပိတ်ဆို့မှုတို့ပါဝင်ပါတယ်။

-

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရမူဝါဒကို 

ဖော်ပြရာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ လူ့

အခွင့်အရေးနှင့် တရားမျှတရေးတို့အတွက် 

ထောက်ခံကြောင်း၊ မြန်မာ့တပ်မတော်အား ထောက် 

ခံနေတဲ့ ရုရှားနဲ့ တရုတ်တို့အား စောင့်ကြည့်ရန်၊ 

ဖမ်းဆီးခံရသူများကို ခြွင်းချက်မရှိ ပြန်လည်လွတ် 

မြောက်စေရန် စတဲ့အချက်များပါဝင်တာ တွေ့ရပါ

တယ်။ 

(မြန်မာပြည်တွင်းရေးနဲ့ အချုပ်အခြာအာဏာကို 

ထိပါးလာတဲ့အတွက် လက်ခံစရာအကြောင်းမရှိ )

-

(ဆက်ရန်)


#KT




Post a Comment

Previous Post Next Post