ပိုနေမြဲ ကျားနေမြဲ

Views

 ပိုနေမြဲ ကျားနေမြဲ

ပျော်စရာမလို
စိုးရိမ်စရာမလို။
.
တ နေ့က မိတ်ဆွေတစ်ယောက်ကမေးလို့ပါ။
.
ကု*လ*သမဂ္ဂလုံခြုံရေး ကောင်စီဟာ
မြန်မာရဲ့ပြည်တွင်းရေး ကိစ္စ တွေကို လာပြီး (resolution) ဆုံးဖြတ်ချက်ချ တာကို
ကု*လ* နားမလည်တဲ့
ပြည်ဖျက်လိုသူတွေ က ပျော်နေကြတယ်။
.
သမိုင်းနဲ့ geopolitics ကို
ပြန်ကြည့်ဖို့ အကြံပြုပရစေ။
.
အစ္စရေး နိုင်ငံ ပေါ်လာ ကတည်းက သူ့ကိုဆန့်ကျင်ရှုတ်ချတဲ့ လုံခြုံရေး ကောင်စီ resolution တွေလုပ်ခဲ့တာ ရာချီနေ ပြီ။
မနှစ်ကပဲ resolution (၁၄) ခု ။
ဒီနှစ် (၁၅) ခု။
.
ဘာထူးသွားသလည်း ။
အစ္စရေး က ဂရုမစိုက်၊ ဘာမှဖြစ်မလာဘူး။
.
ဒီတော့ မြန်မာပြည်ကို စီးရီးယား လို... အီရတ်လို ...ပျက်စီးသွားစေချင်တဲ့သူတွေ ပျော် နေလို့ အပိုဘဲ။
UN က ဝင်မလာနိုင်ဘူး။
ဘယ်သူ့ကို မှ လာကယ်မှာမဟုတ်ဖူး။
.
တဖက်က တိုင်းချစ်ပြည်ချစ် မျိုးချစ် များကိုလည်း UN resolution မို့လို့ဆိုပြီး မစိုးရိမ်ကြ ပါနဲ့ လို့ ပြောလိုပါတယ်။
.
UN ကို ကောင်းကောင်း နှောကျေသူ တစ်ယောက် အနေနဲ့ ပြော တာပါ။
.
ဒေါက်တာရင်ရင်နွယ်
 

 

Post a Comment

Previous Post Next Post