လေတပ် စိန်ရတုနေ့က လက်ရှိ လေတပ်ဦးစီးချုပ် ကိတ်မုန့်ကျွေးနေတဲ့သူက ဘယ်သူလဲ

Views
လေတပ် စိန်ရတုနေ့က
လက်ရှိ လေတပ်ဦးစီးချုပ်
ကိတ်မုန့်ကျွေးနေတဲ့သူက ဘယ်သူလဲ???
-
၆ ဆက်မြောက် လေချုပ်
ဒါမဟုတ် လေတပ်သားဘဝကနေ လေတပ်ရဲ့
အမြင့်ဆုံးရာထူးဖြစ်တဲ့ လေတပ်ဦးစီးချုပ်
ဖြစ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
-
ရခိုင်လူမျိုးထဲက ရှားရှားပါးပါး
လေတပ်ရဲ့ ဦးစီးချုပ်ဖြစ်ခဲ့တဲ့အပြင်
သူရဘွဲ့ပါ ရရှိခဲ့တဲ့ လေတပ်က ဦးစီးချုပ်
ဗိုလ်ချုပ် သူရစောဖြူပါ။
-
ဗိုလ်ချုပ် သူရစောဖြူဟာ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ဝါးတောင်ကျေးရွာ
ဇာတိပြီး ၁၉၄၈ ခုနှစ်မှာ လေတပ်မှာ တပ်သား
အဆင့်ကနေ ဝင်ရောက်အမှုထမ်းခဲ့ပြီး
အမှတ်စဉ်(၁) လေယာဉ်မောင်းသင်တန်းကို
တက်ရောက်ခဲ့ပါတယ်။
-
ပြည်တွင်းစစ်ရောင်စုံသူပုန်သောင်းကျန်းမှုမှာ
လေကြောင်းကနေ ပစ်ကူပေးတဲ့ တာဝန်တွေကို
စွမ်းစွမ်းတမံပါဝင်ထမ်းဆောင်ခဲ့ပြီး ဇီးကုန်းဒေသမှာ
အော်စတာလေယာဉ်နဲ့ တိုက်ပွဲနေစဉ် ထိခိုက်ဒဏ်ရာ
ရရှိခဲ့ပါတယ်။
-
အဲ့ဒီကနေ တပတ်ကြာတော့ ဒဏ်ရာတွေ
ပျောက်ကင်းလို့ စစ်ဆင်ရေးတာဝန်တွေကို
ပြန်လည် ထမ်းဆောင်ခဲ့ပြီး ၁၉၅၁ ခုနှစ်မှာ
သူရဘွဲ့တံဆိပ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
-
ဒါ့အပြင် တရုတ်ဖြူ ခေါ် ကူမင်တန်တွေကို
ပထမဆုံးစစ်ဆင်တဲ့ နဂါးနိုင်စစ်ဆင်ရေးမှာလည်း
ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
-
တပ်မတော်(လေ)ရဲ့ ပထမဆုံးလေယာဉ်အုပ်ဖြစ်တဲ့
* အမှတ်(၁) အုပ် ပထမဆုံး အုပ်မှူး၊
* မှော်ဘီလေတပ်စခန်းမှူး၊
* စစ်ဦးစီးမှူး(ဒုတိယတန်း)၊
* အမှတ်(၅၀၃)လေတပ်စခန်း စခန်းမှူး၊
* စစ်ဦးစီး ဗိုလ်မှူးကြီး(လေ) တာဝန်တွေကို
အဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီး ၁၉၇၄ ခုနှစ် မတ်လ ၈ ရက်
နေ့မှာ ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် ခန့်အပ်
ခြင်းခံခဲ့ရပါတယ်။
-
ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် ၁၉၈၀ အထိ
၆ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ
ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးအဖြစ်ပြောင်းလဲ
ခန့်အပ်ခြင်းကို ခံခဲ့ရသည်။
-
ယခုအချိန်ထိ ကျန်းမာစွာနေထိုင်ဆဲဖြစ်ပါတယ်။
Crd.YMM

 




Post a Comment

Previous Post Next Post