Good Bye Asean !!!

Views




ဒီကနေ့ကတော့
Asean ရဲ့ ကျဆုံးခြင်း နိဂုံးအစလို့ပြောလို့ရမယ်။
-
အရှေ့တီမောကို အဖွဲ့ဝင်အဖြစ် လက်ခံမယ်လို့
ဆုံးဖြတ်တာဟာ အလွန်မိုက်မဲပြီး အမျှော်အမြင်
ကင်းမဲ့တဲ့ ခြေလှမ်းပါပဲ။
-
တီမောဆိုတာ အင်ဒိုနီးရှားဆိုတဲ့ အဖွဲ့ဝင်နိုင်ငံ
တစ်ခုကနေ ခွဲထွက်သွားတဲ့ နယ်မြေဖြစ်တယ်။
အခုလို လက်ခံလိုက်မယ်ဆိုရင် ကျန်အဖွဲ့ဝင်နိုင်ငံ
တွေကနေ ခွဲထွက်ချင်နေတဲ့ နယ်မြေတွေကို
လူပါးဝခွင့်ရသွားအောင် အားပေးအားမြှောက်ပြုရာ
ကျသွားပါမယ်။
-
Asean ၁၀ နိုင်ငံထဲမှာ
ထိုင်းတောင်ပိုင်းနှင့် ဖိလစ်ပိုင် သူပုန်နယ်အချို့
ခွဲထွက်ဖို့ ချောင်းနေတာမို့ ဘာပြောပြောသူတို့
အတွက် အားတက်စရာဖြစ်မှာတော့ ငြင်းလို့မရဘူး။
-
မြန်မာမှတော်သေးတယ်၊ အရင်က ခွဲထွက်ချင်လို့
သူပုန်ထတဲ့ဟာတွေ နယ်စွန်နယ်ဖျားရောက်အောင်
တိုက်ပစ်လိုက်တော့ ခွဲထွက်မယ့်အသံ သိပ်မပြော
တော့ဘဲ ကိုယ်ပိုင်ပြဌာန်းခွင့် ဘာညာလောက်
အသံရှူးသွားပြီ။
-
အဲ့တော့ ကံကောင်းတာက ဒီလိုခွဲထွက်အားပေး၊
သူပုန်ကြက်ဥကျွေးဝါဒလုပ်ပြနေတဲ့ နွားခြေရာခွက်
အဖွဲ့ Asean ထဲကနေ မြန်မြန်ထွက်ပစ်တာကောင်း
တယ်။
-
၁၉၆၇ ဩဂုတ်မှာ Asean စဖွဲ့ကတည်းက
မြန်မာကို လာပါ လာပါ ခေါ်ခဲ့တာ မြန်မာက
အဖက်ကိုမလုပ်ဘဲ ပစ်ထားတဲ့အဖွဲ့(သိက္ခာမရှိတဲ့အဖွဲ့)ကို
ဝင်ခဲ့တဲ့အမှားကို ဒီနေ့ပြင်ပြီး ထွက်သင့်တယ်။
အဖွဲ့ထဲပါနေရင် ပါးလျက်နားလျက် ဆရာလုပ်
စော်ကားခံနေရဦးမှာ၊
-
အဖွဲ့ထဲကထွက်ပြီး အချိုးမပြေတဲ့နိုင်ငံကဟာတွေ
ဗီဇာမလျှောက်ဘဲလာလို့မရအောင် လုပ်ပစ်မှမှတ်မှာ။
သဘောမှန်တဲ့နိုင်ငံဆိုရင် တစ်နိုင်ငံချင်း ကောင်း
ကောင်းဆက်ဆံမယ်၊ အဖွဲ့နဲ့ မိုက်ကြေးလာမခွဲနဲ့၊
မင်းတို့မကျေနပ်ရင် နွားရူးကြီး(NUG)ကို ခေါ်ဖြည့်လိုက်။
-
ဒါမှလည်း နွားရူးကြီးဆိုတာ
အစည်းဝေးလာတက်လို့ Hotel ဖိုးနဲ့ မြိုတာဆို့တာ
အကုန်ခံရတာပဲ အဖတ်တင်လို့ ဘာအဖြစ်မှမရှိတာ
ပေါ်သွားပြီး အရှက်ထပ်ကွဲမှာ ။။။
Crd. အေးနေဝင်း
See insights
Like
Comment
Share

Post a Comment

Previous Post Next Post