အကြမ်းဖက်သမားတို့၏ နေဝင်ချိန်

Views

 

လက်နက်တွေ အချီကြီးမိတဲ့ဖြစ်ရပ်တွေကို
ဆန်းစစ်ကြည့်ရင် လူတန်းစား(၂)ရပ်ကို
တွေ့ရပါလိမ့်မယ်...
(၁) EAOs/ NLD လက်နက်မှောင်ခိုပွဲစားများ
(၂) လက်နက်သယ်ဆောင်ပေးရသူများ
ဖြစ်ပါတယ် …
-
ပထမလူစားကတော့ လက်နက်တွေကို သူတို့
လိုချင်တဲ့ အမြင့်ဆုံးဈေးနဲ့ရောင်းတယ် .. ပြီးရင်
ပွဲစားခထဲမှာမှ ပွဲညွန့်ပါ ထပ်ချိုးသေးတယ် ..
အဲလိုလူမျိုးတွေကတော့ ကြီးပွားချမ်းသာကြပြီး
Hotel တွေမှာ လပြတ်ငှား၊ဆီဦးထောပတ်တွေ
စားပြီး အဆီရစ်ကြတယ် .. တချို့ဆို နိုင်ငံခြားမှာ
ဒေါ်လာသန်းချီတန်တဲ့ အိမ်တွေ၊ ကားတွေ ဝယ်နိုင်
ကြသလို သားသမီးတွေကိုလည်း အဆင့်အတန်း
မြင့်အောင် နိုင်ငံခြားက ကောင်းပေ့၊ ညွန့်ပေ့ဆိုတဲ့
တက္ကသိုလ်တွေမှာ ကျောင်းထားကြတယ် .. သူတို့
ဘဝကြီးက သာယာလိုက်တာ နတ်ပြည်သမျှပါပဲ
-
အင်း ..
ဒုတိယလူတန်းစားမျိုးကတော့
ပိုက်ဆံလေး ၂ ပဲ၊ ၁ ပြားနဲ့ အသက်ကိုရင်းပြီး
တောထဲတောင်ထဲမှာ ဟိုပြေး၊ ဒီပြေး၊ ဟိုပုန်း၊
ဒီပုန်းနဲ့ လက်နက်တွေကို ပင်ပင်ပန်းပန်း သယ်
ရတယ် .. သူတို့ဘဝမှာ မနက်ဖြန်ဆိုတာ မသေ
ချာပါဘူး .. အဖမ်းခံရမလား? အပစ်ခံရမလား?
မရေရာ မသေချာ ဘဝတွေနဲ့ ပင်ပန်းကြမ်းတမ်း
လှတယ် .. အပေါ်ပိုင်းမှာ ပွဲစားတွေ မတည့်ကြရင်
တပ်ကိုသတင်းတွေပေးပြီး ထိုးကျွေးလိုက်ပြန်
တယ် .. ဘဝပျက်သွားတာက လက်နက်သယ်
ဆောင် ပေးရတဲ့သူတွေပါ ..
-
အခုဆိုရင်
ပြည်သူအများစုက အကြမ်းဖက်မှုကို လက်မခံတဲ့
အတွက် ပေါ်ပေါ်တင်တင်ရော၊ သိုသိုသိပ်သိပ်ရော
သတင်းပေးနေကြပြီး လက်နက်/ခဲယမ်းဖမ်းမိမှု
တွေ နေ့စဉ်လိုလိုကြားသိနေရတယ်..
-
ဆိုချင်တာက
ပြည်သူကပဲ သတင်းပေးတဲ့နည်းနဲ့ အကြမ်းဖက်
သမားတွေကို ပြန်တိုက်ထုတ်နေပါပြီ ..
မကြာတော့ဘူး အကြမ်းဖက်သမားတွေ
ကျရှုံးတော့မှာလို့ သတင်းကောင်းပါးလိုက်
ပါတယ်။
 

 
 

Post a Comment

Previous Post Next Post