လုံခြုံရေးကောင်စီ၏ ထူးမခြားနား ဆုံးဖြတ်ချက် ( သို့မဟုတ်) နစက ကို သွယ်ဝိုက်၍ အသိအမှတ်ပြုပေးခြင်း

Views

 

လုံခြုံရေးကောင်စီ၏ ထူးမခြားနား ဆုံးဖြတ်ချက် ( သို့မဟုတ်) နစက ကို သွယ်ဝိုက်၍ အသိအမှတ်ပြုပေးခြင်း
=========================================
မနေ့က (၂၁-၁၂-၂၀၂၂) အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်ခဲ့တယ်။
ဒါက မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ကုလသမဂ္ဂအဖွဲ့မှာ ပါဝင်ဖို့ချမှတ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၇၄ နှစ်က ဆုံးဖြတ်ချက်ပြီးရင် ဒုတိယမြောက်ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆိုရမယ်။
သို့ပေမယ့် ဆုံးဖြတ်ချက်ကတော့ ကြားနေကျ၊ မြင်တွေ့နေကျ ထူးမခြားနား အချက်တွေပါပဲ။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သွေးထွက်သံယိုမှု (violence) တွေရပ်တန့်ဖို့၊ ဒေါ်စုအပါအဝင် နိုင်ကျဉ်းတွေအားလုံး လွှတ်ပေးဖို့ ၊ အာဆီယံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ကိစ္စတွေပါပဲ။
ထူးခြားတာက ဒီ ဆုံးဖြတ်ချက်ဟာ ယခင့် ယခင်ကာလတွေက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက် (statement) တို့ တင်ပြချက် (report) တို့မှာ ပါဝင်တဲ့အချက်တွေဖြစ်တဲ့ မြန်မာနိုင်ငံကို ထိရောက်ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့၊ လက်နက်တင်သွင်းမှုတွေကို ပိတ်ပင်ဖို့ စတဲ့ အချက်တွေကိုတောင် ဟန်ပြထည့်သွင်းမထားနိုင်တာကိုတွေ့ရပါတယ်။
ဦးဆောင်ရေးသူကတော့ ဗြိတိန်ကုလသံအမတ် Barbara Woodward ဖြစ်ပါတယ်။ ဒီလို ဘာအဆိပ်အတောက်မှမရှိတဲ့ ဆုံးဖြတ်ချက်ကိုတောင် တရုတ်၊ ရုရှား နဲ့ အိန္ဒိယက မဲမပေးပါဘူး။ မင်းတို့ ကြိုက်တာလုပ် ငါတို့ သဘောမတူဘူးဆိုတာပါပဲ။
တရုတ်သံအမတ်ပြောတာက ဒီကိစ္စတွေ အကောင်အထည်ဖော်သည်ဖြစ်စေ/မဖြစ်စေ ဒါက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တယ်။ ရုရှားကပြောတာက မြန်မာကိစ္စက ကမ္ဘာ့လုံခြုံကို ဘယ်လိုမှ ခြိမ်းခြောက်မနေဘူး…တစ်စိတ်ကို တစ်အိတ်လုပ်ရမယ့် ကိစ္စမဟုတ်ဘူးပေါ့။ ဒါပါပဲ။
အဲ့ဒီ့တော့ ကိုယ်မြင်တာက ကုလသမဂ္ဂကမြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဟာ အဆီအနှစ်မရှိတဲ့ အကာသက်သက်ပါပဲ။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်တဲ့အတွက် မိမိတို့ ပြည်တွင်းနိုင်ငံရေးပေါ်မူတည်ပြီးသာ ရှေ့ဆက်မှာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခြင်းမဖော်ခြင်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး ပတ်ဝန်းကျင်ပေါ်မှာသာ မူတည်ပါတယ်။
ဒါပေမယ့် တစ်ခုထူးခြားတာက ကုလသမဂ္ဂနဲ့ အခြားအဖွဲ့အစည်းတွေက မြန်မာအစိုးရကို အသိအမှတ်မပြုဘူးသာ ဆိုနေကြတယ် မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် ဘာကြောင့် လက်ရှိအစိုးရကိုပဲ တိုင်တည်နေတာလဲ…စဉ်းစားကြည့်ဖို့ကောင်းပါတယ်။
အကြမ်းဖက်မှုတွေလုပ်နေတဲ့ NUG/PDF ကိုတော့ တစ်ချက်ကလေးမှ ထည့်မပြောဘူး။ အမှန်တော့ သူတို့အနေနဲ့ ထည့်ပြောစရာအဆင့်အတန်း ရှိမနေလို့ပါ။ သူတို့က အစိုးရမှမဟုတ်တာ.. သူတို့ဖာသာ အစိုးရလို့နာမည်တပ်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းမျှသာ ဖြစ်ပါတယ်။ အဲ့ဒီ့တော့ အစိုးရဖြစ်တဲ့သူကို မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေကို တာဝန်ယူခိုင်းတာပါပဲ။ တစ်နည်းအားဖြင့် သွယ်ဝိုက်ပြီး အသိအမှတ်ပြုပေးနေတာဖြစ်ပါတယ်။
အိမ်တစ်အိမ်မှာ ဖြစ်နေတဲ့ ပြဿနာကို မိဘကတာဝန်ယူဖြေရှင်းရမှာဖြစ်သလို သားသမီးမကောင်းရင် မိဘခေါင်းပါပဲ။ သူများကို လက်ညှိုးထိုးနေတာထက် ကိုယ်ရှင်းရမယ့် ကိစ္စတွေကို ပြတ်ပြတ်သားသား မြန်မြန်ရှင်းဖို့သာ လိုအပ်တာပါ။
ချုပ်ရရင်တော့
၁။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ဟာ အဆီအနှစ်မရှိပါဘူး။
၂။ တစ်နည်း လက်ရှိမြန်မာလက်ရှိအစိုးရကို သွယ်ဝိုက်ပြီး အသိအမှတ်ပြုပေးနေတာဖြစ်တယ်၊
၃။ NUG/PDF ရဲ့ အကြမ်းဖက်မှုကို ရှင်းရမှာက လက်ရှိအစိုးရအလုပ်ဖြစ်တယ်၊ ကုလသမဂ္ဂအလုပ်မဟုတ်ဘူး၊
၄။ ဘယ်သူတွေဘာပဲပြောနေပြောနေ ကိုယ့်လုပ်သင့်တာကို ကိုယ်လိုချင်တဲ့ အချိန်ကာလ (Timing) အတွင်းမှာ ဖြစ်အောင်လုပ်ဖို့သာ လိုအပ်ပါကြောင်း။
 




 

Post a Comment

Previous Post Next Post