ဓားစာခံအမျိုးသမီးအား တပ်မတော်က စစ်နည်းဗျူဟာမြောက်မိနစ်(၄၀)အတွင်းကယ်ဆယ်

Views



ဒီနေ့မနက် ၆ နာရီခွဲခန့်မှာ ပခုက္ကူမြို့၊ (၁)ရပ်ကွက်၊ “အောင်ဆင်မင်း”ကုန်စုံဆိုင်က မဟန်နွေဦး သည် နေအိမ်ရှေ့ ဆွမ်းလောင်းနေစဉ် အကြမ်းဖက် PDF (၃)ဦးမှ ဆိုင်ကယ်(၂)စီးဖြင့် ရောက်လာပြီး သေနတ်ထောက်ကာ နေအိမ်အတွင်းရှိ ဆွဲကြိုး(၁)ကုန်း၊ နားကပ် (၁)ရံ၊ ဖုန်း (၈)လုံးတို့နှင့်အတူ ဖမ်းဆီးယူဆောင်သွားခဲ့ကြောင်း။



မဟန်နွေဦးမှာ တပ်မတော်သားတစ်ဦး၏ ဇနီးဖြစ်ပြီး ပခုက္ကူမြို့အား လုံခြုံရေးအဖွဲ့ဝင်များ ပိတ်ဆို့ရှာဖွေနေစဉ် နေ့လည် (၂)နာရီခန့်မှာ ပြည်သူတစ်ဦး၏ သတင်းပေးမှုအရ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောင်ရွာဆည်(ရှင်းလင်းဆောင်)ထဲမှာ ဖမ်းဆီးထားကြောင်းသိရှိရ။


ထို့နောက် တပ်မတော်က စစ်နည်းဗျူဟာမြောက်စီမံချက်ရေးဆွဲကာ ဓားစာခံအမျိုးသမီး ဖမ်းဆီးခံထားရတဲ့နေရာကို စီးနင်းရှာဖွေကယ်ဆယ်ခဲ့။ တောင်ရွာဆည်(ရှင်းလင်းဆောင်)အနီး ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး PDF များ ဆုတ်ခွာသွားခဲ့သဖြင့် မိမိဘက်က ထိခိုက်မှုမရှိဘဲ ဓားစာခံအမျိုးသမီးအား မိနစ်(၄၀)အတွင်း ကယ်တင်နိုင်ခဲ့။
-
အကြမ်းဖက် PDF များရဲ့လုပ်ရပ်များဟာ စစ်ရေးပစ်မှတ်မဟုတ်သူများကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ နိုင်ငံတော်ပိုင်ဆည်နှင့် အဆောက်အဦအား အကာအကွယ်ရယူတိုက်ခိုက်ခြင်းမှာ ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့ကို ချိုးဖောက်တဲ့ လုပ်ရပ်(War Crimes) ဖြစ်တဲ့အတွက် ထိရောက်စွာချေမှုန်းနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်။
-
ကဲ .. အဲဒါသတင်းအမှန်ပဲ ။။။
ဘာသိချင်သေးလဲ?

Post a Comment

Previous Post Next Post