ကမ္ဘာ့ပွကြီးကတော့ ကမ္ဘာကြီးကို ဒုက္ခပေးနေဆဲ

Views
ရုရှား ယူကရိန်းသာ စစ်ဖြစ်မနေရင်
မြန်မာ့ မြေပေါ်မှာ Proxy War က
ပိုပြင်းထန်နေတာ ကြာပြီလို့ ပြောရမယ်
ထင်တယ်...
-
မြန်မာဟာ အမေရိကန်ရဲ့ လုံခြုံရေးကို ထိခိုက်ဖို့
မပြောနဲ့ အနားတောင်မကပ်နိုင်ဘူး။ ဒါပေမဲ့ Two
Ocean ပိုင်ချင်နေတဲ့ တရုတ်အိပ်မက်ကိုဖျက်ဖို့
အတွက် Proxy War ကို EAOs, NUG နဲ့ ဆိုင်ပေး
ထားတယ်။ တစ်ဖက်မှာကလည်း ရုရှား၊ အိန္ဒိယ၊
တရုတ် ထောက်ခံထားတဲ့ အခြေအနေ။
-
ပြီးခဲ့တဲ့ရက်က အာဆီယံက ဝန်ကြီးတွေ ခေါ်တွေ့
တယ်။ တွေ့တာတွေက တရုတ်နဲ့နီးစပ်တဲ့နိုင်ငံတွေ။
လာမတက်တာက OIC နဲ့ အမေရိကန်ဘောမနိုင်ငံ
တွေ။
-
တော်သေးတာက ကမ္ဘာကြီးနှစ်ခြမ်းကွဲတာတောင်
အညီအမျှမို့လို့ပဲ။ ဟိုဘက်မှာ အမေရိကန်၊ EU၊
OIC နဲ့ UN အပြင် ဖိလစ်ပင်း၊ စင်ကာပူ၊ အင်ဒို၊
မလေးရှား၊ တီမော၊ ဘရူနိုင်း ပေါ့။
-
ဒီဘက်မှာက အိန္ဒိယ၊ တရုတ်၊ ရုရှား၊ လာအို၊
ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်ပေါ့။
-
အမေရိကန်၊ EU က ထောက်ခံတယ်ဆိုတော့
UN က ဆုံးဖြတ်ချက်ချတယ်ဆိုတော့ R2P တပ်
တွေ ဘာတွေ မျှော်ကြဦးမပေါ့။ ဒါပေမဲ့ အဲဒီလို
ဖြစ်ဖို့အထိ အမေရိကန်က မလုပ်ပါဘူး။ ရုရှားကို
ယူကရိန်းနဲ့ ဆွဲဆန့်ထားသလို တရုတ်ကို ထိုင်ဝမ်
အပြင် မြန်မာနဲ့ထောက်ထားတာပေါ့။
-
ပြီးတော့ သူတို့ ဩဇာခံ ဂျပန်ကြီးလွှတ်လွှတ်ပြီး
ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတာမျိုး Proxy War
ပိုပြင်းလာရုံပေါ့။
-
ရွေးကောက်ပွဲဖြစ်လာရင်တော့
ဒါတွေက ပြန်ငြိမ်သွားမှာပါ။
မဖြစ်ရင်တော့.....
-
-

 

Post a Comment

Previous Post Next Post