တရားခံဘယ်သူလဲ

Views

နမ့်ဆန် ကုန်းသာတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ​
သိရသလောက်ပြောရမယ်ဆိုရင် ..
TNLA အဖွဲ့မှာ ခေါင်းဆောင်ပိုင်းအချို့က
အောက်ခြေပိုင်းတွေကို လူရာမသွင်းဘူးလို့ပဲ
စပြောရမယ်...
-
TNLA လှုပ်ရှားနေတဲ့နယ်မြေအတွင်းမှာ
ဒီလောက်များတဲ့လက်နက်တွေ ဘယ်လိုရောက်
လာသလဲဆိုတာ သိပ်ပြီး
စဥ်းစားစရာမလိုဘူး...
-
ငွေအတွက်လုပ်ကြတာ
-
TNLAခေါင်းဆောင်ပိုင်းတွေက အကြမ်းဖက်အဖွဲ့
အစည်းတွေနဲ့ချိတ်ဆက်ပြီး သူ့လှုပ်ရှားနေတဲ့
နယ်မြေကနေ ဒီလက်နက် ခဲယမ်းတွေကို ဖြတ်
သန်းခိုင်းတယ်...
-
ဘာမှမလုပ်ရဘဲ ငွေမြိုးမြိုးမြက်မြက်ရတာလေ...
-
ဒီလက်နက်တွေ ခဲယမ်းတွေကို သူ့နယ်မြေထဲက
လျှို့၀ှက်ဖြတ်သန်းပြီး အခြားတစ်နေရာကိုပို့ဖို့
ပြင်ဆင်ချိန်မှာ တပ်မတော်စစ်ကြောင်းတွေက
လေယာဉ်တွေနဲ့ drop ချပြီး ၀င်တိုက်တယ် ...
-
လက်နက်မျိုးစုံ ရာချီ တပ်မတော်စစ်ကြောင်းက
သိမ်းဆည်းရမိလိုက်ပြီး TNLA ငယ်သား အဖွဲ့ဝင်
၂၀၀ နီးပါးလည်း ကျဆုံးခဲ့တယ် ...
-
ဆိုတော့ ဒီလောက်များပြားတဲ့လက်နက်တွေကို
လျှို့ဝှက်ပြီး သယ်ဆောင်တာကို တပ်မတော်က
သတင်းအတိအကျဘယ်လိုရသွားသလဲ?
-
ဒီလိုကိစ္စဆိုတာ အတွင်းသတင်းပေးမရှိဘဲနဲ့
ဖြစ်သွားစရာအကြောင်းမရှိဘူး. . .
-
သတင်းပေးရှိလို့ကို အတိအကျသိပြီး
တပ်မတော်စစ်ကြောင်းတွေက လေယာဉ်တွေနဲ့
Dropချပြီး ဝင်ဗြင်းတာ ...
-
ဒါကတစ်ပိုင်းပေါ့
-
နောက်တစ်ပိုင်းက
-
TNLA ခေါင်းဆောင်ပိုင်းတွေဟာ လက်နက်ခဲယမ်း
ဖြတ်သန်းမှုနဲ့ပတ်သက်ပြီး ငွေတွေမြိုးမြိုးမြက်
မြက်ရလိုက်ပေမယ့် အောက်ခြေအဖွဲ့ဝင် TNLA
တွေဟာ သူတို့ကို ခိုင်းတာပဲလုပ်နေရပြီး ဘာ
ကြောင့် လုပ်ပေးရသလဲဆိုတာမသိဘူး...
-
တပ်မတော်က ၀င်တိုက်ချိန်မှာလည်း ဖွဲ့စည်းပုံ
တွေပျက်ပြီး​သေကြတာကလည်း TNLA
အောက်ခြေငယ်သားတွေပဲ...
-
ဒီလိုအတိုက်ခံရချိန်မှာလည်း TNLA ခေါင်းဆောင်
ပိုင်းက ထိရောက်တဲ့စစ်ကူမပေးဘဲ မှိန်းနေတဲ့
အတွက် TNLA အဖွဲ့တွေ ရာချီကျဆုံးခဲ့တယ်. . .
-
TNLAခေါင်းဆောင်ပိုင်းကလည်း ဘာကြောင့်
စစ်ကူမပေးလဲဆိုတော့ သူတို့လျှို့၀ှက်ပြီးလုပ်
နေတာကို အောက်ခြေကကောင်တွေက
တပ်မတော်ကို သတင်းပေးလိုက်တဲ့အတွက်
ယခုလိုဖြစ်တာဆိုပြီး စစ်ကူမလွှတ်ဘဲထားလိုက်
တာလို့သိရတယ်...
-
ဒီလိုလုပ်တာဟာ TNLA ငယ်သားတွေအပေါ်မှာ
ခေါင်းဆောင်ပိုင်းအချို့က သစ္စာဖောက်လိုက်
တာပဲ...
-
နောက်ဆုံးတော့
TNLAခေါင်းဆောင်းပိုင်းဟာ အကြမ်းဖက်သမား
တွေနဲ့ပေါင်းတယ် ရသမျှငွေတွေကို ပိုက်ပြီး
အောက်ခြေအဖွဲ့တွေကို ထိုးကျွေးလိုက်တယ်...
-
အောက်ခြေကအဖွဲ့တွေ သတင်းပေးလို့ ဝင်တိုက်
ခံရတာလို့ ပြောနေပေမယ့် ဒီသတင်းကိုပေးတဲ့
သူက TNLA ခေါင်းဆောင်ပိုင်းကောမဖြစ်နိုင်ဘူး
လား...?
-
တချို့ဖြစ်စဉ်တွေက ပြောသလောက်မရိုးရှင်းဘူး
ကိုရွှေပလောင်တို့ရေ ကျုပ်ပြောတဲ့ဟာတွေ
ဟုတ်/မဟုတ်ဆိုတာ ဦးနှောက်လေးနဲ့ပြန်စဉ်းစားကြည့်ပါ။
 


 

Post a Comment

Previous Post Next Post