လမ်းကြောင်း(၃)ကြောင်း

Views



နို၀င်ဘာ ၁၁ရက်နေ့ မနက်ပိုင်းမှာ

KNU ရင်း ‌၁၆ နဲ့ နဂါးနီစစ်ကြောင်းက
မုဒုံ-ကြာအင်းဆိပ်ကြီးလမ်းပေါ်မှာရှိတဲ့
ချောင်းနှစ်ခွတံတားနားက ရဲစခန်းကို
၀င်တိုက်သွားတာ ရဲတပ်ဖွဲ့၀င် ၃ ဦးကျပြီး၊
ဦးအဖမ်းခံရတယ်။
-
ပြောချင်တာက
ချောင်းနှစ်ခွရဲစခန်း ချောင်းနှစ်ခွရွာထဲမှာ
ရှိတာပါ။ ၀င်ပြီးလာတိုက်တဲ့သူတွေကလည်း
ယူနီဖောင်းတွေနဲ့ပဲ အရပ်၀တ်နဲ့တောင်မဟုတ်ဘူး။
-
ချောင်းနှစ်ခွရွာဆိုတာကလည်း
ဟိုးအရင် တံတားမပြီးခင် ချောင်းကို ဇက်နဲ့
ကူးနေရတဲ့အချိန်တည်းက ရဲစခန်းနဲ့ရင်းနှီးပြီး
သားပါ။
-
ချောင်းနှစ်ခွကို လာမယ်ဆိုရင် လမ်းက
၃ လမ်းပဲ ရှိတယ်-
(၁) ကြာအင်းဆိပ်ကြီးကနေလာတဲ့လမ်း
(၂) မုဒုံဖက်ကနေ တံတားကူးပြီးလာတဲ့လမ်း
(၃) BGF-၁၀၁၂ ရှိတဲ့ ထီးဟူးသံဖက်နေလာတဲ့လမ်း
တွေပဲရှိတယ်။
-
ခုတိုက်ပြီး ပြေးသွားတဲ့ ပုံကို ကြည့်ရတာ
KNU နဲ့ PDF တွေက 4 wheel ကားတွေနဲ့
လာပြီး သူတို့ရဲ့ ရွာတွေထဲကို ၀င်ခိုနေပုံရတယ်။
-
သူတို့ရဲ့ အမာခံရွာတွေက လမ်းပေါ်တင်ရှိတယ်။
ရွာတွေမှာ PDF တွေနဲ့ KNU တွေ ခိုနေနိုင်ပါတယ်။
အဲ့ဖက်က လူစိမ်းတွေဆိုရင် ရွာတွေက သိပါတယ်။
တောနင်းပြီးရှာစရာမလိုပါဘူး။
ရွာတွေထဲမှာပဲ ရှိပါတယ်။

Post a Comment

Previous Post Next Post