အလွတ်သဘောဆွေးနွေးပွဲမှာ ဘာတွေပြောခဲ့ကြသလဲ?

Views

 အလွတ်သဘောဆွေးနွေးပွဲမှာ ဘာတွေ

ပြောခဲ့ကြသလဲ? 👇

-

ထိုင်းနိုင်ငံရဲ့ဖိတ်ကြားချက်အရ Dec 22 ရက်

နေ့မှာ 

(၁) နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်

(၂) စီးပွားရေးဝန်ကြီး ဒေါက်တာကံဇော်

(၃) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး 

ဦးကိုကိုလှိုင် တို့တက်ရောက်ခဲ့ပါတယ် ..

-

ဘာတွေဆွေးနွေးခဲ့လဲဆိုတော့

ပထမ အချက်အနေနဲ့

အာဆီယံ၏ တူညီဆန္ဒ(၅)ချက်ကို အကောင် 

အထည်ဖော်ဆောင်ရွက်နေမှုရှင်းပြခဲ့ပါတယ်.. 

-

ဒုတိယအချက်ကတော့

CRPH, NUG, PDF တို့ရဲ့ အကြမ်းဖက်လုပ်ရပ်

တွေကို မှတ်တမ်းတွေနဲ့ အသေးစိတ်ချပြခဲ့ပါ

တယ်.. 

-

ဒုတိယအချက်ထဲမှာ CRPH NUG PDF တို့၏


(၁) အစိုးရပိုင်၊ ပြည်သူပိုင်၊ ပညာရေး၊ ကျန်းမာ 

ရေး၊ ဘာသာရေး၊ စက်ရုံ၊ ဈေး၊ ဘဏ်၊ လမ်း/

တံတား၊ တာဝါတိုင် စတဲ့အဆောက်အဦများအား 

 - ဗုံးခွဲတိုက်ခိုက်မှု (၈၂၅၉) ကြိမ်

 - မီးရှို့ဖျက်ဆီးမှု (၁၁၈၉) ကြိမ်...


(၂) အကြမ်းဖက်လုပ်ကြံခံရမှုကြောင့် ရဟန်း၊ 

သီလရှင်၊ ဝန်ထမ်း၊ အခြားပါတီဝင်နှင့် အရပ်သား

ပြည်သူ စုစုပေါင်း (၅၀၈၈)ဦး အသက်ဆုံးရှုံးခဲ့ရမှု

တို့ကို အသေးစိတ် ဓာတ်ပုံမှတ်တမ်းများနဲ့တကွ 

နိုင်ငံတကာကို တရားဝင်ချပြ နိုင်ခဲ့ပါတယ်။

ဆွေးနွေးပွဲကို ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ် 

ကိုယ်စားလှယ်အဖွဲ့များလည်း တက်ရောက်ခဲ့ပြီး 

ထိုင်းနိုင်ငံအပါအဝင် တက်ရောက်လာတဲ့ နိုင်ငံများ

က အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ကန့်ကွက်

ကြောင်း၊ အကြမ်းဖက်မှုများကို မိမိတို့အနေနဲ့ အား

မပေးကြောင်း၊ အခြားမည်သည့်လူ့အဖွဲ့အစည်းမှ

လည်း လက်ခံမည်မဟုတ်ကြောင်းပြောဆိုဆွေးနွေး

နိုင်ခဲ့ပါတယ်။

-

အကျိုးရလဒ်ကတော့

အခုလို တရားဝင်ချပြရှင်းလင်းနိုင်ခဲ့တဲ့အတွက် 

အနောက်အုပ်စုအချို့နဲ့ အကြမ်းဖက်အားပေးနိုင်ငံ

အချို့က နစကရဲ့ တရားဝင်ပြောဆိုချက်/ထုတ်ပြန်

ချက်တွေကို “မကြားချင်သည်ဖြစ်စေ .. မကြားချင်

ယောင်ဆောင်သည်ဖြစ်စေ” လုံးဝနေလို့မရတော့ဘဲ 

ကမ္ဘာသိ တရားဝင်ချပြလိုက်တာ ဖြစ်ပါကြောင်း။










Post a Comment

Previous Post Next Post