ခွေးဟောင်တိုင်း ထကြည့်ဖို့မလို

Views

 

ဒီဇင်ဘာလ ၂၁ ရက်နေ့ UN ရဲ့ ဆုံးဖြတ်ချက်
ဆိုပြီး မြန်မာပြည်ကို နှစ် ၁၀၀ ကျွန်ပြုအုပ်ချုပ်
ခဲ့တဲ့ ဗြိတိန်နိုင်ငံရဲ့ သဘောထား တင်သွင်းမှုကို
UN က အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
-
အကြောင်းအရာတွေကတော့ လာဘ်ပေးလာဘ်
ယူမှုတွေနဲ့ ထောင်ကျနေသော ဒေါ်ASSKနဲ့
ပြည်သူလူထုအတွင်း အကြမ်းဖက်မှုတွေကို
ကျူးလွန်ထားတဲ့ အကြမ်းဖက်သမားတွေကို
ပြန်လွှတ်ပေးရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။
-
UN ရဲ့ အဆိုပါ မဲခွဲဆုံးဖြတ်ချက်ဟာ
အာဆီယံရဲ့ မြန်မာ့အရေးဖြေရှင်းဆောင်ရွက်မှု
အပေါ်မှာ အခြေခံတယ်ဆိုသော်ငြားလည်း
မြန်မာနိုင်ငံရဲ့ အိမ်နီးခြင်းနိုင်ငံကြီးများဖြစ်တဲ့
တရုတ် ၊အိန္ဒိယ ကတော့ မပါဝင်ခဲ့ပါဘူး။
-
အလားတူ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့
ရုရှားနိုင်ငံဟာလည်း လုံးဝ မပါဝင်ခဲ့ပါဘူး။
-
မြန်မာပြည်ကို အနှစ် ၁၀၀ ကျွန်ပြုအုပ်ချုပ်ခဲ့တဲ့
နိုင်ငံက တင်သွင်းသောအဆိုဖြစ်တဲ့ အတွက်
အနောက်အုပ်စု နိုင်ငံတွေကတော့ ထုံးစံအတိုင်း
ဝိုင်းဝန်းထောက်ခံခဲ့ကြပါတယ်။
-
လက်ရှိအခြေအနေရ ပြည်သူလူထု အပေါ်
အကြမ်းဖက်မှုများ ကျူးလွန်ထားသော
အကြမ်းဖက်သမားများကို ရာဇဝတ်မှုများအရသာ
အရေးယူထားခြင်းဖြစ်ပြီးနိုင်ငံရေးလုပ်လို့ အရေးယူ
ထားသောအမှု မြန်မာပြည်မှာမရှိဘူးဆိုတာ un က
မသိတာလား မျက်ကွယ်ပြုထား တာလားတော့
မသိပါဘူး။
-
လက်ရှိပြည်တွင်းမှာ ဖြစ်ပျက်နေသော အခြေအနေနဲ့
UN ရဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝ ကွဲလွဲနေတာကို
တော့ တွေ့ရပါတယ်။
-
မြန်မာ့အရေးသည် မြန်မာတို့၏ အရေးသာဖြစ်ပြီး
မြန်မာပြည်ကို နှစ်၁၀၀ခန့် ကျွန်ပြုအုပ်ချုပ်ခဲ့သော
ခေတ်သစ်ကိုလိုနီ ဗြိတိသျှ အဂ်လိပ်တို့အနေဖြင့်
စွက်ဖက်ခွင့်မရှိပါ။
-
ပြည်တွင်းမှာ ကျူးလွန်ထားသော အကြမ်းဖက်
သမားတွေကို UN က ထောက်ခံနေပြီး
မြန်မာပြည်သူတွေ အကြမ်းဖက်ခံရအောင်
UN က တွန်းပို့နေသလို ဖြစ်နေတဲ့အတွက် မြန်မာ
ပြည်သူတစ်ယောက်အနေနဲ့ ဗြိတိန်က တင်သွင်းသော
အဆိုပါ အဆိုကို လက်ခံစရာတော့ အကြောင်းမရှိ
ဘူးလို့ မြင်ပါတယ်။ 
 

 

Post a Comment

Previous Post Next Post