လှပသော နေ့တစ်နေ့
******************
ဒီနေ့ ၂၉-၁၂-၂၀၂၂ ရက်နေ့မှာ သူနာပြုနှင့်
ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂၀)၊
အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့
သင်တန်း အမှတ်စဉ်(၇) တို့အား မွေးထုတ်ပေးခဲ့
ပါပြီ။
-
သင်တန်းဆင်းပွဲကို တပ်မတော်ကာကွယ်ရေးဦးစီး
ချုပ်(ကိုယ်စား) ဒုတိယတပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။
-
မိန့်ခွန်းထဲမှာ သတိထားမိတဲ့ အချက်တွေကတော့
* သူနာပြုတွေဟာ ကရုဏာတရားကြီးမားပြီး ကြင်
နာတတ်သူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သူ၊ စေတ
နာထက်သန်သူ၊ စိတ်ထားမွန်မြတ်သူ၊ အပင်ပန်း
အဆင်းရဲခံနိုင်သူ၊ ကိုယ်ကျင့်သိက္ခာကောင်းမွန်သူ
စတဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံသူတွေဖြစ်။
* သူနာပြုကောင်းတစ်ဦးဖြစ်စေဖို့ “ဝါသနာ၊
စေတ နာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ” ဆိုတဲ့
နာ ၅ နာ ပြည့်စုံဖို့လိုအပ်။
* တပ်မတော်မိသားစုဝင်များကိုသာမက ပြည်သူ
တစ်ရပ်လုံးကို ကျန်းမာရေးစောင့်ရှောက်ပေးရာမှာ
သူနာပြုများ၏ အဓိဌာန်ပြု ကတိသစ္စာ ၉ ချက်နဲ့
အညီ စောင့်ထိန်းလိုက်နာကြ။
* နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုများကို ဆင်ခြင်
သုံးသပ်ပြီး တပ်တွင်း/ တပ်ပြင် စည်းလုံးညီညွတ်
ရေးကို မြဲမြံခိုင်မာအောင် တည်ဆောက်ကြ။
* စိန်ရတုဆေးတပ်ဖွဲ့နေ့တိုင် တာဝန်ထမ်းဆောင်ခဲ့
ကြတဲ့ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များရဲ့ ကောင်းမြတ်
တဲ့ သမိုင်းအစဉ်အလာတွေကို ဆက်လက်ထိန်း
သိမ်းကြ။
======
ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် နိုင်ငံတော်
အကြီးအကဲက စစ်သူနာပြုတွေကို တပ်မတော်
မိသားစုဝင်များသာမက ပြည်သူလူထုတစ်ရပ်လုံး
ကို စောင့်ရှောက်ဖို့ ပြုစုပျိုးထောင်မွေးထုတ်နေ
တယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။
-
ပြည်သူတွေကလည်း
ဝမ်းမြောက်ဂုဏ်ယူနေကြပါလိမ့်မယ်။။။ 💞💞💞