လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Views

 

လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ
ဖမ်းဆီးရမိ
*****************************************
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ မြဝတီမြို့၌
အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူများ၏
သတင်းပေးချက်အရ လက်နက်ခဲယမ်းများဖမ်းဆီး
ရမိခဲ့သည်။
-
သတင်းအရ လုံခြုံရေးအဖွဲ့များက မြဝတီမြို့ရှိ
နှင်းဧကရီတည်းခိုခန်းအား ရှောင်တခင်ဝင်ရောက်
စစ်ဆေးရာ ဝမ်ရှိတာ(ခ)စိုင်းလောင်ခမ်း(ခ)ဝတုတ်
မြဝတီမြို့နေ၊ ကျင်ချန်(ခ)ပီကျင်ချမ်း သိန္နီမြို့နေ၊
အောင်ကိုထွေး(ခ)ကိုစိုင်း မြဝတီမြို့နေ၊ နေထွန်းလှ
(ခ) အိုက်ရင် လားရှိုးမြို့နေသူ၊ ၄ ဉီးအား -
(၁) P365 ပစ္စတို ၂ လက် ။
(၂) P320 ပစ္စတို ၄ လက် ။
(၃) ZORAKI ပစ္စတို ၁၃ လက် ။
(၄) AK 47 ၁ လက် ။
စုစုပေါင်း ၂၀ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
တရားခံ ဝမ်ရှိတာ(ခ)စိုင်းလောင်ခမ်း(ခ)ဝတုတ် ၏
ထွက်ဆိုချက်အရ မြဝတီမြို့၊အမှတ် ၄ ရပ်ကွက်၊
အောင်ဓနလမ်းရှိ အဟုန် ဆိုသူ၏နေအိမ်အားဝင်
ရောက်ရှာဖွေရာ ကျန်းချင်ဟိန်း တာမိုးညဲမြို့နေ၊
ဟိန်းဆွေ(ခ)ကောင်းထုံ လားရိုးမြို့နေသူ၊ ၂ ဉီးအား -
(၁) BP-12 Gen 2 ၁၂ ဗို့ ၃ လက် ။
(၂) M4 ကာဘိုင် ၄ လက် ။
(၃) AK-47 သစ်သားဒင် ၅ လက် ။
(၄) AK-47 ခေါက်ဒင် ၄ လက် ။
(၅) P320 SP ၉ မမ ပစ္စတို ၁ လက် ။
(၆) STEYR M9-A1 ၉ မမ ပစ္စတို ၁ လက် ။
(၇) ၁၂ ဗို့ ကျည်အိမ် အရှည် ၄ ခု ။
(၈) ၁၂ ဗို့ ကျည်အိမ် အတို ၅ ခု ။
(၉) AK-47 ကျည်အိမ် ၈ ခု ။
(၁၀) M4 ကျည်အိမ် ၄ ခု ။
(၁၁) P 320 ကျည်အိမ် ၂ ခု ။
(၁၂) STEYR M9-A1 ၉ မမ ကျည်အိမ် ၂ ခု ။
(၁၃) M4 လက်ကိုင်ကွင်း ၆ ခု ။
(၁၄) 12V လက်ကိုင်အရှေ့ပိုင်း ၆ ခု ။
(၁၅) ပစ္စတို(Glock) အသံတိတ် ၃ ခု ။
(၁၆) ပြောင်းအစိတ်အပိုင်း ၄ ခု ။
(၁၇) ပွိုင့် ၃၅၇ ကျည် ၇၅၀ တောင့်။
(၁၈) ပွိုင့် ၃၈ ကျည် ၇၅၀ တောင့်။
(၁၉) ၉ မမကျည် ၇၀၀ တောင့်။
(၂၀) Methamphetamine(Ice) ၃ ကီလိုဂရမ်။
(၂၁) Ketamine(K) ၉၀၀ ဂရမ်။
စုစုပေါင်း သေနတ် ၁၈ လက်၊ ကျည်အိမ် ၂၅ ခု၊ ကျည်
ဆံ ၂၂၀၀ တောင့်၊ ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါး
များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
သေနတ်စုစုပေါင်း ၃၈ လက်။
-
ပြည်သူတွေ ကံကောင်းသွားပြန်တယ် ။




 

Post a Comment

Previous Post Next Post